ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ရီးရဲလ်ဆိုစီဒက်က စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို အသေအချာ ကြိုးပမ်းလာခဲ့ပြီး ခေါ်ယူနိုင်ဖို့ အခြေအနေလည်း ကောင်းနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဇူဘီမန်ဒီ အတွက် ဆွေးနွေးမှုတွေလည်း အသေအချာ လုပ်ဆောင်နေပြီးတော့ လာမယ့် နွေရာသီမှာ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ အာဆင်နယ်က ဇူဘီမန်ဒီရဲ့ စာချုပ် လျော်ကြေး ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) ကို ပေးချေဖို့ အဆင်သင့် ရှိနေပြီးတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ အတွက် ညှိနှိုင်းနေရာ မှာလည်း အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့က မကြာခင်မှာ အပြီးသတ်နိုင်ဖို့ ရှိနေပြီးတော့ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ အာဆင်နယ်နဲ့ စတင် ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ်ဟာ အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း အားနည်းမှု ပြသနာက လက်ရှိမှာ တော်တော်လေး ဆိုးရွားနေပြီးတော့ အသင်းရဲ့ ရလဒ်ပိုင်း ကိုပါ ထိခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ ရှိမရှိနဲ့ ပတ်သတ်လို့ ဖြေကြားရာမှာတော့ အားရစရာ မရှိတဲ့ အခြေအနေ တစ်ခုကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး အာတေးတားရဲ့ အင်တာဗျူး ဖြေကြားမှု အပြီး နာရီပိုင်း အကြာမှာတော့ ဇူဘီမန်ဒီကို အာဆင်နယ်က ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဘူကာယို ဆာကာကို အချိန်ကာလ ကြာမြင့်စွာ လက်လွှတ်ထားရသလို ဂါဘရီရယ် ဂျေဇုစ် ကိုလည်း ACL ဒဏ်ရာကြောင့်ပဲ ထပ်မံ လွှတ်ထားခဲ့ရပါတယ်။ ပရိသတ်တွေ ကတော့ နည်းပြ မီခဲလ် အာတေးတားကို ကစားသမား ခေါ်ယူမှု ကိစ္စတွေနဲ့ ပတ်သတ်လို့ အဆိုးမြင်နေကြပြီး ဒီဆောင်းရာသီမှာ မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ တိုက်တွန်းနေကြပါတယ်။
အာဆင်နယ်ဟာ အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ဟို တို့ကြောင့် ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ အရင်ထဲက ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆိုစီဒက် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ခေါ်ယူနိုင်ခဲ့သလို သု့ရဲ့ အသင်းဖော် မာတင် ဇူဘီမန်ဒီ ကိုပါ တစ်ပါတည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇူဘီမန်ဒီက ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်တဲ့ လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့ပါတယ်။
ဒီလို အခြေအနေမှာပါ ဇူဘီမန်ဒီက ဆိုစီဒက်မှာပဲ ဆက်နေဖို ဆုံးဖြတ်ခဲ့သလို ဒီလို ဆုံးဖြတ်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ အာတေးတားနဲ့ ဆိုစီဒက်ရဲ့ အချိတ်အဆက်တွေ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိ ဆောင်းဈေးကွက် မှာတော့ ဇူဘီမန်ဒီကို ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ လစ်ဗာပူးလ် အပြင် ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဇူဘီမန်ဒီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကြားသိရတာ အရ ကစားသမားက ဆိုစီဒက် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီလို့ သိရပါတယ်။
ဇူဘီမန်ဒီနဲ့ ဆိုစီဒက် တို့ အကြားမှာ စာချုပ် ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၆၀ သတ်မှတ် ထားပါတယ်။ ဒါကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ကိုသာ ပေးချေနိုင်မယ် ဆိုရင်တော့ ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ကိုသာ ဦးစားပေး လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.