နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ ရှုံးထွက်အဆင့်(စတုတ္ထအကျော့) ပွဲကြိုသုံးသပ်ချက်

လာမယ့် ဩဂုတ်လ ၂၃ ရက်နေ့မှာ အန်ဘီအေ ရှုံးထွက်အဆင့် စတုတ္ထပွဲစဥ်တွေ ဆက်လက်ကစားဖို့ရှိနေပါတယ်။ လက်ရှိ အန်ဘီအေ ရှုံးထွက်အဆင့် Best of Seven ပွဲစဉ်တွေမှာ ၃ပွဲစီ အနိုင်ရထားတဲ့ အသင်းတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအသင်းတွေအနေနဲ့ လာမယ့် ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ကွန်းဖရင့် ဆီမီးဖိုင်နယ် ကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

တိုရွန်တိုရက်ပ်တာ့စ် Vs ဘရွတ်ကလင်းနတ်စ်

ပထမ အကျော့ – တိုရွန်တိုရက်ပ်တာ့စ် ၁၃၄ – ၁၁၀ ဘရွတ်ကလင်းနတ်စ်

ဒုတိယ အကျော့ – တိုရွန်တိုရက်ပ်တာ့စ် ၁၀၄ – ၉၉ ဘရွတ်ကလင်းနတ်စ်

တတိယ အကျော့ – တိုရွန်တိုရက်ပ်တာ့စ် ၁၁၇ – ၉၂ ဘရွတ်ကလင်းနတ်စ်

၃ ပွဲပြတ် ဦးဆောင်နေတဲ့ ရက်ပ်တာ့စ် တို့ စတုတ္ထပွဲစဥ် မှာလည်း ကျိန်းသေပေါက် အနိုင်ရသွားဦးမှာပါ။ ရှုံးထွက် အဆင့်ကို တက်လာတဲ့ နတ်စ်တို့ လက်ရှိချန်ပီယံကို ‌ဘယ်လိုမှ မယှဉ်နိုင်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ပါစကယ်ဆီရာကမ်၊ နဲ့ ဖရက်ဒ်ဗန်ဗလိထ် တို့ ဦးဆောင်လာဦးမယ့် ရက်ပ်တာ့စ်ကို အဓိကကစားသမားတွေ ပါ၀င်နိုင်မှာမဟုတ်တဲ့ နတ်စ်တို့ အရှုံးပေးရဦးမှာပါ။ ကားရစ်လီဗတ်နဲ့ တိုင်လာဂျွန်ဆင်တို့ ရမှတ်တွေ ရှာပေးနေပေမယ့် ဂျရတ်အဲလန်ရဲ့ ပစ်ချက်တွေ လွဲချော်နေပါတယ်။ နောက်ပြီး ဂျိုးဟဲရစ်လို ကစားသမားကောင်းမပါ၀င်နိုင်တာဟာ ရက်ပ်တာစ့်တို့ ရှုံးထွက်ကနေ လှည့်ပြန်ဖို့ အကြောင်းဖန်လာစေခဲ့ပါတယ်။

 

အူတာဂျက်ဇ် Vs ဒန်ဗားနူးဂတ်စ်

ပထမ အကျော့ – အူတာဂျက်ဇ် ၁၂၅ – ၁၃၅ ဒန်ဗားနူးဂတ်စ်

ဒုတိယ အကျော့ – အူတာဂျက်ဇ် ၁၂၄ – ၁၀၅ ဒန်ဗားနူးဂတ်စ်

တတိယ အကျော့ – အူတာဂျက်ဇ် ၁၂၄ – ၈၇ ဒန်ဗားနူးဂတ်စ်

ပထမပွဲမှာ အချိန်ပို ရောက်မှ နူးဂတ်စ်ကို  ရှုံးနိမ့်ခဲ့တဲ့ ဂျက်ဇ်တို့ ပြီးခဲ့တဲ့ နှစ်ပွဲဆက်ပြန် အနိုင်ရပြီး ၂-၁ နဲ့ဦးဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဂျက်ဇ်က ဒိုနိုဗန်မစ်ချယ်၊ ရူဒီဂိုးဘတ် နဲ့ မိုက်ခ်ကွန်လီတို့ ၃ဦးပေါင်းပြီး အနိုင်ရတဲ့ ရမှတ်ထက်၀က်ကျော်လောက် ရှာဖွေပေးခဲ့ပါတယ်။ ပုံမှန်ရာသီပွဲစဉ်တွေမှာ ဂျက်ဇ်နဲ့တွေ့တိုင်း အနိုင်ရထားတဲ့ နူးဂတ်စ်တို့ အန်ဘီအေ ရှုံးထွက်မှာ‌တော့ မယှဉ်နိုင်ဘူးဖြစ်နေပါတယ်။ အဓိကကစားသမား နီကိုလာဂျိုကစ် လက်စွမ်းမပြနိုင်လို့ ဒန်ဗားစ်နူးဂတ်စ်တို့ အခုအဆင့်ကနေတောင် လှည့်ပြန်ရနိုင်ချေ များလာပါတယ်။ ဂျက်ဇ်တို့ ၃-၁ရလဒ်နဲ့ ဦးဆောင်ခွင့်ရမယ့် အပိုင်အခွင့်အရေးကို အဆုံးရှုံးခံမယ်မထင်ပါဘူး။ အခု  စတုတ္ထပွဲစဥ်မှာလည်း ကစားပုံကောင်းနေတဲ့ ဂျက်ဇ်တို့ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။

 

