နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်နဲ့ ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၀ – ၀ မန်ချက်စတာယူနိုက်တက်

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ရဲ့ တွေ့ဆုံမှုကတော့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အာဆင်နယ်ရော မန်ချက်စတာ  ယူနိုက်တက်ပါ အနိုင် ၃ မှတ်နဲ့ နီးစပ်ခဲ့ပေမယ့် နှစ်ဖက်ကစားသမားတွေ ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ၊ ဂိုးသမားတွေရဲ့ ကာကွယ်မှုတွေနဲ့ ဂိုးကံခေမှုတွေကြောင့် တစ်မှတ်စီခွဲယူပြီး ကျေနပ်ခဲ့ကြရတာ ဖြစ်ပါတယ်။
 
နှစ်သင်းစလုံး ခြေတက်နေကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲတစ်တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ဒီပွဲမတိုင်ခင် ခန့်မှန်းခဲ့ကြပြီး တကယ်တမ်းကစားတဲ့အချိန်မှာလည်း ပွဲချိန်ပြည့် အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ မီခယ်အာတေးတားရဲ့ အသင်းဘက်မှာတော့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ အော်ဘာမီယန်း၊ ဆာကာ၊ တီယာနေးတို့ ပါဝင်လာခြင်းမရှိပဲ လာကာဇက်၊ နီကိုလာပေပေ၊ မာတင်နယ်လီ၊ စမစ်ရိုးဝ်၊ ချာကာ၊ သောမက်စ်ပါတေး၊ စီဒရစ်ဆွာရက်စ်၊ ဒါးဗစ်လူးဝဇ်၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ ဘန်လန်နိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ အန်တိုနီမာရှယ် ကလွဲလို့ ကျန်အဓိက ကစားသမားတွေ အားလုံး ပါဝင်တဲ့ ပုံမှန် ပွဲထွက်လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ ကာဗာနီကို အထောင်ထားပြီး တောင်ပံမှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်ကို ကစားစေခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ဘရူနိုဖာနန်ဒက်စ်၊ အထိုင်နေရာမှာ မက်တော်မီနေး၊ ဖရက်ဒ်ကို တွဲဖက်ပေးပြီး ခံစစ်မှာတော့ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီအော့ဖ်‌၊ ဝမ်ဘစ်ဆာခါတို့ကို အသုံးပြုခဲ့ပါတယ်။

