နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ထားတဲ့ ဘုန်းမောက် တိုက်စစ်မှူး ကလွိုင်ဗက် | ပရီးမီးယားလိဂ်

ဘုန်းမောက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကောင်းမွန်နေပြီးတော့ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဘုန်းမောက်ဟာ နိုဝင်ဘာလ နောက်ပိုင်းက စပြီး ရှုံးပွဲ မရှိအောင် ကစားထားနိုင်ကာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် မရှုံးထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းမောက် တိုက်စစ်မှူး ဂျပ်စတင် ကလွိုင်ဗတ်က သူတို့ အသင်း အနေနဲ့ ရာသီကုန်ချိန်မှာ ဥရောပ ဝင်ခွင့် ရရှိနိုင်တယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ဂျပ်စတင် ကလွိုင်ဗတ်က နယူးကာဆယ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ကလွိုင်ဗက်က “အသင်းမှာ ဥရောပ ဝင်ခွင့်ရဖို့ ရည်မှန်းထားတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရယူနိုင်စွမ်းလည်း ရှိပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အရမ်းကို ခက်ပေမယ့်လည်း ဘယ်သူက ကြိုသိနိုင်မှာလဲ။” လို့ ပြောဆိုခဲ့ပါတယ်။

ကလွိုင်ဗက်ရဲ့ အသင်း ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ကစားပြီးချိန်မှာ ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ ဘုန်းမောက် အတွက် ၁၁ ဂိုး သွင်းထားတဲ့ ကလွိုင်ဗက်

“ ကျွန်တော်တို့ အမြဲတမ်း ကောင်းနေတယ် ဆိုတာ သိပါတယ်။ ပွဲစချိန်ကတည်က အာရုံစိုက်ထားဖို့က အရေးကြီးဆုံး အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ အသင်း အတွက်လည်း အရမ်းပဲ ဂုဏ်ယူပါတယ်။ လောလောဆယ် အစုအဖွဲ့က သိပ်မကြီးသေးပါဘူး။ ကျွန်တော် တို့မှာ ပထမအသင်း ကစားသမား ၁၂ ယောက်ပဲ ရှိပါတယ်။ ဒီလို ရလဒ်က အံ့မခန်းပါပဲ။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုနဲ့ ရှိဖို့ လိုပါတယ်။ အဲဒါက ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ စိတ်ဓာတ်ပါပဲ။” လို့ ကလွိုင်ဗက်က ဆက်လက် ပြောကြားပါတယ်။

နောက်ဆုံး မှာတော့ ကလွိုင်ဗက်က “ ကျွန်တော် တို့ဟာ အခုထက် ပိုပြီး သွားနိုင်ပါသေးတယ်။ အသင်း အတွက် လိုအပ်တဲ့ ကစားသမားတွေက ဒဏ်ရာ ကနေ ပြန်လာတော့မှာပါ။ ကျွန်တော် တို့က ကြီးကြီးမားမား အိမ်မက်တွေ မက်နိုင်ပေမယ့် နှိမ့်ချပြီး ဆက်လက် ကြိုးစားဖို့ လိုအပ်ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ဘယ်လို အဆုံးသတ်မလဲ ဆိုတာ မြင်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဂျက်စတင် ကလွိုင်ဗက် ကတော့ ပရီးမီးယားလိဂ် မှာ တစ်ရာသီ အတွင်း အဝေးကွင်းမှာ တစ်ကြိမ်ထက် ပိုပြီး ဟက်ထရစ် သွင်းယူနိုင်တဲ့ ၇ ဦးမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကလွိုင်ဗက်ရဲ့ အသင်း ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ကစားပြီးချိန်မှာ ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ အသင်းကြီးတွေကို ဒုက္ခပေးတတ်သလို အသင်းငယ်တွေနဲ့ တွေ့ဆုံချိန်မှာလည်း အမှတ်ရရင် ရသလို ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ ရှုံးပွဲ မရှိထားတဲ့ နောက်ဆုံး ၁၁ ပွဲမှာ ဆိုရင် ဘုန်းမောက်က စပါး၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ် တို့လို အသင်းတွေကို အနိုင်ရခဲ့သလို ရှေ့ပွဲစဉ်တွေ မှာလည်း မန်စီးတီးနဲ့ အာဆင်နယ်လို အသင်းတွေ ကိုတောင် အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်