နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းမတည်ငြိမ်သေးတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ယူဖို့ ခက်ခဲဦးမယ့် အက်စတန်ဗီလာ

အက်စတန်ဗီလာ Vs  ရှက်ဖီးလ်ယူနိုက်တက်

လာမယ့်စက်တင်ဘာလ ၂၁ရက်နေ့ ည ၁၁နာရီ ၃၀ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ လက်ကျန်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အက်စတန်ဗီလာနဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကိုတော့ SBOTOPရဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ကြိုတင်ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။

အက်စတန်ဗီလာတို့ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ကို အခုတစ်ပတ်မှစတင်ကစားရမှာ ဖြစ်ပြီးတော့ ခြေစွမ်းမာကျောတဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ တွေ့ဆုံနေလို့ ပွဲဦးထွက်မှာရလဒ်ကောင်း နိုင်ဖို့ ရုံးကန်ရဦးမှာပါ။ ဗီလာတို့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပေမယ့် ခြေစွမ်းပိုင်းအားနည်းချက်တွေရှိခဲ့လို့ ရလဒ်တွေတော်တော်လေးဆိုးရွားခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၇နေရာမှာရပ်တည်ခဲ့ပါတယ်။ တစ်ရာသီလုံး ၃၈ ပွဲကစားရာမှာ ပွဲပေါင်း ၂၁ ရှုံးပွဲကြုံခဲ့ပြီး တန်းဆန်းဇုံရဲ့ အထက် ၁မှတ်အကွာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ နည်းပြဒင်းန်စမစ်ရဲ့ အက်စတန်ဗီလာတို့ ပြီးခဲ့တဲ့ရာသီက နိုင်ပွဲ ၉ပွဲသာရရှိခဲ့ပြီး ၇ ပွဲက အိမ်ကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းရှုံးပွဲ ၉ပွဲရှိခဲ့သလို အဝေးကွင်းရှုံးပွဲ ၁၂ပွဲအထိရှိခဲ့တာကို တွေ့ရပြီး သွင်းဂိုး ၄၁ဂိုးသာရရှိခဲ့ပေမယ့် ပေးဂိုးကလည်း ၆၇ဂိုးထိရှိခဲ့ပါတယ်။ ဒါဟာ အဆင့်၂၀ နေရာကနေ တန်းဆင်းသွားခဲ့တဲ့ နော့ဝှစ်ချ်စီးတီးပြီးရင် ပေးဂိုးအများဆုံးအသင်းလည်း ဖြစ်ခဲ့တာပါ။ ကစားစုဖွဲ့မှုကိုကြည့်မယ်ဆိုရင်လည်း ဂရေးလစ်ရှ်၊ မက်ဂျင်းန်၊အီဂျစ်ထရက်ဇီဂေးတို့လိုကစားသမားကောင်းတွေ ရှိပေမယ့် အသင်းလိုက်စုစည်းမှု အားနည်းတာကြောင့် ရှုံးပွဲတွေများခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ တန်းပြန်တက်လာပြီး ပရီးမီးယားလိဂ်ဒုတိယ ရာသီကို ဖြတ်သန်းရမယ့် အက်စတန်ဗီလာတို့အနေနဲ့ ရာသီအကြိုပြင်ဆင်မှုကောင်းကောင်းပြုလုပ်ထားနိုင်တာကို တွေ့ရပြီး ထရာအိုရေး၊ မာတီးနက်ဇ်၊ ဝက်ကင်န်စ်၊ ဆမာတာ၊ ဒရင့်ခ်ဝါးတားတို့လို့ကစားသမားကောင်းနဲ့ အင်အားဖြည့်တင်းထားပါတယ်။ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပွဲစဉ် ၁က ရွှေ့ဆိုင်းခဲ့တာကြောင့် ပွဲစဉ် ၂ ကနေစတင် ကစားရတာဖြစ်ပြီး ကြားရက်မှာကစားထားတဲ့ ခရာဘောင်ဖလား ရှုံးထွက်ဒုတိယအဆင့်မှာ လိဂ်ဝမ်းကလပ် ဘာတန်ကို ၁-၃နဲ့ အနိုင်ရထားပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပေမယ့် ပွဲဦးထွက်ရာသီမှာတင် အမှတ်ပေးဇယား အထက်ပိုင်းမှာရပ်တည်နိုင်ခဲ့ပါတယ်။
အသင်းသမိုင်းတစ်လျှောက် ၁၉၇၄-၇၅ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာရပ်တည်ပြီး အမြင့်ဆုံးရပ်တည်နိုင်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်

