နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ ထိပ်သီး အားလုံးနီးပါး နောက်တဆင့် တက်ခဲ့တဲ့ ကိုပါဒယ်ရေး ၃၂ သင်း အဆင့် ပွဲပြီးရလဒ်နဲ့ သုံးသပ်ချက်များ

အက်ဖ်အေဖလား ပွဲစဉ်တွေနဲ့ အတူ စပိန်မှာလည်း ကိုပါဒယ်ရေး ၃၂ သင်း အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး လာလီဂါ ထိပ်သီး ကလပ် တော်တော်များများ နိုင်ပွဲရခဲ့ကြပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အက်တလက်တီကိုမက်ဒရစ်က စပိန် အသင်းငယ်လေး လူဂိုကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒီပေးရဲ့ သွင်းဂိုး ၂ ဂိုး၊ ကော်ရီယာတို့ရဲ့ ဂိုးတွေနဲ့ တီကိုတို့ အနိုင်ရခဲ့တာ ဖြစ်ပြီး ကိုပါဒယ်ရေး ရှုံးထွက် နောက်တဆင့်ကို သက်တောင့်သက်သာ တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ၂ အသင်း အက်စ်ပန်ညိုနဲ့ လာလီဂါ ကလပ် ဂီတာဖေး တို့ရဲ့ ပွဲစဉ် ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး ဂီတာဖေးက ပွဲပြီးခါနီး မီလာ သွင်းယူတဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နောက်ထပ် တစ်ပွဲ မှာတော့ အမြင့်ပျံနေတဲ့ ဂီရိုနာက နိုင်ပွဲ ဆက်ခဲ့ပြီး အဲလ်ချီကို ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဗယ်လက်ကာနို ကတော့ ဟျူးစကားကို အချိန်ပိုထိ ကစားခဲ့ရပြီး ၀-၂ ရလဒ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

လာလီဂါ
ဘီလ်ဘာအို
ရီးယဲလ် ဆိုစီဒက်
1X2 ဘီလ်ဘာအို @ 2.02
ဂိုးအောက် 2.50 @ 1.72
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မနေ့ညက ကစားခဲ့တဲ့ ကိုပါဒယ်ရေး ပွဲစဉ်တွေ မှာတော့ အလာဗက်စ်နဲ့ ဘက်တစ်တို့ တွေ့ဆုံခဲ့ကြပြီး ဘက်တစ်က အဝေးကွင်းမှာ ၁-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ လက်ပြခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အသင်းငယ်လေး အရန်ဒီနာကို အဝေးကွင်းမှာ ဟိုဆေးလူ၊ ဒီရာ့ဇ်၊ ရိုဒရီဂို တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ တခြား လာလီဂါ ကလပ်တွေ ဖြစ်တဲ့ မာယော့ကာနဲ့ ဆဲလ်တာဗီဂိုတို့လည်း ဂိုးပြတ် နိုင်ပွဲတွေ ရခဲ့ကြပါတယ်။ ရုန်းကန်နေရတဲ့ ဆီဗီလာ ကလည်း လာလီဂါ ၂ ကလပ် ရေးဆင်းဒီဖာရိုလ်ကို အသည်းအသန် ကစားပြီးမှ နောက်ခံလူ ဆန်းချက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲရကာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

နောက်ကျပွဲတွေ မှာတော့ ဗလင်စီယာက ကတ်တာဂနာကို အချိန်ပိုထိ ကစားခဲ့ရပြီး ၁-၂ နဲ့ နိုင်ရခဲ့သလို ခြေစွမ်း ထက်မြတ်နေတဲ့ ဘီလ်ဘာအို ကတော့ အီဘာကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာ ကတော့ ရေကြီးခဲ့ပြီး ဘာဘစထရို ဆိုတဲ့ ဆီဂန်ဒါ ကလပ်ငယ်လေးကို အသည်းအသန် ကစားခဲ့ရပါတယ်။ ဇာဗီရဲ့ အသင်းက အဝေးကွင်းမှာ ပွဲချိန်ပြည့် လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဘာဘစထရိုက ဘာစီလိုနာ ဘက်ကို ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဘာစီလိုနာတို့ ဂိုးပေါက် ကန်ချက် ၂၄ ကြိမ် အထိ ရှိခဲ့ပေမယ့် ဘာဘစထရို အသင်း ကလည်း ဘာဆာ ဘက်ကို ၁၄ ကြိမ် အထိ ဂိုးပေါက် ခြိမ်းခြောက်မှု ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ကျန် ပွဲစဉ် ၂ ပွဲမှာတော့ ရီးရဲလ်ဆိုစီဒက်က မာလာဂါကို ၀-၁ ရလဒ်နဲ့ ကပ်နိုင်ခဲ့ပြီး လာလီဂါ ကလပ် လက်စ်ပါးလ်မက်စ် ကတော့ လာလီဂါ ၂ ကလပ် တန်နီရီဖီ အသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်