နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး အတွက် အမှားအယွင်း မရှိနိုင်တဲ့ပွဲ | မန်ချက်စတာစီးတီး – ဖူလ်ဟမ် (အက်ဖ်အေဖလား ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး vs ဖူလ်ဟမ် 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံရှစ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဖူလ်ဟမ် တို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ထိပ်တိုက်တွေ့ဆုံမှု ကလည်း စိတ်ဝင်စားစရာပါပဲ။ လက်ရှိမှာ ခြေစွမ်း အဆင့်အတန်း ကွာဟချက် ရှိနေပေမယ့် ဖူလ်ဟမ်တို့ မန်စီးတီးကို ဘယ်လောက် အတိုင်းအတာ အထိ ဒုက္ခပေးသွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ ဆောင်းရာသီ နားရက် မတိုင်ခင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၈ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ရရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ အက်ဖ်အေဖလား တတိယအဆင့်မှာ ဆွင်ဒန်တောင်း အသင်းကို ၁-၄ ရလဒ်နဲ့ သက်တောင့်သက်သာ ကျော်ဖြတ်ခဲ့တဲ့ မန်စီးတီးဟာ နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီး၊ အာဆင်နယ် တို့လို အသင်းကောင်းတွေ အနိုင်ရထားခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ သရေကျခဲ့တာ ကတော့ ချွင်းချက်လို့ ပြောလို့ ဆိုရမှာ ဖြစ်ပြီး မန်စီးတီးဟာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် ၁၇ ပွဲမှာ ၁၅ ပွဲ အထိ အနိုင်ရထားခဲ့ပါတယ်။ အဓိက အထောင် တိုက်စစ်မှူး စစ်စစ် မရှိပေမယ့် ကွင်းလယ်နဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေကြောင့် အလုပ် ဖြစ်နေတဲ့ မန်စီးတီးဟာ ပြိုင်ဘက် နောက်တန်းကို နည်းမျိုးစုံနဲ့ ထိုးဖောက်တတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား မယ်မယ်ရရ ဖြည့်တင်းမှု မပြုလုပ်ထားပေမယ့် အာဖရိကဖလား သွားကစားခဲ့တဲ့ မာရက်ဇ် ပြန်လာပြီ ဖြစ်လို့ လူစာရင်း အင်အားလည်း တောင့်တင်းနေဖို့ ရှိပြီး အခုပွဲ မှာလည်း ၄-၃-၃ ကစားကွက် နဲ့ပဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ဂျက်ဂရီးလစ်ရှ်၊ ဖိုဒန်၊ မာရက်ဇ်၊ ဂွန်ဒိုအန်၊ ဒီဘရိုင်းနား၊ ဖာနန်ဒင်ဟို၊ အေခီ၊ စတုန်းစ်နဲ့ စတီဖင် တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဖူလ်ဟမ်တို့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီးကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ၀-၁ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၈ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ဖူလ်ဟမ်

ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်လှမ်းဖို့ တာဆူနေတဲ့ ဖူလ်ဟမ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၈ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိပြီး အကောင်းဆုံး ပုံစံ ရနေတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ နောက်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်လည်း ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ဒီရာသီ ချန်ပီယံရှစ် ပွဲစဉ် ၂၈ ပွဲ ကစားပြီးချိန်မှာ ဖူလ်ဟမ်တို့ သွင်းဂိုး ၇၄ ဂိုးအထိ ရှာဖွေထားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက တော်တော်လေး အားရစရာ ကောင်းနေတာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၆ ဂိုးနဲ့ အထက် အနိုင်ရခဲ့တဲ့ ၃ ပွဲ ရှိခဲ့ပြီး ရက်ဒင်းကို ၀-၇၊ ဘရစ္စတိုးလ်နဲ့ ဘာမင်ဂမ်စီးတီးကို ၆-၂ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီးကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ၀-၁ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ကွန်ဂိုလိုနဲ့ ကာဗယ်လီယို တို့ နှစ်ဦး ဒဏ်ရာ ရရှိနေပေမယ့် မူးနစ်ဇ်၊ ကာဗယ်လ်ဟို၊ ကီဘာနို၊ ဝီလ်ဆင်၊ ချာလိုဘာ့၊ ရိဒ်၊ ဘရိုင်ယန်၊ ဟက်တာ၊ အဒါရာဘီရိုယို၊ အိုဒွိုင်း၊ ဂတ်ဇန်နီဂါ တို့ကိုတော့ ပွဲထွက် လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာစီးတီးတို့ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် အနိုင်ရထားခဲ့ပြီး အိမ်ကွင်း ၇ ပွဲဆက် ပေးဂိုး လုံးဝ မရှိအောင် စွမ်းဆောင် ထားနိုင်ပါတယ်။ ဒါ့အပြင် မန်စီးတီး အနေနဲ့ အီတီဟတ်မှာ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

??
မန်ချက်စတာစီးတီး vs ဖူလ်ဟမ် အချိန်ပြည့် ဂိုးပေါ် ၃.၅၀ @ ၁.၇၂ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ မန်စီးတီး အတွက် ၁.၁၄ ဆ ကြေးဖွင့်ထားပြီး သရေ အတွက် ၆.၈၀ဆ၊ ဖူလ်ဟမ် အတွက် ၁၀.၅၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ကျိန်းသေတာ ကတော့ လက်ရှိ ခြေစွမ်းအရ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ဖျော်ဖြေမှု ရသ အပြည့်ပေးနိုင်တဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ပေါက်ကြေးအရ ဆိုရင်တော့ မန်စီးတီး အတွက် ၁.၁၄ ဆ ဆိုတာ အရနည်းလွန်းတာကြောင့် ၂ ဆ နီးပါး ရနိုင်တဲ့ ဂိုးပေါ် ၃.၇၅နဲ့ ၃.၅၀ တို့ကို ပိုပြီး စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ချေ များနေလို့ပါ။

ခန့်မှန်းရလဒ်(၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်