နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူငယ်ချင်း ဖြစ်သူ ဒိုင်ယာကို သက်တမ်းတိုးဖို့ ဘေယန်မြူးနစ်ကို တိုက်တွန်းလိုက်တဲ့ ကိန်း | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ သူရဲ့ နိုင်ငံတူ အသင်းဖော် အဲရစ်ခ် ဒိုင်ယာကို စာချုပ်သစ်ချုပ်ဆိုဖို့ ကလပ် တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲရစ်ခ် ဒိုင်ယာက ဒီရာသီ အကုန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟယ်ရီကိန်း ကတော့ သူ့ရဲ့ သူငယ်ချင်း ဖြစ်တဲ့ ဒိုင်ယာနဲ့ ဘေယန်မြူးနစ်မှာ ဆက်လက် တွဲဖက် ကစားချင်တာကြောင့် အခုလိုပဲ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းက ဝုဖ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းက “အဲရစ်ခ်က အရမ်းကောင်းပါတယ်။ သူက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ပွဲတွေမှာ ပုံစံကောင်း ပြန်ရလာပြီး တကယ့်ကို ကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဂိုးမပေးရတာ နှစ်ပွဲ ရှိခဲ့ပါတယ်။ အဲ့တော့ ပြောချင်တာက အဲရစ်ခ်ကို ကျွန်တော် အသင်းမှာ ဆက်ရှိနေစချင်ပါတယ်။ စာချုပ်ကိစ္စ ကတော့ ကလပ်နဲ့ သူ့ရဲ့ အကြားမှာပဲ ရှိပါလိမ့်မယ်။ ကျွန်တော် သူနဲ့ စကား မပြောရသေးပါဘူး။ ဒီတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒိုင်ယာ ကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပါး ကနေ ကနဦး အငှားနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဒိုင်ယာနဲ့ အတူ ဘေယန်မြူးနစ်မှာ တွဲဖက် ကစားနေချင်သေးတဲ့ ကိန်း

ဆက်လက်ပြီး ကိန်းက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျမဲလ် မူဆီအာလာနဲ့ ဂျော်ရွှာ ကင်မစ်ချ် တို့ကိုလည်း အသင်းမှာ ဆက်ရှိနေစချင်ကြောင်း စာချုပ်သက်တမ်းတိုးဖို့လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဒိုင်ယာ ကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပါး ကနေ ကနဦး အငှားနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဘေယန်မြူးနစ်က ဒိုင်ယာကို ပြီးခဲ့တဲ့ ရာသီအကုန် စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့တာာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒိုင်ယာဟာ ဘေယန်မြူးနစ်ကို ရောက်လာပြီး ကတည်းက ပြိုင်ပွဲစုံ ၃၁ ပွဲသာ ကစားထားပြီး ဒီရာသီ မှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။ ဒိုင်ယာဟာ ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန်နေရပြီးတော့ နည်းပြ ဖြစ်သူ ဗင်းန်ဆင့် ကွန်ပနီက သူ့အစား အူပါမီကာနိုနဲ့ ကင်မင်ဂျေး တို့ကိုသာ ပုံမှန် ပွဲထွက်ပေးနေတာ ဖြစ်ပါတယ်။

ဒိုင်ယာ ကတော့ စပါးကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာခဲ့ပြီးတော့ ဟယ်ရီကိန်း ရောက်ရှိပြီး တစ်နှစ် အကြာမှာ စပါး ကစားသမား ဖြစ်လာခဲ့သူပါ။ သူ့အနေနဲ့ စပါးမှာ ဆယ်စုနှစ် တစ်ခုအကြာ ကစားခဲ့ပြီးတော့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းနဲ့ ဒိုင်ယာ တို့ဟာ ၂၀၁၂ ခုနှစ် ကတည်းက အင်္ဂလန် ယူ-၁၉ အသင်းမှာ တွဲဖက် ကစားခဲ့သူတွေ ဖြစ်ပါတယ်။ အင်္ဂလန် ဂျူနီယာ အသင်း မှတဆင့် လက်ရွေးစင် အသင်းကြီး အထိ အတူတူ ကစားခဲ့သလို တော့တင်ဟမ်ဟော့စပါး၊ ဘေယန်မြူးနစ် တို့မှာလည်း လက်ရှိအချိန်ထိ တွဲဖက်ကစားနေသူတွေ ဖြစ်ပါတယ်။ ကိန်းနဲ့ ဒိုင်ယာတို့ တွဲဖက် ကစားခဲ့တဲ့ ပွဲအရေအတွက် ကတော့ ၃၈၆ ပွဲ အထိ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်