နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်သင်းလုံး နိုင်ပွဲ ဆာလောင်နေပေမယ့် သရေ ရလဒ် ကသာ အမျှတဆုံး ဖြစ်လိမ့်မယ် | ဝက်စ်ဟမ်းယူနိုက်တက် – လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်းယူနိုက်တက် – လစ်ဗာပူးလ်

လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အဖြစ် ဝက်ဟမ်းစ်ယူနိုက်တက်နဲ့  လစ်ဗာပူးလ် အသင်းတို့ ထိပ်တိုက် တွေ့ဆုံ ကစားဖို့ ရှိနေပါတယ်။  ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှု  ဖြစ်လို့ ပရိတ်သတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ အသေအချာပါပဲ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ ကတည်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက လက်ရှိ အချိန် အထိ တည် ငြိမ်နေဆဲလို့ ပြောနိုင်ပါတယ်။ ပွဲစဉ် ၁၀ အပြီး ရှုံးပွဲ ၂ ပွဲ ရှိထားတယ် ဆိုပေမယ့် အသင်းကြီးတိုင်းကို အခက်တွေ့ အောင် ကစားထားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ အမှတ်တူ ဂိုးကွာ အနေအထား ရယူ ထားနိုင်တာကိုက အသိအမှတ် ပြုရမှာပါ။ အန်တိုနီယို၊ ဘိုဝမ်၊ ပါဘလိုဖော်နယ်လ်တို့ရဲ့ ခြေစွမ်း ထက်မြတ်မှုနဲ့ အတူ အသင်းရဲ့ ရပ်တည်မှု မြင့်တက် နေတာလည်း ဖြစ်ပါတယ်။ ၁၀ ပွဲမှာ သွင်းဂိုး ၂၀ ရရှိ ထားခြင်းက တစ်ပွဲ ပျှမ်းမျှ ၂ ဂိုး နှုန်း သွင်းယူ ထားနိုင်တယ်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း ဒဏ်ရာ ပြဿနာ ကင်းစင်မှုနဲ့ အတူ ပြိုင်ဘက်တိုင်းကို စိန်ခေါ် နိုင်စွမ်း ရှိနေပါတယ်။ အထူးသဖြင့် နည်းပြ မိုရက်စ်ရဲ့ ၄-၂-၃-၁ ၊ ၄-၃-၃ ကစားကွက်တွေက အသင်းနဲ့ အသားကျ လာခဲ့ပြီပဲ ဆိုရမှာပါ။ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို ခံစစ်ပိုင်း ကလည်း တည်ငြိမ်နေတဲ့ အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ရှာဖွေထားနိုင်ခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်တိုင်း ရလဒ်ကောင်းနဲ့ ပုံံစံကောင်း ရှိထားတဲ့ ဝက်စ်ဟမ်းတို့ ဒီတစ်ခေါက် ပရီးမီးယားလိဂ် ပွဲစဉ်မှာရော ဘယ်လို စွမ်းဆောင် ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ ကတည်းက လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက လက်ရှိ အချိန် အထိ တည် ငြိမ်နေဆဲလို့ ပြောနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