ပွဲစတာနဲ့ နှစ်သင်းစလုံး စောစောစီးစီး ဦးဆောင်ဂိုး စတင်ရရှိရေးအတွက် ခပ်သွက်သွက်နဲ့ ကစားသွားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု တချို့ဟာ နှစ်ဖက်ပရိသတ်တွေ အတွက် ရင်ခုန်စရာ ဖြစ်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ အိမ်ရှင်အသင်းကို ညာတောင်ပံက ရက်ရှ်ဖို့ဒ်၊ ဝမ်ဘစ်ဆာခါတို့နဲ့ အာဆင်နယ် နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့သလို အိမ်ရှင် အသင်းကလည်း စမစ်ရိုး၊ နီကိုလာပေပေ၊ သောမက်စ်ပါတေးတို့ရဲ့ တွဲလုံးတွေနဲ့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ယူနိုက်တက်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ် မှာတော့ ဖရက်ဒ် ရဲ့ လူပေးမှားမှုကတဆင့် အာဆင်နယ်တို့ အခွင့်အရေးတစ်ကြိမ် ရခဲ့ပေမယ့် လာကာဇက် ရဲ့ ကန်ချက်ပျော့ခဲ့လို့ ဦးဆောင်ဂိုးနဲ့လွဲချော်ခဲ့ရပါတယ်။ အဲ့နောက်မှာတော့ ယူနိုက်တက်တို့ အာဆင်နယ်ဘက်ကို ထိုးဖောက်နိုင်ခဲ့ပေမယ့် အချိတ်အဆက်မမိခဲ့တာကြောင့် အကောင်းဆုံး အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရပြန်ပါတယ်။ ပွဲချိန် ၁၉ မိနစ် မှာတော့ ထောင့်ကန်ဘော က တဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဖရက်ဒ် က ဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းခဲ့ ပေမယ့် အာဆင်နယ်ဂိုးသမား လီနို က ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ၃၇ မိနစ်မှာ ကွင်းလယ်က မက်တော်မီနေး ဒဏ်ရာ ရရှိသွားလို့ မာစီရယ် ဝင်လာခဲ့ပါတယ်။ ပွဲကစားချိန် ၄၂ မိနစ်မှာလည်း မားကပ်စ်ရက်ရှ်ဖို့ဒ် ဂိုးဧရိယာထဲမှာ ဆုံးဖြတ်ချက် မပြတ်သားခဲ့လို့ ဂိုးကန်သွင်းဖို့တောင် အခွင့်အရေး မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ် ဘက်က မာတင်နယ်လီအစား ဝီလျံ ဝင်လာပြီး အာဆင်နယ်ရဲ့ တိုက်စစ် ပိုသွက်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဝမ်ဘစ်ဆာခါ၊ မက်ဂွိုင်းယား၊ ပေါ့ဘာတို့ ၃ ဦး အဝါကတ် ၃ ကတ် ဆက်တိုက် ထိခဲ့ပါတယ်။ အဲ့နောက် ယူနိုက်တက်ဘက်က ရက်ရှ်ဖို့ဒ်အစား မေဆင်ဂရင်းဝုဒ် ဝင်လာခဲ့ပြီး အာဆင်နယ် ဘက်မှာတော့ စမစ်ရိုးဝ်အစား မာတင်အိုဒီဂတ် ဝင်ရောက်ကစားခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ကာဗာနီရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေ၊ လာကာဇက်ရဲ့ ဖရီးကစ် ဂိုးဘားတန်းထိတာတွေ၊ ဒက်ဟဲယားရဲ့ ပုတ်ထုတ် ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပဲ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်းနဲ့ ကစားဖို့ရှိပြီး မန်ချက်စတာယူနိုက်တက် ကတော့ ဆောက်သမ်တန်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
အာဆင်နယ်ကို အခုရာသီမှာ နှစ်ကျော့စလုံး အနိုင်မရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မျှတတဲ့ ရလဒ်တစ်ခုလို့ ပြောလို့ရပေမယ့် နှစ်သင်းစလုံးအနေနဲ့ ဆုံးရှုံးမှုကိုယ်စီတော့ ရှိခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ အခုပွဲ ရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က မန်ချက်စတာစီးတီးနဲ့ ၃ မှတ်အထိ ပြတ်ခဲ့သလို အာဆင်နယ်ကလည်း အဆင့် ၇ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ နှစ်သင်းစလုံး အနိုင်ရသင့်တဲ့ အခွင့်အရေးရခဲ့ပေမယ့် အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် အခုရလဒ်နဲ့ပဲ ထိုက်တန်ခဲ့ပါတယ်။ ယူနိုက်တက်တို့ အတွက် အဓိက အမှားကတော့ ကွင်းလယ်က ဘရူနိုဖာနန်ဒက်စ်ကို လူစားမလဲခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ အဓိကကစားသမားတချို့မပါလို့ စွမ်းဆောင်ရည် ဒီလောက်ပဲ ထွက်ခဲ့တာ လက်ခံလို့ရပေမယ့် မန်ချက်စတာယူနိုက်တက် ကတော့ ကစားသမားတွေ လဲလှယ်အသုံးပြုပြီး အနိုင်မရှာဖွေနိုင်ခဲ့တာ ကတော့ အိုလီဂန်နာဆိုးလ်ရှားကို အပြစ်တင်သင့်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်းနဲ့ ကစားဖို့ရှိပြီး မန်ချက်စတာယူနိုက်တက် ကတော့ ဆောက်သမ်တန်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်