နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရာဇီးလ် အတွက် ပြန်လည် အရွေးခံရပြီးမှ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရတဲ့ နေမာ | ကမ္ဘာ့ဖလား

ဘရာဇီးလ် နေမာ ကတော့ ငယ်ဘဝ ကလပ် ဆန်းတို့စ်ကို ပြန်လည် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနေတာကြောင့် ဘရာဇီးလ် လက်ရွေးစင် အသင်းကြီး အတွက် ပြန်လည် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ နေမာဟာ မတ်လ နိုင်ငံတကာ ရက်သတ္တပတ်မှာ ကိုလံဘီယာ၊ အာဂျင်တီးနား တို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဘရာဇီးလ် လူစာရင်း အတွက် ရွေးချယ်ခံထားရတာပါ။

ဒါပေမယ့်လည်း နေမာ တစ်ယောက် ကံဆိုးစွာနဲ့ ပေါင်ဒဏ်ရာ ရရှိခဲ့ပြန်ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ၁၈ လ နီးပါး ဝေးကွာနေတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားခွင့် ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်း အတွက် ဒေါသထွက်ရကြောင်း သူ့ရဲ့ Instagram ကနေ တဆင့် အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နေမာက “အရမ်းပဲ နီးစပ်ခဲ့ပြီးမှ ကံမကောင်းခဲ့ပါဘူး။ အခုအချိန်မှာ ကမ္ဘာပေါ်က အလေးဆုံး အင်္ကျီကို ဝတ်ဆင်ဖို့ ကျွန်တော့်မှာ ကြံ့ခိုင်မှု မပြည့်ဝဘူး ဖြစ်နေပါတယ်။ မက်ဆေ့ချ်နဲ့ အားပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဘရာဇီးလ် အတွက် ကျွန်တော် ဘယ်လောက် အထိ ပေးဆပ် ကစားချင်တယ် ဆိုတာ လူတိုင်း သိပါတယ်။ အကြာကြီး ဆွေးနွေးပြီးနောက်မှာ စွန့်စားမှုတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒဏ်ရာ ကင်းအောင် ကျွန်တော် ကြိုးစားသွားပါမယ်။” လို့ ရေးသား ပြောဆိုခဲတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ဒဏ်ရာရရှိသွားတာကြောင့် နေမာ အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ လွဲချော်တော့မှာ ဖြစ်သလို ဥရောပမှာ ပြန်ကစားဖို့ အိမ်မက်တွေ ကိုလည်း ထိခိုက်သွားနိုင်ချေ ရှိနေပါတယ်။
လာမယ့် ရာသီ ဥရောပမှာ ပြန်ကစားချင်နေတဲ့ နေမာ

နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ကစားသမားတိုင်း ကြောက်ကြတဲ့ ACL ဒဏ်ရာဆိုးကြီး ရပြီး ကတည်းက ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။ နေမာဟာ ဆန်းတို့စ်မှာ ကစားနေစဉ် ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ဘရာဇီးလ် လူစာရင်း ကနေ မထွက်ချင်ပဲ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) က နေမာနဲ့ အတူ မန်စီးတီး ဂိုးသမား အီဒါဆန်နဲ့ ဖလာမင်ဂို နောက်ခံလူ ဒန်နီလိုတို့ ဒဏ်ရာ ပြဿနာတွေကြောင့် အသင်း လူစာရင်း ကနေ နုတ်ထွက်ထားရကြောင်း ကြေညာထားပါတယ်။

နေမာ ဂျူနီယာ ဆန်းတို့စ်မှာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေနိုင်တာကြောင့် လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဥရောပမှာ ပြန်လည် ကစားခွင့် ရဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ နေမာရဲ့ အေးဂျင့် ဖြစ်သူ ဇဟာဗီဟာ သူ့ရဲ့ ကစားသမား အတွက် လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အပါအဝင် ထိပ်တန်း ကလပ် များစွာနဲ့ ချိတ်ဆက်ပေးလျက်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဒဏ်ရာရရှိသွားတာကြောင့် နေမာ အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ လွဲချော်တော့မှာ ဖြစ်သလို ဥရောပမှာ ပြန်ကစားဖို့ အိမ်မက်တွေ ကိုလည်း ထိခိုက်သွားနိုင်ချေ ရှိနေပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဘရာဇီးလ် ကတော့ ၁၂ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၄ ပွဲ ရှုံး ထားပြီး ဇယား ထိပ်ဆုံးက အာဂျင်တီးနားနဲ့ ၇ မှတ် ပြတ်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်