ဘရာဇီးလ် နာမည်ကျော် တိုက်စစ်မှူး နေမာ ဂျူနီယာ ကတော့ စာချုပ်သက်တမ်း ကုန်ချိန်မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့် နေမာကို ခေါ်ယူချင်တဲ့ ကလပ်များစွာ ရှိနေသလို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘရာဇီးလ် ကလပ် ဆန်းတို့စ်ကို ပြန်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီလို အခြေအနေမှာ ဘရာဇီးလ် အသင်းဖော် နှစ်ဦး ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ရာဖင်ညာ တို့က နေမာကို ဆန်းတို့စ်မှာ ပြန်လည် ကစားဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ နေမာက လက်ရှိမှာ အဲလ်ဟီလာနဲ့ စာချုပ် ဖျက်သိမ်း ပြီးတော့ ဆန်းတို့စ်ကို ပြန်လည် ပြောင်းရွှေ့ကစားဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် ရာဖင်ညာ က နေမာ အနေနဲ့ ဘရာဇီးလ်လိဂ်ကို ပြန်ကစားရင် နှစ်ဖက်စလုံး အတွက် အကျိုးရှိနိုင်မယ့် အခြေအနေ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ကလည်း ဆန်းတို့စ်ဟာ နေမာရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်ပေးနိုင်မယ့် အသင်း ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ နေမာ ကိုတော့ ဆန်းတို့စ် အပြင် မေဂျာလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မေဂျာလိဂ် ကလပ်တွေ ထဲမှာတော့ ချီကာဂိုဖိုင်းယားက နေမာနဲ့ သတင်း အထွက်ဆုံး ဖြစ်ပြီးတော့ အင်တာ မိုင်ယာမီ ကလည်း အခွင့်အရေး ရရင် ရသလို နေမာကို ခေါ်ယူမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
နေမာဟာ လက်ရှိမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့်လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ အတူ ဝင်ရောက် ကစားခွင့်ရဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် နေမာကို ဒုတိယ ရာသီဝက် အတွက် အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်း မပြုဖို့ ဆုံးဖြတ်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နေမာက ပြည်တွင်း ပြိုင်ပွဲတွေ ဝင်ရောက် ကစားခွင့်ရမှာ မဟုတ်တော့ပေမယ့် အာရှချန်ပီယံလိဂ်တော့ ကစားခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။ နေမာက အဲလ်ဟီလာ ကသာ သူ့ကို စာချုပ် ဖျက်သိမ်းခဲ့မယ် ဆိုရင် သူရရှိမယ့် လုပ်ခ လစာငွေတွေကို အပြည့်အဝ ပေးချေဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အဲလ်ဟီလာရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်း အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ အဲဒီ ၂ ပွဲ မှာလည်း နေမာက ပွဲချိန်ပြည့် ကစားခဲ့တာ မဟုတ်ပဲ စုစုပေါင်း ၄၂ မိနစ်သာ ကစားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ဆော်ဒီပရိုလိဂ် ကလပ် ဘက်က စာချုပ်ဖျက်သိမ်းဖို့ ငြင်းဆန်ခဲ့ရင်တော့ နေမာ အနေနဲ့ ဆန်းတို့စ် အသင်းထံ ရာသီကုန် အထိ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.