နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟောင်းနွမ်းနေတဲ့ ရီးရဲယ်ကို သစ်လွင်တဲ့‌ ခြေစွမ်းတွေနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ချဲလ်ဆီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၀ ရီးရဲယ်မက်ဒရစ်

 
(နှစ်ကျော့ပေါင်းရလဒ် ၃ – ၁)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင်တို့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရီးရဲယ်မက်ဒရစ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ သောမက်စ်တူဟယ်ရဲ့ ချဲလ်ဆီးအသင်းက အဘက်ဘက်ကနေ အသာစီးရယူ ကစားနိုင်ခဲ့ပြီး ဂိုးကံခေမှုတချို့နဲ့ ဂိုးသမားကော့တွိုက်စ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့်သာ ရီးရဲယ်မက်ဒရစ်တို့ အခုထက်ပိုပြီး ဂိုးပြတ်မရှံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ တူဟယ်ရဲ့အသင်းက ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ တီမိုဗာနာနဲ့ ကိုင်ဟာဗက်ဇ်၊ မေဆင်မောင့်၊ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကန်တေ၊ ချေးဝဲလ်၊ အက်ဇ်ပီလီကျူအာတာ၊ နောက်တန်းမှာ ခရစ္စတန်ဆန်၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ဂိုးမှာတော့ မန်ဒီတို့နဲ့ ပွဲထွက်လာပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ တိုက်စစ်မှာ ဟာဇက်နဲ့ ဘင်ဇီမာကို ထားပြီး ကွင်းလယ်မှာတော့ ခရူးစ်၊ ကတ်စီမီရို၊ မိုဒရစ်၊ တောင်ပံနှစ်ဖက်မှာတော့ ဖာလန်း မန်ဒီနဲ့ ဗင်နီးစီးယပ်စ်၊ နောက်တန်း မှာတော့ ဖာနန်ဒက်ဇ်၊ ရာမို့စ်၊ မီလီတောင်၊ ဂိုးမှာကော့တွိုက်စ် တို့ကို ပွဲထွက်ကစားစေခဲ့ပြီး ပထမအကျော့ အတိုင်း ၃-၅-၂ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ်တို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာကြောင့် ပွဲအစကတည်းက ချဲလ်ဆီးဘက်ကို လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင် လာခဲ့ပါတယ်။ ဘင်ဇီမာရဲ့ အပိုင်ကန်ချက် ၂ ကြိမ်ကို မန်ဒီ အကောင်ဆုံး ကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ ကံကောင်းသွားခဲ့ရပါတယ်။ ပွဲကစားချိန် ၁၈ မိနစ်မှာ ချဲလ်ဆီး တိုက်စစ်က တီမိုဗာနာ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေလို့ သွင်းဂိုး အဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။ အဲ့နောက် ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး တကယ်ရရှိသွားခဲ့ပြီး ကိုင်ဟာဗက်ဇ်ရဲ့ ဂိုးသမား ကော့တွိုက်စ် ကို လှလှပပကျော်သွင်းတဲ့ ဘောလုံး ဂိုးဘားတန်းထိပြီး ပြန်ထွက်လာတာကို အသင့်ရှိနေတဲ့ တီမိုဗာနာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ချဲလ်ဆီးတို့ ရီးရဲယ်မက်ဒရစ် ဘက်ကို ပိုမိုထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် နောက်ခံလူတွေရဲ့ ဖျက်ထုတ် ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေတော့ မရခဲ့ပါဘူး။ ပူလီဆစ် ဝင်လာတဲ့ အချိန်မှာ အချိတ်အဆက် ပိုမိသွားခဲ့ပြီး ရာမို့စ်၊ မီလီတောင်၊ ဖာနန်ဒက်စ်တို့ ချဲလ်ဆီးတိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပွဲချိန် ၈၅ မိနစ် မှာတော့ ပူလီဆစ်ရဲ့ ဖန်တီးပေးပို့မှု ကနေတစ်ဆင့် မေဆင်မောင့်က အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ နောက်မှာ သောမက်စ်တူဟယ် အနေနဲ့ မန်ချက်စတာစီးတီးတို့ ပီအက်စ်ဂျီကို ထိန်းချုပ်သွားတဲ့ ပုံစံအတိုင်း တစ်ဖက်အသင်းရဲ့ ဂိုးပေါက်အနားထိ တက်ပြီး ဖိအားပေးကစားစေခဲ့လို့ ရီးရဲယ်တို့ ဘယ်လိုမှကို လှုပ်လို့မရခဲ့ပါဘူး။ မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ ၂-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့တာကြောင့် ချဲလ်ဆီးတို့ နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ အနိုင်ရပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ ကြိမ်မြောက် တက်ရောက်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

တစ်ဆက်တည်းမှာပဲ ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး နည်းပြ ဇီဒန်း အနေနဲ့ အအောင်မြင်ဆုံး အသင်းကို ဘာတွေပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေပြီလဲ ဆိုတာ သဘောပေါက်သွားလောက်ပါပြီ။
ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး အသင်း ရီးရဲယ်မက်ဒရစ်

ဒီနေ့ပွဲမှာ အရင်ဦးဆုံး ချီးကျူးရမှာက နည်းပြ သောမက်စ်တူဟယ် ဖြစ်ပါတယ်။ တိုတောင်းတဲ့ ကာလအတွင်းမှာ အသင်းနဲ့ အံဝင်မယ့် နည်းစနစ်တွေကို ခပ်မြန်မြန် ရှာတွေ့ခဲ့ပြီး တစ်ပွဲနဲ့တစ်ပွဲ မတူညီတဲ့ လူထုတ်ပုံ၊ ကစားကွက်တွေနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်တစ်ခုက ကစားသမားတွေ အနေနဲ့ ပြိုင်ဘက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်အောင် ပြုပြင်ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော တူဟယ် ကတော့ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲယ်မက်ဒရစ်ကို နှစ်ကျော့စလုံးမှာ ပိုကောင်းတဲ့ ခြေစွမ်းတစ်ခုနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး နောက်ထပ် ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြန်ပါပြီ။ အသင်းသစ်နဲ့ ပွဲဦးထွက် ရာသီမှာတင် အဓိကပြိုင်ပွဲကြီး နှစ်ခုရဲ့ ဗိုလ်လုပွဲကို ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် အသင်းဟောင်း ပီအက်စ်ဂျီ ကတော့ လွမ်းနေတော့မှာ အသေအချာပါပဲ။ ချဲလ်ဆီးတို့ ကတော့ တူဟယ်ကို တာဝန်ပေးခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ဂျာမန်သား နည်းပြအနေနဲ့ ရာသီအကုန်မှာ အမှန်တကယ်ပဲ ဆုဖလားတွေ ရယူပေးနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ လက်ရှိမှာတော့ တူဟယ်က သူတို့ အနေနဲ့ အလုပ်မပြီးမြောက်သေးကြောင်း အစ္စတန်ဘူလ်ကို သွားပြီး အနိုင်ယူရဦးမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။ တစ်ဆက်တည်းမှာပဲ ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး နည်းပြ ဇီဒန်း အနေနဲ့ အအောင်မြင်ဆုံး အသင်းကို ဘာတွေပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေပြီလဲ ဆိုတာ သဘောပေါက်သွားလောက်ပါပြီ။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် စနေနေ့မှာ မန်ချက်စတာစီးတီးနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး ရီးရဲယ်မက်ဒရစ်ကလည်း ဆီဗီလာနဲ့ ကစားရမှာဖြစ်လို့ နှစ်သင်းစလုံး နောက်ထပ် ပွဲကြပ်တစ်ပွဲကို ထပ်မံ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်