ဖယ်လီဒယ်ဖီးယား Vs ဘော်စတွန်ဆဲလ်တစ်

ဘော်စတွန် ဆဲလ်တစ်တို့ ၄နှစ်ဆက် အန်ဘီအေ ကွန်းဖရင့်ဆီမီးဖိုင်နယ် တက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဘန်ဘီအေ ချန်ပီယံ ၁၇ကြိမ်ဖြစ်ထားတဲ့ ဘော်စတွန်ဆဲလ်တစ်

ပထမ အကျော့ – ဖယ်လီဒယ်ဖီးယား 76ers ၁၀၁ – ၁၀၉ ဘော်စတွန်ဆဲလ်တစ်

ဒုတိယ အကျော့ – ဖယ်လီဒယ်ဖီးယား 76ers ၁၀၁ – ၁၂၈ ဘော်စတွန်ဆဲလ်တစ်

တတိယ အကျော့ – ဖယ်လီဒယ်ဖီးယား 76ers ၉၄ – ၁၀၂ ဘော်စတွန်ဆဲလ်တစ်

ဘော်စတွန်ဆဲလ်တစ်တို့ အစောပိုင်းပွဲစဉ် ၃ပွဲလုံး ရမှတ်ပြတ်နဲ့ အနိုင်ရထားပါတယ်။ ရှုံးထွက် ၃ပွဲ ကစားအပြီးမှာ ရမှတ် ၁၀၀နီးပါးရှာထားပေးတဲ့ ဂျိုဝဲလ်အမ်ဘစ် တစ်ဦးတည်းကို အားကိုးနေရတဲ့ ဆစ်ခ်ဆာတို့ လာမယ့်ပွဲမှာလည်း ရမှတ်များများ ရှာနိုင်မယ် မထင်ပါဘူး။ လက်စွမ်းတော်တော်လေးကွာဟနေတဲ့ နှစ်သင်းတွေ့ဆုံနေတာ ဖြစ်လို့ ဆဲလ်တစ်တို့ပဲ ကျိန်းသေပေါက် ဆီမီးဖိုင်နယ်ကို တက်သွားမှာပါ။ ဆဲလ်တစ်မှာ ဂျေဆန် တက်တမ်၊ ဂျေလန်ဘရောင်း အပြင် ကမ်ဘာဝေါ်လ်ကာ လည်း လက်စွမ်းပြလာနိုင်လို့ ဆစ်ခ်ဆာတို့ စတုတ္ထပွဲစဥ်မှာ ထပ်ပြီး အရေးနိမ့်သွားဖို့ရှိနေပါတယ်။ လာမယ့် ပွဲကို အနိုင်ရတာနဲ့ ဘော်စတွန် ဆဲလ်တစ်တို့ ၄နှစ်ဆက် အန်ဘီအေ ကွန်းဖရင့်ဆီမီးဖိုင်နယ် တက်နိုင်တော့မှာ ဖြစ်ပါတယ်။

 

ဒဲလက်စ်မက်ဗရစ်ခ် Vs အဲလ်အေကလစ်ပါးစ်

ပထမ အကျော့ – ဒဲလက်စ်မက်ဗရစ်ခ် ၁၁၀ – ၁၁၈ အဲလ်အေကလစ်ပါးစ်

ဒုတိယ အကျော့ – ဒဲလက်စ်မက်ဗရစ်ခ် ၁၂၇ – ၁၁၄ အဲလ်အေကလစ်ပါးစ်

တတိယ အကျော့ – ဒဲလက်စ်မက်ဗရစ်ခ် ၁၂၂ – ၁၃၀ အဲလ်အေကလစ်ပါးစ်

အဲလ်အေကလစ်ပါးစ်တို့ ပြီးခဲ့တဲ့ ပွဲမှာ အနိုင်ပြန်ရပြီး ဒဲလက်စ်မက်ဗရစ်ခ်ကို ၂ပွဲ ၁ပွဲနဲ့ ဦးဆောင်ထားပါတယ်။ မက်ဗရစ်ခ်တို့ အန်ဘီအေ ကွန်းဖရင့် ဆီမီးဖိုင်နယ်တက်ရေး ရုန်းနေတယ်ဆိုပေမယ့် ကလစ်ပါးစ်တို့ အနည်းငယ်သာနေလို့ ခက်ခဲနေပါတယ်။ အခုလာမယ့်ပွဲမှာတော့ မက်ဗရစ်ဘက်က လုခ်ဒိုးနစ် ပါ၀င်လာမှာမဟုတ်တဲ့ အတွက် ပေါဇင်းဂစ်အပေါ် တာ၀န်တွေ ပုံကျလာပါတယ်။ ပေါဇင်းဂစ် အနေနဲ့  ပြီးခဲ့တဲ့ပွဲမှာ မက်ဗရစ်ခ်အတွက် ၃၄မှတ်ထိ ရှာပေးခဲ့ပြီး ရီဘောင်း ၁၄ခါရခဲ့ပေမယ့် ကလစ်ပါးစ်က လီယိုနဒ်ကလည်း ၃၆မှတ်၊ ရီဘောင်း ၉ကြိမ်၊ ဖန်တီးမှု ၈ကြိမ်ပြုလုပ်ပေးခဲ့လို့ ၈မှတ်အကွာနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ တတိယပွဲစဥ်မှာ အနိုင်ရထားတဲ့ ကလစ်ပါးစ်တို့ အဓိကကစားသမား ဒိုးနစ် မပါ၀င်နိုင်တာကို အခွင့်ကောင်းယူပြီး မက်ဗရစ်ခ်ကို ၃-၁နဲ့ ဦးဆောင်သွားမယ့်ပွဲပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်