နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖိုဒန်ရဲ့ နောက်ကျဂိုးကြောင့် စိတ်သက်သာရာရခဲ့တဲ့ ဂွာဒီယိုလာ – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၂ – ၁ ဒေါ့မန်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ပထမပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ ဒေါ့မန်ကို အိမ်ကွင်း အီတီဟတ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲပြီးခါနီးအထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပေမယ့် ပွဲပြီးလို့ နာကျင်အချိန်ပိုမှာ ဖေးလ်ဖိုဒန် သွင်းယူခဲ့တဲ့ ဂိုးကြောင့် မန်ချက်စတာစီးတီးတို့ ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲ ရှာတွေ့သွားခဲ့ပါတယ်။

 

ဒီနေ့ပွဲမှာ ပပ်ဂွာဒီယိုလာ အနေနဲ့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုပြီး တိုက်စစ်အတွက် ဘာနာဒိုဆေးလ်ဗားကို အထောင်ထားခဲ့တယ် ဆိုပေမယ့် မားရက်ဇ်၊ ဒီဘရိုင်းနား၊ ဖိုဒန် တို့ကလည်း တိုက်စစ်ဆင်ဖို့ အဓိကထားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်အထိုင်မှာတော့ ရိုဒရီနဲ့ ဂွမ်ဒိုအန်၊ နောက်တန်းမှာ ဂျွန်စတုန်းစ်၊ ရူဘင်ဒီးရာ့ဇ်၊ ကန်ဆယ်လို၊ ဝေါလ်ကာ၊ ဂိုးမှာတော့ ထုံးစံအတိုင်း အီဒါဆင်ပဲ ပွဲထွက်လာပါတယ်။ ဒေါ့မန်ကတော့ နည်းစနစ်ပိုင်း အပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး မာကိုရိုက်စ်၊ ဟာလန်းနဲ့ လူငယ်ကစားသမားလေး အန်စ်ဂါနော့ဖ် ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပါတယ်။ ချန်ကို ကွင်းလယ်မှာ ကစားစေပြီး ဗဟိုခံစစ်မှာတော့ အာကန်ဂျီနဲ့ ဟမ်းမဲလ်ကို အသုံးပြုခဲ့ပါတယ်။ ဂိုးမှာတော့ ပုံမှန်ပွဲထွက်နေကျ ဘာကီအစား မာဝင်ဟစ်ဇ် ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ အိမ်ကွင်း အားသာချက်ကို အကောင်းဆုံး အသုံးချပြီး ပွဲစတာနဲ့ ဒေါ့မန်ဘက်ကို တရစပ်ဖိအားပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲချိန် ၁၉ မိနစ်မှာ စီးတီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဖိုဒန်တင်ပေးတဲ့ ဘောလုံးကို မားရက်ဇ်က လှလှပပထိန်းပြီး ပြန်ချပေးရာကနေ ဒီဘရိုင်းနားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ခပ်ကြမ်းကြမ်း ကစားခဲ့ကြလို့ မကြာခဏ ပစ်ဒဏ်ဘောတွေ ကန်ခွင့်ရခဲ့ကြပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဂွာဒီယိုလာအနေနဲ့ တိုက်စစ်က ခြေမပေါ်တဲ့ ဘာနာဒိုဆေးလ်ဗားကို ထုတ်ပြီး ဂျီဆုစ်နဲ့ လူစားလဲခဲ့ပါတယ်။ ဒေါ့မန်ဘက်ကလည်း ချေပဂိုးပြန်ရဖို့အတွက် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရေနာ၊ ဒီလာနေး၊ သောမက်စ်မူနီယာ တို့ဝင်လာပြီးနောက် ဒေါ့မန်တို့ တိုက်စစ် အတွဲအဖက် ပိုမိုလာခဲ့သလို ၈၄ မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ အာလင်းဟာလန်းရဲ့ အကွက်မြင်မြင် တင်ပေးတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် မာကိုရိုက်စ်က အီဒါဆင်ကို ကျော်ပြီးသွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး အထိ သရေဖြစ်နေလို့ ဂွာဒီယိုလာ နေမထိထိုင်မသာ ဖြစ်နေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဖိုဒန်သွင်းယူပေးခဲ့တဲ့ ဂိုးကြောင့် စိတ်သက်သာရာရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒေါ့မန်တို့ကတော့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် အဝေးဂိုး တစ်ဂိုး ရခဲ့လို့ မဆိုးဘူးလို့ ပြောနိုင်ပြီး အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေခဲ့ပါတယ်။
ဒုတိယအကျော့မှာ မန်ချက်စတာစီးတီးကို ၁-၀ ရရင် ဆီးမီးဖိုင်နယ်တက်မယ့် ဒေါ့မန်

ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီး ခံစစ်က ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့ပေမယ့် လွတ်သွားတဲ့ တစ်ကြိမ်မှာလည်း ဟာလန်းအနေနဲ့ သွင်းဂိုး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ စီးတီး တိုက်စစ်မှူး ဘာနာဒိုဆေးလ်ဗား ကတော့ ဂိုးပေါက်ပျောက်ဆုံးနေဆဲ ဖြစ်ပြီး လူစားလဲခဲ့တဲ့ ဂျီဆုစ် ဟာလည်း အားကိုးလို့မရခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပပ်ဂွာဒီယိုလာ အနေနဲ့ တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်တဲ့ ပြသနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ လိုအပ်နေခဲ့ပါပြီ။ ဒေါ့မန်တို့ကတော့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် အဝေးဂိုး တစ်ဂိုး ရခဲ့လို့ မဆိုးဘူးလို့ ပြောနိုင်ပြီး အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ လာမယ့် ရက်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ကစားဖို့ရှိပြီး ဒေါ့မန် ဟာလည်း စတုဂတ်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်