နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အုပ်စု ပထမနေရာ အတွက် အမှားခံလို့ မရတော့တဲ့ ခရိုအေးရှား (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

မော်လ်တာ – ခရိုအေးရှား 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (H)ရဲ့ ပွဲစဉ် (၉) အဖြစ် မော်လ်တာနဲ့ ခရိုအေးရှားတို့ တွေ့ဆုံ ကစားဖို့ ရှိနေပါတယ်။ ခရိုအေးရှား အတွက် မော်လ်တာက ပြိုင်ဘက်ကောင်း အဆင့်မှာ ရှိမနေပေမယ့် မော်လ်တာ အိမ်ကွင်းဆိုတဲ့ အားသာချက် တစ်ခု ကိုတော့ မေ့ထားလို့ မရပါဘူး။ အိမ်ကွင်း ကစားပုံကောင်းတဲ့ မော်လ်တာရဲ့ အခြေအနေက ခရိုအေးရှား အတွက် ဖိအား တစ်ခုတော့ ဖြစ်လာစေမှာပါ။ 

နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားတဲ့ မော်လ်တာရဲ့ အခြေအနေက အုပ်စုတွင်းမှာ ဆိုရင် အိမ်ဖြည့် အဆင့်ပဲ ရှိပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ အထူးသဖြင့် ရုရှား၊ ခရိုအေးရှားတို့လို ထိပ်တန်း အသင်းတွေ အတွက် ပြိုင်ဆိုင်အဆင့် မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ကွင်းဆိုတဲ့ အခြေအနေတစ်ခု ကတော့ အားသာချက် ဖြစ်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး ၉ ဂိုး အထိ ရှိနေခဲ့တဲ့ ခံစစ်က ခရိုအေးရှား တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အိမ်ဖြည့် အဆင့် ဖြစ်တဲ့ အတွက် ဒီပွဲမှာလည်း ရမှတ် ဆိုတာထက် ဂိုးပြတ် အရေးမနိမ့်ဖို့ကိုပဲ အားစိုက် ပြင်ဆင်လာဖို့ ရှိနေပါတယ်။ ကမ္ဘာ့ဖလား မျှော်လင့်ချက် ဆိုတာထက် အိမ်ကွင်း ပရိသတ်ရှေ့မှာ ဖျော်ဖြေရေး အဆင့်လောက်အထိပဲ ကစားလာနိုင်တဲ့ အခြေအနေ အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားလို့ အဆင်မပြေပါဘူး။ ပြိုင်ဘက်ရဲ့ တိုက်စစ်အောက်မှာပဲ အချိန်ကုန်ဖို့ ရှိနေတဲ့ အခြေအနေမှာ သာမန် အခြေအနေလောက်ပဲ အားပေးရဖို့ ရှိနေပါတယ်။ တစ်ခုပဲ သတိထားရမှာက မော်လ်တာရဲ့ ကစားကွက် ပုံစံပါ။ ဘောလုံး ပိုင်ဆိုင်မှု ရယူတဲ့ နေရာမှာတော့ အားသာချက် အပြည့်ရှိနေခဲ့ပါတယ်။
 

 
အုပ်စုတွင်း အနေအထား အရ ခရိုအေးရှား အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့က သေချာသလောက် ဖြစ်ပါပြီ။ အဆင့် ၁ နေရာက ရုရှားနဲ့ ၂ မှတ်ကွာ ဆိုပေမယ့် တတိယ နေရာက ဆလိုဗက်ကီးယားနဲ့ ၇ မှတ် အထိ ကွာဟနေခဲ့တာ လက်ကျန် ၂ ပွဲသာ ကျန်တော့တဲ့ အခြေအနေမှာ အနိမ့်ဆုံး Play-Off နေရာ သေချာနေခဲ့ပြီလို့ ဆိုရမှာပါ။ ဖိအား မရှိတော့ဘူး ဆိုပေမယ့် အုပ်စု နောက်ဆုံး ပွဲစဉ် မတိုင်မီ နိုင်ပွဲရဖို့ လိုအပ် နေခဲ့ပါတယ်။ အထူးသဖြင့် ရုရှားနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မတိုင်မီ နိုင်ပွဲရထားဖို့ လိုအပ် နေခဲ့တာပါ။ ဒီပွဲမှာသာ အနိုင်ရထားမယ် ဆိုရင် နောက်ဆုံး ပွဲစဉ်မှာ အနည်းငယ် ဖိအား လျော့နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါပေမဲ့ ခရိုအေးရှားရဲ့ ပွဲထွက် လူစာရင်းမှာ ဒဏ်ရာရ ကစားသမား အချို့ ရှိနေခဲ့တာပါ။ အဓိက ကွင်းလယ် ကစားသမား မိုဒရစ်နဲ့ ဗလာဆစ်တို့ ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေ လိုအပ်ချက် တစ်ခုအဖြစ် ရှိလာနိုင်ပါတယ်။ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က အခက်အခဲကြီး မဟုတ်ပေမယ့် ပထမ အကျော့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင် ရခဲ့သလိုမျိုး ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ အနိုင်ရလဒ် တစ်ခုကိုတော့ ခရိုအေးရှားတို့ ရယူနိုင်မယ်လို့ပဲ ယုံကြည်ထားရမယ့် အခြေအနေပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၉ ကြိမ်မှာ မော်လ်တာတို့ တစ်ကြိမ်မှ အနိုင်ရထားခြင်း မရှိဘဲ ခရိုအေးရှားက ၇ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာ အရ အပြတ်အသတ် အသာရနေတဲ့ ခရိုအေးရှား အနေနဲ့ ပထမအကျော့ ထိပ်တိုက် တွေ့ဆုံမှုမှာလည်း ၃ ဂိုးပြတ် အနိုင်ရရှိထားခဲ့တာပါ။ 
 

မော်လ်တာ – ခရိုအေးရှား 

??
မော်လ်တာ – ခရိုအေးရှား အချိန်ပြည့် ဂိုးအောက် ၂.၇၅ @ ၂.၀၇
နိုဝင်ဘာလ ၁၂ ရက်၊ မနက် ၂:၁၅ နာရီ ( GMT+ ၆:၃၀)

1×2 ရဲ့ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၁၀.၅၀ ဆ၊  သရေ အတွက် ၇.၂၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၁၃ ဆ ကြေးဖွင့်ထားပါတယ်။ မော်လ်တာရဲ့ အခြေအနေက ခရိုအေးရှား အတွက် ပြိုင်ဘက် မဟုတ်ပါဘူး။ အပြန်အလှန် သွင်းဂိုး ဆိုတာထက် ခရိုအေးရှားရဲ့ တစ်ဖက်သတ် သွင်းဂိုးတွေကို မြင်တွေ့ရဖို့က ပိုများပါတယ်။  ဘောလုံး ပိုင်ဆိုင်မှုပိုင်း မှာတော့ ခရိုအေးရှားကို မော်လ်တာတို့ ယှဉ်နိုင်ပေမယ့် ကျန်တဲ့ အပိုင်းတွေ မှာတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူ။ ခရိုအေးရှား တိုက်စစ်ရဲ့ သွင်းဂိုးတွေကို ထိုင်ပြီး ရေတွက်ရမယ့် ပွဲပါ။ အိမ်ရှင် မော်လ်တာကို ငြင်းပယ်ပြီး ခရိုအေးရှားနဲ့ အကျိုးအမြတ် ရှာဖွေတာက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ခရိုအေးရှား အနိုင် သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်