နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာကာ နေရာ အတွက် မူအာနီနဲ့ ရေတို အစားထိုးဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အသင်းရဲ့ အရေးပါတဲ့ တောင်ပံ ကစားသမား ဘူကာယို ဆာကာ ကို တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ်ပေါင်း များစွာ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဘူကာယို ဆာကာ ကတော့ ခရစ္စတယ်ပဲ့လေ့စ်ကို ၅-၁ ရလဒ်နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ဆာကာက ရက်သတ္တပတ် များစွာ အနားယူရမယ်လို့ နည်းပြ မီခဲလ် အာတေးတားက အတည်ပြုထားပါတယ်။ အာဆင်နယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေ အရ ဆိုရင်တော့ ဆာကာ အနေနဲ့ ၂ လကျော်ကြာ အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီအတိုင်း ဆိုရင်တော့ ဆာကာဟာ လာမယ့် မတ်လလောက်မှ ပြန်လည် ကစားနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အိုဆင်မ်ဟန်ကို လိုချင်နေတာကြောင့် ပီအက်စ်ဂျီတို့ ဘယ်လိုပုံစံနဲ့ ကြိုးပမ်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဆာကာကို ရက်သတ္တပတ် များစွာ ဆုံးရှုံးရမယ့် အာဆင်နယ်

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဆာကာရဲ့ နေရာမှာ ရေတို အစားထိုးဖို့ အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ The Standard ရဲ့ ဖော်ပြချက် အရ အာဆင်နယ်ဟာ ဆာကာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုလို မူအာနီကို ပစ်မှတ်ထားနေပြီး လာမယ့် ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီ ကတော့ ဖရန့်ဖတ် မှာတုန်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် မူအာနီက နည်းပြ လူးဝစ္စ အန်နရီကေးနဲ့ အဆင်မပြေ ဖြစ်နေတာကြောင့် အသင်း ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာ ပြင်သစ် ထိပ်သီး တို့က ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိပြီး မူအာနီကို အရင်ဆုံး ရှင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျိ အနေနဲ့ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အတွက် ကစားသမား အပြင် မိခင် ကလပ် ဖြစ်တဲ့ နာပိုလီ၊ အငှား သွားကစားနေတဲ့ ဂါလာတာဆာရေး တိုနဲ့လည်း ဆွေးနွေးရမှာ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ကတော့ ခက်ခဲဖို့ ရှိနေတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အိုဆင်မ်ဟန်ကို လိုချင်နေတာကြောင့် ပီအက်စ်ဂျီတို့ ဘယ်လိုပုံစံနဲ့ ကြိုးပမ်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မူအာနီ ကတော့ အထောင်တိုက်စစ်နေရာမှာ အဓိက ကစားပေမယ့်လည်း ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ ဘယ်တောင်ပံ ခံစစ်နေရာတွေမှာ ကစားနိုင်တာကြောင့် Verstile Player တွေ သဘောကျတဲ့ အာတေးတား အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း အာတေးတား အနေနဲ့ ဘယ်ကစားသမားကို ဘယ်နေရာမှာ ထားကစားရမယ် ဆိုတာတော့ ပြန်လည် စဉ်းစားဖို့ လိုအပ်ပြီး မူအာနီကို အမှန်တကယ်ပဲ အရ ခေါ်ယူသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်