နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသက် ၆၀ အရွယ်မှာတင် ကြွေလွင့်ခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနား ဂန္တဝင် မာရာဒိုနာ

မာရာဒိုနာဟာ ၁၉၈၆ခုနှစ်မှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သူဖြစ်ပြီး ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားများ အနက် တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဒီရေဂိုမာရာဒိုနာဟာ အသက် ၆၀မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂန္တဝင် မာရာဒိုနာဟာ သူ့ရဲ့နေအိမ်မှာရှိနေစဉ် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနား သမ္မတဖြစ်သူ အယ်လ်ဘတ်တို ဖာနန်ဒက်စ်ကတော့ မာရာဒိုနာ ကွယ်လွန်ခြင်းကို နိုင်ငံတော် အဆင့်အသုဘအဖြစ် သတ်မှတ်ထားပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ၃ရက်တိတိ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

ကွယ်လွန်ခြင်း အကြောင်းရင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းပိုင်းက မာရာဒိုနာ တစ်ယောက် ဦးနှောက် သွေးယိုစီးခြင်း အတွက် ခွဲစိတ်မှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဆရာဝန်ဖြစ်သူက ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ဆိုထားခဲ့ ပေမယ့် မနေ့ညက သူ့နေထိုင်ရာ နေအိမ်မှာ ရုတ်တရက် နှလုံးအမောဖောက်ပြီး ဆုံးပါးသွားခဲ့ပါတယ်။ မာရာဒိုနာ ဆုံးပါးခဲ့ပြီး ချက်ချင်းပဲ အာဂျင်တီးနား ဘောလုံးအဖွဲ့ချူပ်က အတည်ပြုခဲ့ပြီး လူမှုကွန်ရက် ကနေတစ်ဆင့် ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ကစားသမားဘဝအောင်မြင်မှုများ

မာရာဒိုနာအနေနဲ့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ၄ကြိမ်ကစားခဲ့ပြီး ၁၉၈၆ခုနှစ်မှာ ကမ္ဘာ့ဖလား ရရှိခဲ့သလို ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ မာရာဒိုနာနဲ့ ပတ်သတ်ပြီး ထင်ထင်ရှားရှား ရှိခဲ့တဲ့ အဖြစ်အပျက်ကတော့ ပွဲစဉ်အတွင်း ဘုရားပေးတဲ့လက်နဲ့ သွင်းတဲ့ဂိုးလို့ နာမည်ကျော်ခဲ့တဲ့ဂိုးကို အဂ်လန်အသင်းနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ မာရာဒိုနာဟာ အာဂျင်တီးနားအသင်း အတွက် ၉၁ပွဲ ကစားပြီး ၃၄ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကလပ်အသင်း တွေအနေနဲ့ နာပိုလီ၊ ဘာစီလိုနာ၊ ဘိုကာဂျူနီယာ အသင်းတွေမှာ ကစားခဲ့ပြီးတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ နှစ်ကြိမ်တိုင်တိုင် အသင်းပြောင်းကစားဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ နာပိုလီအသင်းအတွက် ဆိုရင်တော့ ဂန္တဝင်ကစားသမားလို့ ပြောလို့ရပြီး ၁၉၈၆-၈၇ ခုနှစ်မှာ အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် စီးရီးအေ ချန်ပီယံဆုကို ရယူပေးခဲ့တဲ့ ကစားသမား လည်း ဖြစ်ပါတယ်။ နာပိုလီကတော့ သူတို့ရဲ့ကွင်းအမည်ကို မာရာဒိုနာလို့ ပြောင်းပြီး တစ်သက်တာ ဂုဏ်ပြုဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

နာမည်ကောင်းနဲ့ ကျော်ကြားပြီး နာမည်ဆိုးနဲ့လည်း ကျော်ကြားခဲ့သူ

ဘောလုံးသမား အဖြစ်ကနေ အနားယူခါနီးအချိန်ကာလတွေမှာ မာရာဒိုနာတစ်ယောက် မူးယစ် ဆေးစွဲခဲ့လို့ ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့ပြီး သူ့အတွက် အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဆေးစစ်မှု မအောင်မြင်လို့ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ မာရာဒိုနာ အနေနဲ့ ၁၉၉၁ခုနှစ်က  နာပိုလီအသင်းမှာ ကစားနေတုန်း ကိုကင်းသုံးစွဲခဲ့လို့ ဘောလုံးကစားခွင့် ပိတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ကစားသမားဘဝက အနားယူပြီးနောက် ကလပ် အသင်းနည်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့်လည်း ကစားသမားဘဝတုန်းကလို အောင်မြင်မှု မရခဲ့ပဲ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး ကလပ်အသင်း  နည်းပြအဖြစ် ကိုတော့ ပြည်တွင်းကလပ် ဂင်မနာစီယာ အက်စ်ဂရစ်မာအသင်း မှာ နည်းပြ ပြုလုပ်ခဲ့ ပါတယ်။

မာရာဒိုနာ ကွယ်လွန်ခြင်းအတွက် နာမည်ကျော်များရဲ့ ဆုတောင်းစကားများ

“သေချာပါတယ်။ တစ်နေ့ကြရင် ကျွန်တော်တို့ ၂ယောက် ကောင်းကင်ဘုံမှာ ဘောလုံးအတူတူ ကစား ဖြစ်ပါလိမ့်မယ်”

-ပီလီ (ဘရာဇီးလ် ဂန္တဝင်ဘောလုံးသမား)

“အာဂျင်တီးနားသားတွေ အားလုံးနဲ့ ဘောလုံးလောကအတွက် အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ နေ့တစ်နေ့ပါ။ တကယ်တော့ သူကျွန်တော်တို့ကို မထားခဲ့ပါဘူး။ သူက ကျွန်တော်တို့ ရင်ထဲမှာထာဝရ ရှိနေမယ့် သူမျိုးမလို့ပါ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ အားလုံးကို ကျွန်တော် သိမ်းဆည်းထားမှာ ဖြစ်ပြီး သူ့ရဲ့မိသားစုနဲ့ မိတ်ဆွေတွေအားလုံးနဲ့အတူ ကျွန်တော် ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ပြောချင်ပါတယ်။”

-လီယွန်နယ် မက်ဆီ (အာဂျင်တီးနား လက်ရွေးစင်)

“မင်းဟာ ငါတို့ကို ကမ္ဘာ့အဆင့် ထိပ်ဆုံးကို ဆွဲတင်ပေးခဲ့တယ်။ ငါတို့အတွက် အဆုံးစွန်သော ပျော်ရွှင်မှုကိုလည်း ပေးခဲ့တယ်။ မင်းဟာ တကယ့်အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ။ အခုအချိန်ထိ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးပါ ဒီရေဂိုရေ။ ငါတို့ဘဝတစ်လျှောက်လုံး မင်းကို သတိရနေမှာပါ။”

-အဲလ်ဘတ်တိုဖာနန်ဒက်စ် (အာဂျင်တီးနား သမ္မတ)

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်