ဗီလာလိုပဲ ရှက်ဖီးလ်ယူနိုက်တက်ဟာလည်း ပြီးခဲ့တဲ့ရာသီကမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပေမယ့် ပွဲဦးထွက်ရာသီမှာတင် အမှတ်ပေးဇယား အထက်ပိုင်းမှာရပ်တည်နိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်တို့ ကိုဗစ်ရောဂါကြောင့် ပွဲစဉ်တွေ မရပ်နားမီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် မျှော်လင့်ချက်ရှိခဲ့ပေမယ့် ရာသီပြီးခါနီးမှာ ရမှတ်တွေဆုံးရှုံးခဲ့လို့ ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာနဲ့ကျေနပ်ခဲ့ရတာပါ။ ဒီလိုရပ်တည်နိုင်ခဲ့တာကလည်း အသင်းသမိုင်းတစ်လျှောက် ၁၉၇၄-၇၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးရပ်တည်မှုလည်း ဖြစ်ပါတယ်။ နည်းပြ ခရစ်ဝိုင်လ်ဒါကိုင်တွယ်နေတဲ့ ဓါးသွားတို့ ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ကို ကြည့်မယ်ဆိုရင် ၁၄ ပွဲနိုင်၊ ၁၂ပွဲသရေ၊ သရေပွဲရှုံးနိမ့် ခဲ့ပြီး ရဂိုး ၃၉ဂိုးပေးဂိုး၃၉ဂိုး ဂိုးကွာခြားချက်မရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ရှက်ဖီးလ်ယူနိုက်တက်တို့ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေတာ အခုအချိန်အထိပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဝုဗ်ကို မထင်မှတ်ပဲ အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ပြီး ကြားရက်ခရာဘောင်ဖလားပွဲစဉ်မှာလည်း ဘန်လေကို အဝေးကွင်းမှာ တစ်ဖက်တစ်ဂိုးစီသရေပြီး ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကလှည့်ပြန်ထားခဲ့ရပါတယ်။ ရာသီအကြိုပြင်ဆင်မှုအဖြစ် ကစားသမား ၁၂ဦးလောက်ခေါ်ယူထားတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ခံစစ်နဲ့ ကွင်းလယ်ပိုင်းတောင့်တင်းနေတာကိုလည်း တွေ့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အက်စတန်ဗီလာနဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ၂၀၁၀ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ ၈ကြိမ်သာတွေ့ဆုံထားပြီး ဗီလာက ၂ကြိမ်အနိုင်ရပြီး ရှက်ဖီးလ်ယူနိုက်တက်က ၃ကြိမ်နိုင်၊ သရေပွဲ ၃ပွဲရှိထားပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် မှာတော့ ရှက်ဖီးလ်ယူနိုက်တက်တို့ ပထမအကျော့ အိမ်ကွင်းမှာ ၂ဂိုးပြတ်အနိုင်ရပြီး ဒုတိယအကျော့ ဗီလာပါခ့်မှာတော့ ဂိုးမရှိသရေကျထားခဲ့ပါတယ်။ နှစ်သင်းစလုံးဒဏ်ရာရပွဲပယ်ကစားသမား သိပ်မရှိလို့ အဓိကကစားသမားတွေအစုံအလင်နဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။ ဓါးသွားတွေဘက်မှာ တိုက်စစ်က မက်ဂိုးလ်ဒရစ်ခ် ဦးဆောင်လာပြီး မက်ဘန်နီ၊ နောဝုဒ်၊ဘာ့ဂျ်၊ ဂျွန်လောင်စတရမ်း တို့လိုကစားသမားကောင်းတွေပါဝင်လာနိုင်ပြီး အက်စတန်ဗီလာဘက်မှာတော့ ယူရို သန်း၃၀ ကျော်အကုန်အကျခံပြီး ဘရန့်ဖိုဒ့်ကနေခေါ်ယူထားတဲ့ အိုလီဝတ်ကင်န်စ်၊ ဂျက်ဂရီးလစ်ရှ်၊ ထရက်ဇီဂေး၊ မက်ဂျင်း တို့ ပွဲထွက်လူစာရင်းမှာပါဝင်လာနိုင်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်စတန်ဗီလာ Vs ရှက်ဖီးလ်ယူနိုက်တက် အချိန်ပြည့် ဂိုးပေါင်း ၂ဂိုးမှ ၃ဂိုး @ ၁.၉၀ဆ
စက်တင်ဘာလ ၂၁ ရက်, ည ၁၁:၃၀ (GMT + ၆:၃၀)

1×2ရဲ့ပေါက်ကြေး အရဆိုရင်တော့ အိမ်ရှင်အသင်းဘက်က ၂.၆၆ ဆကြေးဖွင့်ပေးထားပြီး ဧည့်သည်ဘက်ကဆိုရင်တော့ ၂.၈၈ ဆကြေးဖွင့်ပါတယ်။ သရေအတွက်ကိုတော့ ၃.၁၅ ဆ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ နှစ်သင်းလုံးရဲ့ ခြေစွမ်းကို ခန့်မှန်းရခက်ပါတယ်။ ဗီလာကလည်း ပွဲဦးထွက်ကစားရမှာ ဖြစ်ပြီး ရှက်ဖီးလ်ယူနိုက်တက်က ပြီးခဲ့တဲ့ ပွဲမှာ ဝုဗ်ကို အရေးနိမ့်ထားတာကို ကြည့်ခြင်းဖြင့် ခြေစွမ်းမတည်ငြိမ်သေးဘူးဆိုတာသိသာပါတယ်။ အိမ်ရှင်ဗီလာတို့ ၂-၁လောက်နဲ့ ကပ်နိုင်သွားမယ်လို့ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်