ရူဘင် အမော်ရင် ကတော့ လက်ရှိ မန်ချက်စတာယူနိုက်တက်ဟာ ကလပ် အသင်း သမိုင်းတလျှောက် အညံ့ဆုံး အသင်း ဖြစ်နိုင်တယ်လို့ ပြန်လည် ဝေဖန် သုံးသပ်လိုက်ပါတယ်။ အမော်ရင် ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကမှ ပရီးမီးယားလိဂ်ကို စတင် ရောက်ရှိလာပြီး မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်တာလည်း ၁၄ ပွဲသာ ရှိသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမော်ရင် လက်ထက်မှာ ယူနိုက်တက်က ၁၄ ပွဲ ကစားရာမှာ ၆ ပွဲနိုင်၊ ၆ ပွဲ ရှုံး၊ ၂ ပွဲ သရေကျထားပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာလည်း နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့ပါတယ်။ ယူနိုက်တက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ ၁-၃ ရလဒ်နဲ့ အရှက်တကွဲ ရှုံးခဲ့ပြီး အဲဒီ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အမော်ရင်က အခုလိုမျိုးပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
“ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ကျွန်တော့်ရဲ့ အသင်းက နိုင်ပွဲ ၂ ပွဲပဲ ရရှိခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် စိတ်ကူးကြည့်နေတဲ့ အရာကို ယူနိုက်တက် ပရိသတ်တွေလည်း စိတ်ကူးကြည့်နေမယ် ထင်ပါတယ်။ ပရိသတ် တစ်ဦး အနေနဲ့ ဆိုရင်တော့ သူ့ရဲ့ အသင်းက နည်းပြသစ် တစ်ဦး ခန့်လိုက်တယ်။ ဒီနည်းပြဟာ ရှေ့မှာ ရာထူး ကနေ ထုတ်ပယ် ခံလိုက်ရတဲ့ နည်းပြထက် ရှုံးပွဲ ပိုများနေတယ်။ ဒါဆိုရင် တစ်ခုခု မှားနေပြီလို့ ခံစားနေရမှာ သေချာပါတယ်။ ဒီအသင်းမှာ ရှိနေတဲ့သူ အားလုံးဟာ ပုံမှန်ရဲ့ အောက်ကို ရောက်ရှိနေပါတယ်။ အသင်းမှာ ဘာတွေပဲ ဖြစ်နေနေ ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်း မဆို ပွဲတွေ အများကြီး ရှုံးနေလို့ မရပါဘူး။ မန်ချက်စတာယူနိုက်တက် ဆိုတာကို ထားလိုက်ပါ။ ဘယ်အသင်း မဆိုပါပဲ။ ကျွန်တော်တို့ တကယ့်ကို ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။” လို့ အမော်ရင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အမော်ရင်က “ဒါပေမယ့် ဒီလို ဖြစ်နေလည်း ကျွန်တော်တို့ ဆက်လုပ်ရမှာပါပဲ။ ပြိုင်ဘက်တွေက ကျွန်တော် တို့ရဲ့ အသင်းထက် ပိုကောင်းနေပါတယ်။ ကျွန်တော် တို့ဟာ ခြေစွမ်း မတည်ငြိမ်တဲ့ အသင်း ဖြစ်ပြီးတော့ ကျွန်တော်လည်း အသင်းကို အကူအညီမပေးနိုင်ဘူး ဖြစ်နေပါတယ်။ ခင်ဗျားတို့ အနေနဲ့ သတင်းခေါင်းစဉ် တစ်ခု လိုချင်ကြလိမ့်မယ် ဆိုတာ ကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ခေါင်းစဉ်တပ်လို့ ကောင်းမယ့် အကြောင်းအရာကို ကျွန်တော် ပြောပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အခြေအနေမှန်ကို သိမှသာ ဒါကို ပြန်ပြောင်းလဲနိုင်မှာ ဖြစ်လို့ပါ။ ဒါကြောင့် ခင်ဗျားတို့ ခေါင်းစဉ် တပ်လိုက်ပါ။ ကျွန်တော် တို့က မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အညံ့ဆုံး အသင်းတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအသင်းကို အိုင်ဒီယာ အသစ် တစ်ခုနဲ့ ပြောင်းလဲမှု လုပ်ဖို့ အတွက် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါကို မလုပ်လို့ မရပါဘူး။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။
ရူဘင် အမော်ရင် ကတော့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ဆောက်သမ်တန်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီး မှာလည်း အသင်းကို ပြန်လည် ထောက်ပြ ဝေဖန်မှု ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီ အချိန်တုန်းက အမော်ရင်က ယူနိုက်တက်ဟာ နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း နိမ့်မြင့်တက်ကျ ကြမ်းတမ်းတဲ့ ရာသီ တစ်ခုက အသင့် စောင့်ကြိုလျက် ရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁၀ မှတ်သာ ကွာဟလျက် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.