နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်းတို့စ်ကို ပြန်လည် ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေပြန်တဲ့ နေမာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်မှာ အဆင်မပြေ ဖြစ်နေတဲ့ နာမည်ကျော် ဘရာဇီးလ် တိုက်စစ်မှူး နေမာ ဂျူနီယာ ကတော့ ငယ်ဘဝ ကလပ်ဟောင်း ဆန်းတို့စ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

အစောပိုင်းမှာ နေမာက ချီကာဂိုဖိုင်းယား အပါအဝင် မေဂျာလိဂ် ကလပ်တွေနဲ့ ညှိနှိုင်းနေကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ နေမာ အနေနဲ့ သူ့ရဲ့ မွေးရပ်မြေကိုသာ ပြန်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်နဲ့ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ကစားသမား ဘက်ကရော ကလပ် ဘက်ကပါ မကြာခင်မှာ လမ်းခွဲသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်က နေမာကို ဒုတိယ ရာသီဝက် အတွက် အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်း မပြုဖို့ ဆုံးဖြတ်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နေမာက ဆော်ဒီပရိုလိဂ်နဲ့ ပြည်တွင်း ပြိုင်ပွဲတွေ ဝင်ရောက် ကစားခွင့်ရမှာ မဟုတ်တော့ပဲ အာရှချန်ပီယံလိဂ်တော့ ကစားခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာက စာချုပ် ဖျက်သိမ်းခဲ့ရင် သူရရှိမယ့် လုပ်ခလစာငွေကို အပြည့်အဝ ပေးချေဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါကြောင့် နေမာ တစ်ယောက် ဆော်ဒီပရိုလိဂ် ကလပ်ကို စွန့်ခွာပြီး မွေးရပ်မြေ ကလပ် ဆန်းတို့စ်ကို ရောက်ရှိမလား၊ ဒါမှမဟုတ် မေဂျာလိဂ် ကလပ် တစ်ခုခုကိုပဲ ပြောင်းရွှေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အဲလ်ဟီလယ် အတွက် ပွဲချိန် အနည်းငယ်သာ ကစားခဲ့တဲ့ နေမာ

အဲလ်ဟီလယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်း အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂ ပွဲသာ ကစားပေးနိုင်ခဲ့သလို အဲဒီ ၂ ပွဲ မှာလည်း နေမာက ပွဲချိန်ပြည့် ကစားခဲ့တာ မဟုတ်ပဲ စုစုပေါင်း ၄၂ မိနစ်သာ ကစားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ အဲလ်ဟီလယ် ဘက်က စာချုပ်ဖျက်သိမ်းဖို့ ငြင်းဆန်ခဲ့ရင်တော့ နေမာ အနေနဲ့ ဆန်းတို့စ် အသင်းထံ ရာသီကုန် အထိ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင် နေမာနဲ့ ဆွေးနွေးခဲ့တဲ့ မေဂျာလိဂ် ကလပ်တွေထဲ မှာတော့ ချီကာဂိုဖိုင်းယား အသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအသင်းတွေထဲမှာ အင်တာမိုင်ယာမီ ကတော့ ထူးဆန်းစွာပဲ ပါဝင်နေခြင်း မရှိဘူးလို့ သိရပါတယ်။ အင်တာမိုင်ယာ ကတော့ နေမာရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်၊ ဆာဂျီယို ဘူးစကွက်စ်နဲ့ ယော်ဒီ အဲလ်ဘာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်သူက အခွင့်အရေး ရတာနဲ့ နေမာကို ခေါ်ယူပြီး တစ်ချိန်က MSN တိုက်စစ် အတွဲအဖက်ကို ပြန်လည် အသက်သွင်းဖို့ ရှိနေကြောင်း ဝန်ခံထားပါသေးတယ်။

ဒါကြောင့် နေမာ တစ်ယောက် ဆော်ဒီပရိုလိဂ် ကလပ်ကို စွန့်ခွာပြီး မွေးရပ်မြေ ကလပ် ဆန်းတို့စ်ကို ရောက်ရှိမလား၊ ဒါမှမဟုတ် မေဂျာလိဂ် ကလပ် တစ်ခုခုကိုပဲ ပြောင်းရွှေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်