နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီဒါဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အတ္တလန္တာက ဘရာဇီးလ် ကွင်းလယ်လူ အီဒါဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ ဂျာမန် ကွင်းလယ် ကစားသမား တိုနီ ခရူးစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ကစားသမား တစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေ အရ ဆိုရင် ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ လာလီဂါ ပြိုင်ဘက် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို အရင်ဆုံး ပစ်မှတ်ထား ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတင် ဇူဘီမန်ဒီကို ခေါ်ယူချင်တဲ့ အသင်း အများအပြား ရှိနေသလို ကစားသမား ကလည်း ဆိုစီဒက် ကနေ ထွက်ခွာဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က အခြားသော ကွင်းလယ် ကစားသမားတွေကို ပစ်မှတ်ထားလာခဲ့ပြီးတော့ အခု နောက်ဆုံး မှာတော့ အတ္တလန္တာမှာ ခြေစွမ်းပြနေတဲ့ အီဒါဆန်ကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး တို့ရဲ့ နံပါတ် တစ် ပစ်မှတ်က မာတင် ဇူဘီမန်ဒီ ဖြစ်ပြီး ဒီကစားသမားကို မခေါ်နိုင်မှသာ ဘရာဇီးလ် ကွင်းလယ်လူကို အစားထိုး ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်မှာ လူကာ မိုဒရစ်၊ ဒန်နီ ဆယ်ဘာလော့စ်၊ ဗယ်ဗာဒီ၊ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဘယ်လင်ဟမ် တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း လူကာ မိုဒရစ်က အသက်အရွယ် ရနေပြီ ဖြစ်သလို မကြာခင်မှာ ကစားသမား ဘဝ ကနေ အနားယူတော့မယ့် အခြေအနေမှာ ရှိနေသူ ဖြစ်ပါတယ်။ ဆယ်ဘာလော့စ် ကတော့ သူ့ရဲ့ တိုးတက်မှု နှေးကွေးတဲ့ ခြေစွမ်းကြောင့် ပုံမှန် ပွဲထွက်ခွင့်မရသလို ချူအာမန်နီနဲ့ ကာမာဗင်ဂါ ကလည်း မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က အမာခံ ကွင်းလယ် ကစားသမား တစ်ဦး လိုချင်နေပြီး ရေရှည် အတွက် အင်အားဖြည့်တင်းချင်နေတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာ မန်စီးတီးရဲ့ ဘယ်လွန်ဒေါဆုရှင် ရိုဒရီကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက အသက်အရွယ် ရနေပြီ ဖြစ်သလို လက်ရှိမှာလည်း ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖို့ ရှိနေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်က ဘေယန်မြူးနစ်က ဂျော်ရွှင် ကင်မစ်ချ်ကို သဘောကျနေပေမယ့် ကစားသမားက ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ မသေချာ ဖြစ်နေပါတယ်။ နောက်ဆုံး မှာတော့ ရီးရဲလ်မက်ဒရစ်က အသက်အရွယ်ငယ်ပြီး ရေရှည်အတွက် အသုံးပြုလို့ ရနိုင်မယ့် မာတင် ဇူဘီမန်ဒီနဲ့ အီဒါဆန် တို့ကိုပဲ ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အတ္တလန္တာ ကတော့ သူတို့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ အီဒါဆန်ကို လက်လွှတ်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ထုံးစံ အတိုင်း အသင်းကြီး တစ်သင်းရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ကိုတော့ ငြင်းဆန်နိုင်ဖွယ် ရှိမယ် မထင်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်