အင်္ဂလန် လက်ရွေးစင် နည်းပြသစ် သောမတ်စ် တူချယ် ကတော့ ပထမဆုံး အကြိမ် အဖြစ် သူ့ စိတ်ကြိုက် ကစားသမားတွေ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အတွက် ပြန်လည် ရွေးချယ်ထားခဲ့ပြီ ဖြစ်ပါတယ်။ တူချယ်က ယခင်က အသင်း အတွက် ခြေစွမ်းမပြနိုင်တဲ့ ကစားသမား တချို့ကို ပြန်လည် ရွေးချယ်ခဲ့တာကြောင့် လက်ရှိမှာ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
တူချယ် ရွေးချယ်ထားသူတွေထဲမှာ ယူနိုက်တက် ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း တူချယ်က မားကပ်စ် ရက်ရှ်ဖို့ဒ် အနေနဲ့ အရင်လို ပုံစံဟောင်းတွေ ပြန်မဖြစ်ဖို့ အရေးကြီးတယ်လို့ သတိပေး စကား ပြောကြားသွားခဲ့ပါတယ်။
တူချယ်က “သူက အက်စတွန်ဗီလာမှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ များသောအားဖြင့် လူစားဝင် ကစားသမား အဖြစ် ကစားရချိန်မှာ ပိုပြီး ထင်သာ မြင်သာ ရှိပါတယ်။ သူ့ရဲ့ သက်ရောက်မှုက အံ့အားသင့်စရာပါ။ ကိုယ်ကာယပိုင်း သက်ရောက်မှုက အံ့အားသင့်စရာ ကောင်းပြီးတော့ အရေးအကြီးဆုံးက သူ့ရဲ့ အလုပ်လုပ်နှုန်း သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်နဲ့ Recovery လုပ်နိုင်မှုက အံ့ဩစရာ ကောင်းပါတယ်။ သူ့ကို ကစားသမား စာရင်းမှာ ရွေးချယ်သင့်ပါတယ်။ ခေါ်ယူသင့်ပါတယ်။ သူ့ရဲ့ လက်ရှိ အဆင့်မှာ ဆက်လက် တည်ရှိဖို့လည်း တွန်းအားပေးသင့်ပါတယ်။ အကျင့်ဟောင်းတွေကို ပြန်မလုပ်ဖို့ တွန်းအားပေးသင့်တယ်လို့ ကျွန်တော် ေစွာ ခံစားရပါတယ်။” လို ရှင်းပြသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဒီရာသီမှာ သရဲနီတွေ အတွက် ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေသာ ပြသနိုင်တာကြောင့် နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ အက်စတွန်ဗီလာ အသင်းထံ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က အက်စတွန်ဗီလာ မှာတော့ ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပြီး အသင်း အတွက်လည်း သက်ရောက်မှု ကောင်းကောင်းနဲ့ ကစားပေးနေတာ ဖြစ်ပါတယ်။
တူချယ်ရဲ့ အင်္ဂလန် နည်းပြ ဘဝ ပထမဦးဆုံး အကြိမ် ကစားသမား ရွေးချယ်မှု စာရင်း မှာတော့ အေစီမီလန် ညာနောက်ခံလူ ကိုင်လ် ဝေါလ်ကာ၊ အေဂျက်စ် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်၊ နယူးကာဆယ် နောက်ခံလူ ဒန်ဘန်း တို့လည်း ပါဝင်နေပါတယ်။ အဓိက ကတော့ တူချယ် အနေနဲ့ ဒီကစားသမား ၃ ဦးကို ရွေးချယ်ခဲ့တာကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ တူချယ် ရွေးချယ်ခဲ့တဲ့ ကစားသမား စာရင်း မှာတော့ ဂိုးသမားတွေ အဖြစ် ဟန်ဒါဆန်၊ ပစ်ခ်ဖို့ဒ်၊ ရမ်းစ်ဒေးလ်၊ ထရက်ဖို့ဒ်၊ နောက်ခံလူတွေ အဖြစ် ဒန်ဘန်း၊ ကိုးဝဲလ်၊ ဂူဟီ၊ ရိစ် ဂျိမ်းစ်၊ ကွန်ဆာ၊ လီဝစ်-စကယ်လီ၊ လစ်ဗရာမန်တို၊ ကွမ်ဆာ၊ ဝေါလ်ကာ၊ ကွင်းလယ်လူတွေ အဖြစ် ဘယ်လင်ဟမ်၊ အီးဇီး၊ ဂျော်ဒန် ဟန်ဒါဆန်၊ ကာတစ် ဂျုံးစ်၊ ကိုးလ် ပါးလ်မာ၊ ဒီကလန် ရိုက်စ်၊ ရော်ဂျာစ်၊ တိုက်စစ်မှူးတွေ အဖြစ် ဘိုဝင်၊ ဖိုဒန်၊ ဂေါ်ဒွန်၊ ကိန်း၊ ရက်ရှ်ဖို့ဒ်နဲ့ ဆိုလန်ကီ တို့ ပါဝင်နေပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပွဲစဉ်တွေ အဖြစ် ဝင်ဘလေမှာ အဲလ်ဘေးနီးယား၊ လတ်ဗီးယား တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ နည်းပြသစ် တူချယ် အနေနဲ့ အင်္ဂလန်ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဘယ်လောက် အထိ ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.