အာဆင်နယ် – ဆလားဗီးယားပရက်ဂ်
အင်္ဂလန်ထိပ်သီး အာဆင်နယ်တို့ ဒီအဆင့်မှာ ချက်ကလပ် ဆလားဗီးယားပရက်ဂ်နဲ့ ကစားရမှာ ဖြစ်လို့ ယူရိုပါလိဂ် သိပ်ပြီးတော့ ပွဲမကြပ်ဘူးလို့ ပြောလို့ရပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရလို့ ရာသီအကုန်မှာ ဥရောပပြိုင်ပွဲဝင်ခွင့်တွေရဖို့ မသေမချာ ဖြစ်နေတဲ့ ဂန်းနားတို့ ယူရိုပါလိဂ် ဟာ မျှော်လင့်ချက် တစ်ခု ဖြစ်လာနိုင်လို့ အမှားခံမယ် မထင်ပါဘူး။ မီခယ်အာတေးတားရဲ့ အသင်းက ဘာလိုနေမှန်းကို မသိရလောက်အောင် ကစားပုံက တော်တော်လေး စိတ်ပျက်စရာ ကောင်းနေပါတယ်။ အာဆင်နယ်ဆိုတဲ့ ရသပျောက်နေခဲ့တာလည်း ကြာပြီ ဖြစ်သလို ကစားသမားတွေ ကလည်း တစ်ခါတစ်ရံမှာ ပရော်ဖက်ရှင်နယ်မှ ဟုတ်ရဲ့လားလို့ တွေးရလောက်အောင်ကို အမှားတွေ မကြာခဏ ကျူးလွန်နေ ပါတယ်။ နောက်ပိုင်း နှစ်တွေထဲမှာ အဆိုးရွားဆုံး အခြေအနေ တစ်ခုကို ဖြတ်သန်းနေရတဲ့ အာဆင်နယ်တို့ ယူရိုပါလိဂ် မှာတော့ ကွာတားဖိုင်နယ် အဆင့်ထိရောက်အောင် ကစားနိုင်တာကိုပဲ ချီးကျူးရမလိုပါပဲ။ ဘင်ဖီကာကို နှစ်ကျော့ပေါင်း ၄-၃၊ အိုလံပီယာကော့စ်ကို ၃-၂ ရလဒ်တွေနဲ့ ကျော်ဖြတ်လာတဲ့ အာဆင်နယ်တို့ ခြေစွမ်းက အကောင်းကြီး မဟုတ်ပေမယ့် ပြိုင်ဘက်တွေ အနေနဲ့ အထင်သေးလို့တော့ မဖြစ်ပါဘူး။ အာဆင်နယ်ရဲ့ ကစားပုံက အစောပိုင်းမှာ အထနှေးလေ့ရှိပြီး ခံစစ်ကစားသမားတွေရဲ့ ပေါ့လျော့မှုတွေကြောင့် ပြီးခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ပွဲမှာဆိုရင် အိမ်ကွင်းမှာ ၃-၀ ပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ အခုပွဲမှာ အိမ်ကွင်းမှာ ကစားရပေမယ့် တီယာနီ၊ ဆာကာ၊ စမစ်ရိုးဝ်၊ ရှာကာ၊ ဒါးဗစ်လူးဝစ်ဇ် တို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖို့ မသေချာလို့ အခြေအနေ တစ်ခုအထိတော့ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။
ဆလားဗီးယားပရက်ဂ် ကတော့ ပရိသတ်တွေနဲ့ သိပ်မစိမ်းလှပါဘူး။ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ လက်စတာစီးတီး လို အသင်းကောင်းတစ်သင်းကို ဖြုတ်ချနိုင်ခဲ့သလို ၁၆ သင်းအဆင့်မှာလည်း စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားကို ဂိုးပြတ် အနိုင်ယူပြီး ဒီအဆင့်အထိ ရောက်လာတာ ဖြစ်ပါတယ်။ ချက်ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးနေရာ ကနေ ၁၄ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားပြီး ယူရိုပါလိဂ် ကို ဖိအားကင်းကင်းနဲ့ ကစားနိုင်နေတာလည်း ဆလားဗီးယားပရက်ဂ် အတွက် အားသာချက် တစ်ခုပါ။ နာမည်ကြီး ကစားသမားတွေ မရှိပေမယ့် စုဖွဲ့မှုကောင်းပြီး နောက်ဆုံး ၄ ပွဲဆက် ပေးဂိုးမရှိတဲ့ ဆလားဗီးယားပရက်ဂ်ရဲ့ ခံစစ်က အားရစရာကောင်းနေပါတယ်။ အခုပွဲမှာလည်း အာဆင်နယ်ကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်ဦးမယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အာဆင်နယ်တို့ ဆလားဗီးယားပရက်ဂ်နဲ့ သမိုင်းတစ်လျှောက် ၂ ကြိမ်သာ တွေ့ဆုံဖူးပြီး တစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျထားပါတယ်။ ၂၀၀၇ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နောက်ဆုံး တွေ့ဆုံကစားခဲ့ပြီး အဲ့အချိန်တုန်းက ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အာဆင်နယ် – ဆလားဗီးယားပရက်ဂ်
အာဆင်နယ် – ဆလားဗီးယားပရက်ဂ် | အချိန်ပြည့် 1×2 အိမ်ရှင် @ ၁.၅၅ ဆ | |
ဧပြီလ ၉ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀) |
1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၆.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ ဆလားဗီယားပရက်ဂ်နဲ့ ကစားချိန်တိုင်းမှာ အသာရခဲ့ပြီး တစ်ဖက်သတ် ကစားနိုင်ခဲ့ပါတယ်။ ကစားသမား တချို့ ဒဏ်ရာပြသနာရှိနေပေမယ့် အသင်းကြီး မဟုတ်တဲ့ ဆလားဗီးယားပရက်ဂ် ကိုတော့ အိမ်ကွင်းမှာ အနိုင်ရလောက်မယ်လို့ မျှော်လင့်ရတာပါပဲ။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင်လည်း အိမ်ရှင်ဘက်နေတာပဲ စိတ်ချရတာကြောင့် ဂန်းနားတို့ကို နောက်တစ်ကြိမ် ယုံကြည်လိုက်ပါလို့ပဲ ဆိုချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.