နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာမယ်ကို ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူးလိုက်တဲ့ ဆွန်ဟောင်မင် | လာလီဂါ

တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ကို ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူး သုံးသပ်သွားခဲ့ပါတယ်။

တစ်ရာသီထက် တစ်ရာသီ အစွမ်းကုန် တောက်ပလာနေတဲ့ လာမင်း ယာမယ် ကတော့ ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်း GOAT ကြီး လီယွန်နယ် မက်ဆီနဲ့ပါ ခိုင်းနှိုင်းခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်ကို အနာဂတ်ရဲ့ ဘယ်လွန်ဒေါဆုရှင် အဖြစ်ပါ သတ်မှတ်နေကြပြီး လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ အသက်အငယ်ဆုံး ဘယ်လွန်ဒေါဆုရင် ဖြစ်လာဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ယာမယ်ကို စပါး တိုက်စစ်မှူး ဆွန်ဟောင်မင် ကလည်း အခုလိုပဲ ချီးကျူးလာခဲ့တာ ဖြစ်ပါတယ်။

“သူက မယုံနိုင်စရာပါ။ ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ဒီအသက်အရွယ်နဲ့ သူရဲ့ စွမ်းဆောင်ရည်က မယုံနိုင်စရာပါပဲ။ ကျွန်တော် အဲဒီအရာတိုင်းကို ပျော်ရွှင်စွာ ကြည့်နေပါတယ်။ သူက အရမ်း ငယ်သေးတာက ကောင်းတဲ့ အချက် ဖြစ်ပြီး အခုထက် ပိုပြီး တိုးတက်လာဖို့လည်း နေရာ အများကြီး ကျန်သေးတယ်။ ဒါကြောင့် နောက်နှစ် အနည်းငယ်မှာ သူဟာ ထိပ်တန်း ကစားသမား နံပါတ်တစ် ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လာမင်း ယာမယ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ အသက်ငယ်ရွယ်စဉ် မှာပဲ ဘာစီလိုနာရဲ့ စီနီယာ အသင်းကြီး အတွက် ကစားပေးခွင့် ရခဲ့သူ ဖြစ်ပါတယ်။
အနာဂတ် ဘယ်လွန်ဒေါဆုရှင် အဖြစ် နာမည်ကြီးနေတဲ့ လာမင်း ယာမယ်

လာမင်း ယာမယ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ အသက်ငယ်ရွယ်စဉ် မှာပဲ ဘာစီလိုနာရဲ့ စီနီယာ အသင်းကြီး အတွက် ကစားပေးခွင့် ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ယာမယ်က လာလီဂါ ကလပ် အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့ပြီးတော့ ဒီရာသီမှာလည်း အသင်း အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်း ၁၇ ဂိုး ဖန်တီးပေးထားပါတယ်။

ယာမယ်ဟာ လက်ရှိမှာ အသက် ၁၇ နှစ် အရွယ်သာ ရှိနေသေးပြီးတော့ ယာမယ်က စပိန် လက်ရွေးစင် အသင်း အတွက် ၁၇ ပွဲ အထိ ပါဝင် ကစားထားခဲ့သလို ယူရို ၂၀၂၄ မှာလည်း ချန်ပီယံဆု ကိုပါ ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က လူငယ် အကောင်းဆုံး ကစားသမားဆုတွေ ဖြစ်တဲ့ Kopa Trophyနဲ့ Golden Boy ဆုတွေ ကိုလည်း ဆွတ်ခူးထားနိုင်ပါတယ်။

ဒီရာသီ မှာတော့ ယာမယ်နဲ့ အတူ ဘာစီလိုနာ အသင်းဖော် ရာဖင်ညာ ကလည်း အတွဲအဖက်မိမိ ခြေစွမ်းပြနေပြီးတော့ သူတို့ ၂ ဦးစလုံး ကတော့ လာမယ့်နှစ် အတွက် ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားမှု စာရင်းမှာ ပါဝင်လာဖို့ ရှိနေသလို ဘာစီလိုနာ ကလည်း ဒီရာသီမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဘာစီလိုနာ အနေနဲ့ ပြိုင်ပွဲ အားလုံး သို့မဟုတ် အဓိက ဆုဖလား အနည်းဆုံး ၂ လုံးလောက် ရရှိခဲ့ရင်တောင် ဒီကစားသမား နှစ်ဦးမှာ တစ်ဦး ကတော့ သေချာပေါက် ဘယ်လွန်ဒေါဆု ရရှိဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်