ဘုန်းမောက် – နော့တင်ဟမ်ဖောရက်စ်
ဒီပွဲ ကလည်း အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ပါတယ်။ လက်တလော ခြေစွာနေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်လို့ ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ဘုန်းမောက်က ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိထားပဲ ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိထားပါဘူး။ အိုင်ဒါအိုလာရဲ့ အသင်းက တိုက်စစ်ပိုင်း ကလည်း အားရစရာ ကောင်းနေပြီး နောက်ဆုံး ၅ ပွဲမှာ ၁၄ ဂိုး အထိ သွင်းယူထားပါတယ်။ တိုက်စစ်က ဂျက်စတင် ကလွိုက်ဗက် ခြေစွမ်းပြနေပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် နှစ်ကြိမ် ရထားပါတယ်။ ဘုန်းမောက်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပေမယ့် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေလို့ ဥရောပဝင်ခွင့် မျှော်လင့်လို့ ရနိုင်နေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အိမ်ကွင်း ၁၀ ပွဲ ကစားထားရာမှာ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးလှတဲ့ အသင်းထဲမှာ ပါဝင်နေပါတယ်။
နူနို ဆန်းတို့စ်ရဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း ဒီရာသီမှာ မထင်မှတ်တာတွေ လုပ်ပြနေတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဖောရက်စ်က နောက်ဆုံး ၈ ပွဲမှာ လစ်ဗာပူးလ်နဲ့ သရေကျခဲ့တဲ့ ပွဲကလွဲရင် ကျန် ၇ ပွဲ အနိုင်ရထားပါတယ်။ နော့တင်ဟမ်ဖောရက်စ်ရဲ့ ကစားပုံက ရိုးရှင်းပြီးတော့ ထိရောက်ပါတယ်။ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားပြီး လျင်မြန်တဲ့ တောင်ပံတွေ ကနေ တိုက်စစ်ဆင်ကာ ဂိုးရအောင် ကြိုးပမ်းတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဖောရက်စ်ရဲ့ ကစားပုံက ပျင်းဖို့ကောင်းတယ် ထင်ရပေမယ့် အခွင့်အရေး အသုံးချနိုင်မှု အပိုင်း မှာတော့ ကောင်းမွန်လွန်းတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘုန်းမောက် ဘက်က ကစားသမား တော်တော်များများ လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ ဒဏ်ရာရကစားသမား စာရင်းမှာတော့ အဒမ် စမစ်၊ အဲလ်လက်စ် စကော့တ်၊ အူနဲလ်၊ အီဗန်နီလ်ဆင်၊ ဟေးလ်၊ အာရူဟို၊ စင်နီစတာရာ၊ ဆီနက်စီ၊ တာဗာနီယာ တို့ ပါဝင်နေပါတယ်။
နော့တင်ဟမ်ဖောရက်စ် ဘက်မှာတော့ ဆန်ဂါရီ တစ်ဦးထဲ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ကီပါ၊ ဟိုင်ဆန်၊ ဇဘာညီ၊ ကွတ်ခ်၊ ကာကက်ဇ်၊ ခရစ္စတီ၊ အဒမ်စ်၊ ကလွိုင်ဗက်၊ ဘရွတ်ခ်၊ ဆီမီညို၊ အော့တာရာ
နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ အင်နာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ ရိတ်စ်၊ အန်ဒါဆင်၊ အီလန်ဂါ၊ ဂစ်ဘ်ဝှိုက်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ ဝုဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၄ ကြိမ် တွေ့ဆုံထားခဲ့ပြီးတော့ ဘုန်းမောက်က ၆ ကြိမ် နိုင်၊ ၅ ကြိမ် သရေကျပြီး ဖောရက်စ် ကတော့ ၃ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဘုန်းမောက် ၂ ကြိမ် နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။ ဘုန်းမောက် အိမ်ကွင်း နောက်ဆုံး ကစားခဲ့တဲ့ ၅ ကြိမ် မှာတော့ ဖောရက်စ်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂ ကြိမ် သရေကျကာ၊ ဘုန်းမောက်က ၂ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၀၇ ဆ၊ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၃.၂၁ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဘုန်းမောက်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ ၁ လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးလောက်က စဖွင့်ပေးထားပါတယ်။ နှစ်သင်းစလုံးက လက်ရှိ ခြေစွာနေကြလို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ သရေ ရလဒ် ထွက်ပေါ်တာ များလို့ ဒီပွဲ ကိုလည်း သရေရလဒ်နဲ့ပဲ စွန့်စားချင်မိပါတယ်။ ဂိုးလည်း နည်းနိုင်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၁-၁ နော့တင်ဟမ်ဖောရက်စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.