နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ကနေပဲ ထွက်ခွာခဲ့ရတဲ့ လက်ရှိချန်ပီယံ အာဆင်နယ် – အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၁ – ၀ အာဆင်နယ်

မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အာဆင်နယ်တို့ ဆောက်သမ်တန် အိမ်ကွင်း စိန့်မေရီမှာ သွားရောက်ကစားပြီး ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ အက်ဖ်အေဖလား ရဲ့ လက်ရှိချန်ပီယံ အာဆင်နယ်တို့ အနေနဲ့ အရန်ကစားသမားတွေ အများစုနဲ့ ပွဲထွက်လာခဲ့လို့ ရုန်းကန်ခဲ့ရပြီး နည်းပြအာတေးတားရဲ့ နည်းစနစ်ပိုင်းအမှားဟာ အရှုံးနဲ့ ထိုက်တန်ခဲ့ပါတယ်။

အက်ဖ်အေဖလား ရဲ့ လက်ရှိချန်ပီယံ အာဆင်နယ်တို့ အနေနဲ့ အရန်ကစားသမားတွေ အများစုနဲ့ ပွဲထွက်လာခဲ့လို့ ရုန်းကန်ခဲ့ရပြီး နည်းပြအာတေးတားရဲ့ နည်းစနစ်ပိုင်းအမှားဟာ အရှုံးနဲ့ ထိုက်တန်ခဲ့ပါတယ်။
အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်

အာဆင်နယ်တို့ တိုက်စစ်မှာ အန်ကီတီးယား၊ တောင်ပံနှစ်ဖက်မှာ မာတင်နယ်လီ၊ ပေပေ၊ ကွင်းလယ်မှာ ဝီလျံ၊ ကွင်းလယ်မှာ ရှာကာ၊ အယ်နီနီ၊ နောက်တန်းမှာ စီဒရစ် ဆွာရက်စ်၊ ဂါဘရီရယ်၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ ဂိုးမှာ လန်နို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆောက်သမ်တန်မှာတော့ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာတာတွေ့ရပြီး ဒန်နီအင့်ဂ်၊ ချေးအက်ဒမ်၊ ဝက်ဒ်ပရောက်စ်၊ ဝဲလ်ကော့တ်၊ အမ်းစတောင်း၊ ဒိုင်ယာလို၊ ဘာထရန်တို့လို တကယ့်ကို ကောင်းတဲ့ ကစားသမားတွေပါဝင်ခဲ့ပါတယ်။ အာဆင်နယ်တို့ အဝေးကွင်းမှာ လာကစားရပေမယ့် အိမ်ရှင်အသင်းကို တတ်နိုင်သမျှ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်ခြင်းမရှိခဲ့ပါတာတွေ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၂၄ မိနစ်မှာ နောက်တန်းက ဂါဘရီရယ်ရဲ့ ကို့ယ်ဂိုးကိုယ် သွင်းယူမှုကြောင့် အာဆင်နယ်တို့ ကစားပုံပျက်သွားတာ တွေ့ရပြီး ဒုတိယပိုင်းမှာ ဆာကာ၊ ပါတေး၊ လာကာဇက်တို့ ဝင်ရောက်လာခဲ့ပေမယ့် ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပဲ ၁-၀ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ အခုပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရခြင်းရဲ့ အဓိကတရားခံကို ပြောပါဆိုရင်တော့ နည်းပြ မီခယ်အာတေးတား လို့ပဲ ပြောရပါမယ်။ ဒီအဆင့်ကို ရောက်နေတဲ့ အပြင် လက်ရှိ ချန်ပီယံ ဘွဲ့ကို ကာကွယ်ရမယ့် အသင်းပီပီ အခုထက်ပိုပြီး အာရုံစိုက် ကစားသင့်တာကြောင့် အဓိက ကစားသမားတွေနဲ့ပဲ ပွဲထွက်လာသင့်ပါတယ်။ အာဆင်နယ် အနေနဲ့ လာမယ့်ပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ပဲ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိနေတာအပြင် မန်ချက်စတာယူနိုက်တက်၊ ဝုဗ်၊ အက်စတွန်ဗီလာ၊ လိဒ်စ်ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လက်စတာစီးတီး တို့ပါ ဆက်တိုက်ကစားရဖို့ ရှိနေလို့ အဓိက ကစားသမားတွေကို အနားပေးသွားခဲ့တဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် အရန်ကစားသမားတွေဟာ နိုင်ပွဲရဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူးဆိုတာ သိသာမြင်သာခဲ့ပြီး စွမ်းဆောင်ရည်လည်း  ဘယ်လိုမှ ထုတ်မပြနိုင်ခဲ့ပါဘူး။ ဆောက်သမ်တန် ကတော့ အကောင်းဆုံးပုံစံနဲ့ ကစားသွားခဲ့ပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး လုပ်နိုင်ခဲ့လို့ အက်ဖ်အေဖလား နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။

 

လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်နဲ့ အာဆင်နယ်တို့ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ထိပ်တိုက်တွေ့ဆုံနေပြီး အာဆင်နယ်တို့ အနေနဲ့ အကောင်းဆုံး လက်စားပြန်ချေနိုင်မှာလားဆိုတာ စောင့်ကြည့်ရပါမယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်