နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျွန်ဒူရန်ကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ရှိနေတဲ့ အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ အက်စတွန်ဗီလာရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး ဂျွန် ဒူရန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေအလုံးအရင်း သုံးပြီး ဥရောပ ထိပ်တန်း ကလပ်တွေက ကစားသမားတွေကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ အဲလ်နာဆာ ကလည်း အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အော့ဗီယို၊ အမ်းမရစ်ခ် လာပေါ့တ်နဲ့ ဆီမာကန် တို့လို ထိပ်တန်း အဆင့် ကစားသမားကောင်းတွေ ရှိနေပေမယ့် ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲလ်နာဆာက လက်ရှိမှာ ကစားသမားကောင်း များစွာ ပိုင်ဆိုင်ထားသည့် တိုင်အောင် ဆော်ဒီပရိုလိဂ် အပါအဝင် ပြည်တွင်း ရှုံးထွက် ပြိုင်ပွဲတွေမှာ အောင်မြင်တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ 

အဓိက ကတော့ ဆော်ဒီပရိုလိဂ် မဟာ ပြိုင်ဘက် အဲလ်ဟီလာနဲ့ အဲလ်အစ်တီဟတ် တို့ကို မယှဉ်နိုင်တာကြောင့် ကစားသမား အင်အား ထပ်ဖြည့်ချင်နေတာ ဖြစ်ပါတယ်။ အဲလ်နာဆာက ပြိုင်ဘက်တွေထက် ကစားသမား အင်အား ပိုမို တောင့်တင်းစေဖို့ ရည်မှန်းထားပြီး ထိပ်တန်း ကစားသမား အများအပြားကို ခေါ်ယူချင်နေကာ ကိုလံဘီယာ တိုက်စစ်မှူးလေး ဂျွန် ဒူရန်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အဲလ်နာဆာရဲ့ တိုက်စစ်မှာ ရော်နယ်ဒို၊ မာနေး၊ အန်ဂျလိုနဲ့ ဝက်စလေတို့ ရှိနေပြီး အကယ်၍ ဂျွန်ဒူရန် ကိုသာ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် အင်အား ပိုပြီး တောင့်တင်းသွားမှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူး ဒူရန် ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ကမှ မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုလံဘီယာသားက မကြာသေးခင် ကမှ အက်စတွန်ဗီလာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့်ထားပါသေးတယ်။

ဒူရန် တစ်ယောက် အသက်ငယ်ငယ်နဲ့ ဆော်ဒီပရိုလိဂ်ကို ရောက်ရှိသွားမလား။ ဥရောပထိပ်တန်း ကလပ် တစ်ခုမှာပဲ ဆက်ရှိနေမလား ဆိုတာ မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။
ဒူရန်ကို ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေတဲ့ အဲလ်နာဆာ

ဒူရန်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဗီလာ မှာပဲ ဆက်ရှိနေခဲ့ပြီး ဒီရာသီမှာတော့ မထင်ပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်းနဲ့ အတူ ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။ ဒူရန်က အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၁၂ ဂိုး သွင်းယူထားကာ သူ့ကို ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါသေးတယ်။

သတင်းတွေအရ ဆိုရင် ဘာစီလိုနာက ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ပါ တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရပါတယ်။ အခုလို အသင်း ပြောင်းဖို့ သတင်းတွေ ထွက်နေတဲ့ ဒူရန်ကို အဲလ်နာဆာက တခြား အသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းဖို့လည်း ပြင်ဆင်လာခဲ့ပါတယ်။ 

အက်စတွန်ဗီလာ ကတော့ အသင်းရဲ့ ကြယ်ပွင့်ကို အလွယ်တကူ ရောင်းထုတ်လိုခြင်း မရှိပေမယ့် အဲလ်နာဆာ ဘက်က ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းလာမယ် ဆိုရင်တော့ ခေါင်းညှိတ်သွားဖွယ် ရှိနေပါတယ်။ ဒူရန်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ ကတော့ ငွေကြေး အဆင်မပြေတာကြောင့် အဲလ်နာဆာရဲ့ ကမ်းလှမ်းမှုကို ကျော်နိုင်ဖို့တော့ မရှိပါဘူး။ ဒူရန် တစ်ယောက် အသက်ငယ်ငယ်နဲ့ ဆော်ဒီပရိုလိဂ်ကို ရောက်ရှိသွားမလား။ ဥရောပထိပ်တန်း ကလပ် တစ်ခုမှာပဲ ဆက်ရှိနေမလား ဆိုတာ မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်