မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်က ဝုဗ်ကို အဝေးကွင်းမှာ ကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပထမပိုင်း ပြီးခါနီး ကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရခြင်းနဲ့ အတူ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံး မှာတော့ သူတို့ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အိမ်ရှင် ဝုဗ်က ၃-၄-၂-၁ အခင်းအကျင်းနဲ့ အတူ ဆား၊ ဒိုဟာတီ၊ ဘူနို၊ အက်ဂ်ဘာဒူ၊ ဆီမီဒို၊ အန်ဒရီ၊ ဂိုးမက်စ်၊ နျူရီ၊ ဆာရာဘီယာ၊ ကူညာ၊ လာဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ် ဘက်မှာတော့ အဓိက ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ် မပါဝင်နိုင်ခဲ့တာကြေင့် နွမ်နရီကို ပွဲထုတ်လာပြီး ဂိုးမှာ ရာယာ၊ ခံစစ်မှာ စပယ်လီ၊ ဂါဘရီရယ်၊ ဆလီဘာ၊ တင်ဘာ၊ ကွင်းလယ်မှာ ပါတေး၊ ရိုက်စ် တို့နဲ့ အတူ တိုက်စစ် မှာတော့ ထရော့ဆက်ဒ်၊ ဟာဗက်ဇ်နဲ့ မာတယ်နယ်လီတို့ ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ်က သူတို့ရဲ့ ထုံးစံ အတိုင်း ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ကာ ဝုဗ် ကတော့ ကူညာ၊ ဆာရာဘီယာ၊ ဆီမီဒို၊ နျူရီ၊ လာဆင် တို့ရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကစားပုံနဲ့ အာဆင်နယ်ကို တုန့်ပြန်ခဲ့ပါတယ်။
အာဆင်နယ်တို့ ပွဲချိန် အစောပိုင်း အခွင့်အရေးတွေ ရခဲ့ပြီး ကိုင် ဟာဗက်ဇ်ရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ် ဂိုးတိုင်ဘေးက ထွက်သွားခဲ့သလို နောက်တစ်ကြိမ် ခေါင်းတိုက်ချက် ကိုတော့ ဆား ကာကွယ်သွားခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၄၃ မိနစ် မှာတော့ မိုင်းလ်စ် လီဝစ် ဆကယ်လီ ဒိုဟာတီကို တားဆီးပုံ ကြမ်းသွားခဲ့တဲ့ အတွက် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။ ပြိုင်ဘက် အသင်း တစ်ယောက်လျော့သွားချိန် မှာတော့ ဝုဗ်က တင်ကစားပေမယ့် အာဆင်နယ် ကလည်း ပါးပါးနပ်နပ်နဲ့ ထိန်းကျောင်းကစားသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ်က နွမ်နရီ အစား ရီကာဒို ကာလာဖီအိုရီကို ထည့်ပြီး တစ်ယောက်လျော့ အနေအထားမှာ ခံစစ် တိုက်စစ် မျှတစေဖို့ နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အာတေးတားရဲ့ အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ကာလာဖီအိုရီ ဝင်ရောက်လာချိန်မှာ အာဆင်နယ်ရဲ့ ကစားပုံ သိသိသာသာ ပိုကောင်းခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အထူးတလည် ပြောရမှာက အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်း ဖြစ်ပြီး ကိုယ့်အသင်း နိမ့်သွားချိန်မှာ အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်ခဲ့တာက ချီးကျူးစရာပါ။ ပွဲချိန် မိနစ် ၇၀ မှာတော့ တစ်ဝါထိထားတဲ့ ဂိုးမက်စ်က တင်ဘာကို ဥပဒေပြင်ပ ကစားခဲ့တာကြောင့် နောက်ထပ် တစ်ဝါထိကာ အနီကတ်နဲ့ ထွက်ခဲ့ရပါတယ်။ ၁၀ ယောက် ၁၀ ယောက်နဲ့ ပွဲရဲ့ ချိန်ခွင်လျှာ ပြန်ညီသွားချိန် မှာတော့ အာဆင်နယ်တို့ အားပို့ထည့်ခဲ့ပါတယ်။ ၇၄ မိနစ် မှာတော့ အာဆင်နယ် အတွက် တစ်လုံးတည်းသော အဖိုးတန် သွင်းဂိုးကို လူစားဝင် ကစားသမား ကာလာဖီအိုရီက သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်မှာ အာဆင်နယ်က အနိုင်ရလဒ်ကို ထိန်းသွားခဲ့သလို ဂိုးသမား ရာယာရဲ့ ကာကွယ်မှုတွေကြောင့်လည်း ကံကောင်းခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ရိုက်စ်၊ ပါတေး၊ ရာယာ တို့ကို အဓိက ချီးကျူးရမှာ ဖြစ်ပြီး လိုအပ်နေတဲ့ နိုင်ပွဲ အတွက် အပြင်းအထန် ကြိုးစား ကစားသွားခဲ့ကြပါတယ်။
အာဆင်နယ်က အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ်က အစ်ပ်ဆွစ်ချ်ကို ဂိုးပြတ် နိုင်ခဲ့လို့ တစ်ပွဲ ပိုကစားပြီး ၆ မှတ် ပြတ်နေဆဲ ဖြစ်ပေမယ့် အနီးကပ် ဖိအားပေးနေတဲ့ ဖောရက်စ် ကတော့ ဘုန်းမောက်ကို ဂိုးပြတ် ရှုံးခဲ့လို့ ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ခြင်းနဲ့ အတူ တန်းဆင်းဇုန် ဖိအားတွေ အောက်မှာ ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဝုဗ်က လာမယ့် ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ ကစားရဖို့ ရှိပြီး အာဆင်နယ် ကတော့ အင်္ဂါနေ့မှာ ချန်ပီယံလိဂ် လိဂ် အဆင့် နောက်ဆုံးပွဲ အဖြစ် ဂီရိုနာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.