အာဆင်နယ်၃ – ၂ ဘင်ဖီကာ
ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း အဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယ အကျော့မှာ အာဆင်နယ်တို့ ဘင်ဖီကာကို အသည်းအသန်ကစားပြီးမှ ၃-၂ ရလဒ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ ပြိုင်ဘက် ဘင်ဖီကာရဲ့ ခြေစွမ်း ကောင်းမွန်မှုကြောင့် ရုန်းကန်ခဲ့ရတာ မဟုတ်ပဲ ကိုယ်တိုင် အမှားတချို့ပြုလုပ်ခဲ့လို့သာ နောက်ဆုံးအချိန်အထိ ခက်ခက်ခဲခဲ ကစားသွားခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်တို့ အခုပွဲမှာ တိုက်စစ်က အသင်းခေါင်းဆောင် ပီရာအန်းမရစ်ခ် ဦးဆောင်ပြီး ကွင်းလယ်မှာ အိုဒီဂါ၊ စမစ်ရိုးဝ်၊ ဘူကာယိုဆာကာ၊ ရှာကာ၊ ဒန်နီဆယ်ဘာယော့စ်၊ နောက်တန်းမှာ ဘယ်လာရင်၊ ဒါးဗစ်လူးဝစ်ဇ်၊ ဂါဘရီရယ်၊ ကီရင်တီယာနီ၊ ဘန်လန်နိုတို့နဲ့ ပွဲထွက်လာပါတယ်။ ဘင်ဖီကာ ဘက်မှာတော့ ရာဖာဆေးလ်ဗား၊ ဂွန်ဇာလက်ဗ်၊ ဗာတွန်ဂန်၊ ဝိုင်ဂျယ်၊ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ ဆက်ဖရိုဗစ် တို့လို ကစားသမား တွေ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်တို့ ပထမအကျော့ကလိုပဲ ဘင်ဖီကာကို ပွဲစကတည်းက တစ်ဖက်သတ် ဖိအားပေးကစားခဲ့ပြီး ခြေစွမ်းပိုင်းက အပြတ်အသတ် အသာရခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပွဲစပြီး ၂၁ မိနစ်မှာတင် အိမ်ရှင်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ဘာကာယိုဆာကာရဲ့ အကွက်မြင်မြင် ထိုးပေးတဲ့ဘောလုံးကို တိုက်စစ်မှူး အော်ဘာမီယန်းက လူကျွံထောင်ခြောက်ကနေ ပါးပါးနပ်နပ် ဖောက်ထွက်ပြီး လှလှပပသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဘင်ဖီကာတို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး ဂွန်ဇာလက်ဗ်က ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည် စတင်ချိန်မှာလည်း အာဆင်နယ်တို့ပဲ အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရသွားခဲ့တာကတော့ ဘင်ဖီကာပဲ ဖြစ်ပါတယ်။ ကွင်းလယ်က ဒန်နီဆယ်ဘာယော့စ်နဲ့ ဘယ်လာရင်ရဲ့ ပေါ့ဆမှုကနေ ရာဖာဆေးလ်ဗားက တစ်ကိုယ်တော်စွမ်းဆောင်ရည်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးပေးလိုက်ရပြီးနောက်မှာ အာဆင်နယ်တို့ အနည်းငယ်စိုးရိမ်စိတ်များသွားခဲ့ပြီး ချေပဂိုးရဖို့ လိုက်အားထုတ်ရာမှာလည်း အလွဲလွဲအချော်ချော် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၇ မိနစ်မှာ ဝီလျံရဲ့ပေးပို့မှုကနေ ကီရင်တီယာနီက ထောင့်ဖြတ်အနေအထား ကနေ ချေပဂိုး သွင်းယူပေးခဲ့တယ်။ ဒီဂိုးက အာဆင်နယ်အတွက် အလှည့်အပြောင်းလို့ ပြောနိုင်ပြီး ဒီဂိုးရပြီးနောက်မှာ ဂန်းနားတို့ စိတ်ဓာတ်တက်ကြွသွားခဲ့တာ တွေ့ရပါတယ်။ ပွဲပြီးခါနီး ၃ မိနစ်အလိုမှာတော့ အာဆင်နယ်အတွက် နောက်တစ်ဆင့်စေမယ့် ဂိုးကို ဘာကာယိုဆာကာရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှုကနေ အသင်းခေါင်းဆောင် အော်ဘာမီယန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ် တချို့မှာ အပြန်အလှန် ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဂိုးတွေ ထပ်မရခဲ့လို့ ၃-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အာဆင်နယ်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အာဆင်နယ်တို့ အခုနိုင်ပွဲဟာ ခက်ခက်ခဲခဲ ရခဲ့တယ်လို့ ပြောလို့ရသလို တစ်ဖက်က ကြည့်ရင်လည်း ကစားသမားတွေရဲ့ နိုင်လိုစိတ်ကြောင့် နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဦးချင်းအမြင်အရဆိုရင် ကွင်းလယ်က ဒန်နီဆယ်ဘာယော့စ်ကြောင့် မပေးသင့်တဲ့ဂိုးတွေ ပေးခဲ့ရတာ တွေ့ရပြီး ကွင်းလယ်က မာတင်အိုဒီဂါကြောင့်လည်း ရသင့်တဲ့ ဂိုးတွေ မရခဲ့ဘူးလို့ ပြောချင်ပါတယ်။ မာတင်အိုဒီဂါအနေနဲ့ ဘောလုံး အထိန်းအသိမ်းနဲ့ ပေးပို့မှု အပိုင်းမှာ အားသာချက်ရှိတယ်ဆိုပေမယ့် မလိုအပ်ပဲ ဘောလုံးကိုင်လွန်းတာတွေ နောက်ပြန်လှည့်ပေးလွန်းတာတွေကြောင့် အာဆင်နယ်တို့ရဲ့ အခုထက်ပိုတဲ့ တိုက်စစ်ထက်မြက်မှုမျိုးကို မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပုံအတိုင်း ဆက်သွားနေမယ်ဆိုရင် ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းပြခဲ့တဲ့ စမစ်ရိုးဝ်ရဲ့ တောက်ပမှု ရေရှည်မှာ ပြန်လည် ပျောက်ဆုံးသွားနိုင်တယ်လို့ ထင်ပါတယ်။ ဘင်ဖီကာနဲ့ ပတ်သတ်လို့တော့ များများစားစား သုံးသပ်ဝေဖန်စရာ မရှိပဲ နှစ်ကျော့စလုံး အာဆင်နယ်ကို မယှဉ်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ် ၃၂ သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီဖြစ်ပါတယ်။ အာဆင်နယ်တို့ကတော့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ မနှစ်က အရှုံးပေးခဲ့ရတဲ့ အိုလံပီယာကော့စ်နဲ့ ပြန်လည် တွေ့ဆုံနေပြီး မကျေပွဲနွှဲရတော့မှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
အာဆင်နယ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပြီး ဘင်ဖီကာ ကတော့ ရီယိုအေ့ဗ်နဲ့ ပရီးမီးယားလီဂါပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.