နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထုံးစံအတိုင်း နှစ်သင်းပေါင်း သွင်းဂိုး အများကို ရွေးချယ်ထားမယ် | လိဒ်စ်ယူနိုက်တက် – လက်စတာစီးတီး (ပရီးမီးယားလိဂ် ကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – လက်စတာစီးတီး

အသင်းကောင်း နှစ်သင်း ဖြစ်ပေမယ့် လက်ရှိ ရာသီ ပရီးမီးယားလိဂ် ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ လက်စတာစီးတီး တို့ရဲ့ ပွဲစဉ် ကလည်း စိတ်ဝင်စားစရာပါပဲ။ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ အကြိတ်အနယ် ရှိခဲ့ပြီး အစဉ်အလာ အတိုင်းပဲ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ဦးမယ့် ပွဲစဉ်လား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပွဲစဉ် မှာ နော့ဝှစ်ချ်စီးတီးကို အနိုင်ရခဲ့ပြီး ဒီရာသီ အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ရှာဖွေထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးဇယား အောက်ဆုံးက ခြေစွမ်းရော၊ ရလဒ်ပိုင်းမှာပဲ စုတ်ပြတ်သတ်နေတဲ့ နော့ဝှစ်ချ်စီးတီးကို ၁-၂ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရထားတာ ဖြစ်လို့ သိပ်ပြီး အထင်ကြီးစရာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီက ဟုန်းဟုန်းတောက်ခဲ့သမျှ ဒီရာသီ မှာတော့ စုန်းစုန်း ပြန်မြုပ်မလို ဖြစ်နေတဲ့ လိဒ်စ်ယူနိုက်တက်တို့ မဖြစ်မနေ ရလဒ်ကောင်းဖို့ အတွက် ဆိုရင် မာဆယ်လို ဘီရဲယ်ဆာနဲ့ နည်းစနစ်ပိုင်းကို မဖြစ်မနေ ပြင်ဆင်သင့်နေပြီ ဆိုတာ မကြာခဏလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားသား နည်းပြကြီး ကတော့ သူ့ရဲ့ ထုံးစံ အတိုင်း ခေါင်းမာမြဲ ခေါင်းမာနေဆဲ ဖြစ်ပြီး ၄-၁-၄-၁၊ ၃-၃-၃-၁ လို ကစားကွက်မျိုးကိုပဲ သုံးလို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာပြသနာ ရင်ဆိုင်နေရပြီး ဒီအချက်ကြောင့်ပဲ လိဒ်စ်တို့ ခြေစွမ်းအရရော၊ ရလဒ်ပိုင်း အရပါ သိသိသာသာ ကျဆင်းနေခဲ့ရတာ လို့ပဲ ဆိုချင်ပါတယ်။ နောက်တစ်ချက်က အထောင် တိုက်စစ်မှူး စစ်စစ် ဖြစ်တဲ့ ပက်ထရစ် ဘမ်းဖို့ဒ် ဒဏ်ရာ ရရှိနေတာကြောင့် လိဒ်စ်ယူနိုက်တက်တို့ ဂိုးရဖို့ ခက်ခဲနေပြီး ရာဖင်ညာ ရုန်းပေးနေပေမယ့် ရိုဒရီဂို၊ ဂျိမ်းစ် တို့ကတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိမနေတာ တွေ့ရပါတယ်။ အခုပွဲ မှာတော့ လိဒ်စ်ယူနိုက်တက်တို့ လူပြန်စုံလာဖို့ ရှိနေပြီး အေးလင်း၊ ဘမ်းဖို့ဒ်၊ ရော်ဘင် ကော့ချ် တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပွဲစဉ် မှာ နော့ဝှစ်ချ်စီးတီးကို အနိုင်ရခဲ့ပြီး ဒီရာသီ အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ရှာဖွေထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၁၇ နေရာမှာ ရောက်ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်

လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၈) မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့ပြီးနောက် ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ တက်သွားပြီး ပြိုင်ပွဲစုံ နိုင်ပွဲဆက်ခဲ့ပေမယ့် အာဆင်နယ်ကို ရှုံးနိမ့် အပြီး‌ မှာတော့ ခြေစွမ်း သိသိသာသာ ပြန်ကျသွားတာ တွေ့ရပါတယ်။ အဓိက ကတော့ သက်ကြီးပိုင်း ရောက်လာတဲ့ ဗာဒီရဲ့ ကြံခိုင်မှု မပြည့်ဝခြင်းနဲ့ အတူ သွင်းဂိုးတွေ မျှော်လင့်ဖို့ ခက်ခဲ့နေတာ ဖြစ်ပြီး ဒါကာနဲ့ အီရန်နာချို ဆီကလည်း သွင်းဂိုးတွေ မမြင်တွေ့ရတာ ကြာပါပြီ။ တေးလီမန့်စ်၊ ဘူဘာကာရီ ဆူမာရေး၊ ကတ်စတန်ညာ တို့ရှိနေခဲ့ ကွင်းလယ်နဲ့ တောင်ပံက ကစားပုံ ကောင်းနေပေမယ့် အီဗန့်စ်၊ ဆွန်ယွန်ချူ၊ အမာတေး တို့ရဲ့ ၃ ယောက်တွဲ ခံစစ်က တစ်ခါတစ်ရံ နားလည်မှု လွဲနေတာ တွေ့ရသလို တစ်ပွဲတစ်ပွဲ ခြေစွမ်း အတက်အကျ မမှန် ဖြစ်နေတာကြောင့်လည်း လက်စတာတို့ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတာလို့ ပြောလို့ရပါတယ်။ လက်စတာတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ ရောက်ရှိနေပြီး အခုပွဲ မှာသာ ရမှတ် ဆုံးရှုံးခဲ့မယ် ဆိုရင် အခုထက် အဆင့်ကျသွားနိုင်တဲ့ အခြေအနေမှာ ရှိနေလို့ မဖြစ်မနေတော့ အားစိုက် ကစားလာမှာ သေချာပါတယ်။ ဒဏ်ရာရ/ ပွဲပယ် စာရင်းအရတော့ အခု လာမယ့်ပွဲကို ဖိုဖာနာ၊ ဂျက်စတင်၊ အော်ဘရိုက်တန်တို့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး ရီကာဒို ပရဲရားလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ လိဒ်စ်ယူနိုက်တက်တို့ ပုံမှန် ပွဲထွက်နေကျ ၄-၁-၄-၁ နဲ့ကိုမှ မက်စ်လေယာ၊ ဒရမ်မက်၊ ယော်ယန်းတေး၊ ကူပါး၊ ဒါးလက်စ်၊ ကယ်ဗင်ဖီးလစ်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ကလစ်ခ်၊ ဟာရစ်ဆင်၊ ဂျိမ်းစ် တို့ကို အသုံးပြုလာဖို့ ရှိနေပါတယ်။ ဘရန်ဒန် ရော့ဒ်ဂျားစ် အနေနဲ့ ကတော့ ၄-၂-၃-၁ ကို ပြန်သုံးပြီး ရှမိုက်ကယ်၊ သောမက်စ်၊ ဆိုယွန်ချူ၊ အီဗန့်စ်၊ ကတ်စတန်ညာ၊ ဆူမာရေး၊ တေးလီမန့်စ်၊ ဘန်းစ်၊ မက်ဒီဆင်၊ လွတ်ခ်မန်း၊ ဗာဒီတို့နဲ့ ပွဲထက်လာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၉ ကြိမ်မှာ လက်စတာစီးတီးတို့ ၁၃ ကြိမ်အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု မှာတော့ အဲလန်ရုတ်ဒ်မှာ လက်စတာစီးတီးက ၁-၄ ရလဒ်နဲ့ အနိုင်ရထားပြီး ကင်းပါဝါမှာ ကစားခဲ့တဲ့ ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်က ၁-၃ နဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိဒ်ယူနိုက်တက် vs လက်စတာ စီးတီး ဂိုးပေါ် 3.00 @ 2.17
နိုဝင်ဘာလ ၇ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၇၁ ဆ၊ ဧည့်သည် အတွက် ၂.၄၆ ဆ၊ သရေအတွက် ၃.၄၀ ဆ  ကြေးဖွင့်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အရဆိုရင်တော့ နှစ်သင်းလုံး အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရထားခဲ့ကြပါတယ်။ တစ်ချက် သတိပြုရမှာက လိဒ်စ်မှာ ဘမ်းဖို့ဒ်ကလွဲလို့ အဓိက ကစားသမားတွေနဲ့ လူပြန်စုံနေတာ ဖြစ်ပြီး လက်စတာစီးတီးရဲ့ ခြေစွမ်း အနည်းငယ် ပြန်လည် ကျဆင်းနေတာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ၂ ဆကျော် ရမယ့် ဂိုးပေါင်း ၃.၀၀ ကို သဘောကျပါတယ်။

ခန့်မှန်းရလဒ်(၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်