လစ်ဗာပူးလ်ရဲ့ ကစားပုံကတော့ ဆာလာ၊ မာနေးလ်တို့ အပေါ် မှီခိုလွန်းအား ကြီးတယ်ဆိုတာ အားလုံးက လက်ခံ ထားပြီးသားပါ။ အထူးသဖြင့် ဆာလာ ဂိုးမရတဲ့ ပွဲဆိုရင် လစ်ဗာပူးလ်ရဲ့ ရလဒ်က အကောင်းဘက်မှာ ရှိမနေပါဘူး။ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လို့ ဒီလို ပွဲစဉ်မျိုးကို အနိုင်ကစားဖို့ လိုအပ်တဲ့ အတွက် အမှားမခံတမ်း ပြင်ဆင်လာမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ဒဏ်ရာရ ကစားသမား အခြေအနေ ရှိနေတာ ကတော့ အသင်းအတွက် ထိုးနှက်ချက် တစ်ခုလို့ ဆိုရမှာပါ။ ဖေမီနို၊ ကီတာ၊ ကာတစ်ဂျုံးစ်၊ မီလ်နာ၊ ဂိုမက်ဇ်၊ အီလီရွိုက်စ် တို့ ဒဏ်ရာ အသီးသီးကြောင့် ဒီပွဲကို မပါဝင် နိုင်ပါဘူး။ ဒါပေမဲ့ နည်းပြ ကလော့ပ် အတွက် အဓိက အသက်သွေးကြော ဖြစ်တဲ့ ဆာလက်ဒ်၊ ရော်ဘင်ဆန်၊ အာနိုးလ်၊ ဗန်ဒိုက်ချ် တို့ကတော့ ပွဲကစားဖို့ အသင့် ရှိနေပါတယ်။ ဘရိုက်တန်ကို သရေကျခဲ့လို့ အဆင့် ၁ နေရာက အသင်းနဲ့ အမှတ်ကွာဟမှု မြင့်ခဲ့တာကို ပြန်လည် ချေဖျက်ဖို့ အားစိုက် လာမှာပါ။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ်က အားကိုးရလောက်တဲ့ အခြေအနေမှာ ရှိပြန်ပါတယ်။ ၁၄ ဂိုး အထိ သွင်းပြီး ၄ ဂိုးပဲ ပြန်ပေး ထားရတယ် ဆိုတဲ့ ရလဒ်က ဒီနှစ် ပရီးမီးယားလိဂ် မှာ လစ်ဗာပူးလ်တို့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောလို့ ရပါတယ်။ ပွဲချိန် ကြာလာတာ နဲ့အမျှ ခံစစ်က ဂိုးတွေ ပြန်ပေးနေရတာ ကိုတော့ လစ်ဗာပူးလ်တို့ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါ တယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၁၂၁ ကြိမ်မှာ ဝက်စ်ဟမ်းက ၂၄ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၆၇ ကြိမ်နိုင်ထားပြီး အကြိမ် ၃၀ သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာ အရ လစ်ဗာပူးလ်တို့ အပြတ်အသတ် အသာ ရနေခဲ့သလို ပြီးခဲ့တဲ့နှစ် ဝက်စ်ဟမ်း အိမ်ကွင်း တွေ့ဆုံမှုမှာလည်း လစ်ဗာပူးလ်ကပဲ ၁-၃ ဂိုးနဲ့ အနိုင် ရရှိထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဟမ်း ယူနိုက်တက် vs လီဗာပူးလ် ဂိုးပေါ် 3.25 @ 2.09
နိုဝင်ဘာလ ၇ ရက်၊ ည ၁၁:၀၀ နာရီ (GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၄.၃၀ ဆ၊  သရေအတွက် ၃.၉၅ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၇၂ ဆ ကြေးဖွင့်ထားပါတယ်။ အမှတ်ပေးဇယား အထက်အောက် အသင်းတွေ ဖြစ်တဲ့ အပြင် ရလဒ်ပိုင်းလည်း သိပ်မကွာတဲ့ အသင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ရနိုင်ပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား ကိုယ်စီကြောင့် သွင်းဂိုး အများဘက်ကို ဦးတည် လာနိုင်ခြေ ရှိနေပါတယ်။ လစ်ဗာပူးလ်ဘက်မှာ ကစား သမား အားသာချက် အနည်းငယ် ရှိနေသလို ဝက်စ်ဟမ်း ဘက်မှာလည်း အိမ်ကွင်း အားသာချက် အပြည့်ရှိနေခဲ့တာပါ။ သရေရလဒ် ထွက်ပေါ် ခဲ့ရင်တော့ နှစ်သင်းလုံး အတွက် အမျှတဆုံး အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ သရေရလဒ်ပဲ ထွက်ပေါ် လာနိုင်ခြေ များပါတယ်။

ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်