နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာကို အိမ်ကွင်းမှာ ဂိုးပြတ် ခေါ်တီးလိုက်တဲ့ အက်တလက်တီကို | ကိုပါဒယ်ရေး

၂၀၂၄-၂၀၂၅ ညက ကစားသွားတဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ မှာတော့ အက်တလက်တီကိုမက်ဒရစ်က ဘာစီလိုနာကို အိမ်ကွင်းမှာ ၄-၀နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂိုးပြတ် နိုင်ပွဲကြောင့် အက်တလက်တီကိုမက်ဒရစ်တို့ တော်တော်လေး အသာစီးရသွားခဲ့ပြီး ဗိုလ်လုပွဲ တက်ရေး ဒုတိယအကျော့ကို ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ်ဟာ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာတင် သွင်းဂိုး ၄ ဂိုးနဲ့ အတူ ၁၀ ယောက်ကျန် ဘာဆာကို အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။ အက်တလက်တီကို အတွက် ဂိုးတွေ ကိုတော့ ဘာဆာ နောက်ခံလူ အဲရစ်ခ် ဂါစီယာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ စတင်ခဲ့ပြီးနောက် အန်တွန် ဂရစ်ဇ်မန်း၊ အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲစပြီး ၆ မိနစ်မှာတင် အဲရစ် ဂါစီယာက ဂိုးသမားကို မကြည့်ဘဲ နောက်ပြန်ပေးလိုက်ရာ ကနေ ဂိုးသမား ယိုအန် ဂါစီယာရဲ့ ခြေထောက် အောက်ကနေ လိမ့်ဝင်သွားပြီး ဘာစီလိုနာတို့ အဖွင့်ဂိုး ပေးလိုက်ရပါတယ်။ အဲဒီနောက် ပွဲချိန် ၁၄ မိနစ်မှာ ဘာဆာ ကစားသမားဟောင်း အန်တွန် ဂရစ်ဇ်မန်းက နာဟူးလ် မိုလီနာရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် မြေစိုက်ဘောနဲ့ ဂိုးရဲ့ အောက်ထောင့်ထဲကို ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ် မှာတော့ အဲလ်ဗာရက်ဇ်ရဲ့ ပါးနပ်စွာ ချပေးမှု ကနေ လွတ်ခ်မန်းက တတိယဂိုး အဖြစ် အဆုံးသတ်ပေးခဲ့ပါတယ်။ အဲဒီနောက် တီကိုရဲ့ သွင်ဂိုးတွေက ရပ်တန့်မသွားခဲ့ပဲ ပထမပိုင်း ပြီးခါနီးမှာ လွတ်ခ်မန်းက အဲလ်ဗာရက်ဇ်ကို ပြန်လည် ဖန်တီးပေးခဲ့ပြီး အာဂျင်တီးနားသားက ဒီဇင်ဘာလ နောက်ပိုင်း သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို အားပါ ပြင်းထန်စွာ ကန်သွင်းယူခဲ့ပါတယ်။

တီကိုသာ ကိုပါဒယ်ရေး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ရင် ရီးရဲလ်ဆိုစီဒက် သို့မဟုတ် ဘီလ်ဘာအိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ဘာဆာကို နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်တော့မယ့် အက်တလက်တီကိုမက်ဒရစ်

ဒုတိယပိုင်း ၅၁ မိနစ်မှာ ဘာဆာ နောက်ခံလူ ပါအူ ကူဘာဆီက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ တိုက်စစ်မှူး လီဝမ်ဒေါစကီး လူကျွံနေတာကြောင့် ဂိုးအဖြစ် မသတ်မှတ်ခဲ့ပါဘူး။ ပွဲပြီးခါနီး ၈၅ မိနစ်မှာတော့ အဲရစ်ခ် ဂါစီယာက အဲလက်စ် ဘေနာကို အမြင့်ဘော ဖျက်ထုတ်ရာမှာ ထိခိုက်မိခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ 

အက်တလက်တီကိုမက်ဒရစ်ဟာ ဘာစီလိုနာရဲ့ မြင့်မားတဲ့ ခံစစ်တန်း (High Line Defence) ကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီ နောက်ပိုင်း ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းမှာတင် ၄ ဂိုး ပေးလိုက်ရတာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ (ပထမအကြိမ်က ၂၀၂၀ ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးတဲ့ပွဲ ဖြစ်ပါတယ်။)

အက်တလက်တီကိုမက်ဒရစ်ဟာ ဒီနေ့ပွဲမှာ ဂိုးပေါက် ကန်ချက် ၁၂ ကြိမ် ကနေ မျှော်မှန်းဂိုး (xG) ၂.၃၃ အထိ ရှိခဲ့ပြီး အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ဘာဆာ ကတော့ ကန်ချက် ၁၄ ကြိမ် ရှိခဲ့ပေမယ့် မျှော်မှန်းဂိုး (xG) ၁.၀၂ သာ ရှိခဲ့ပါတယ်။ အဲရစ်ခ် ဂါစီယာဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီ နောက်ပိုင်း ဘာစီလိုနာ ကစားသမားတွေထဲမှာ တစ်ပွဲတည်းမှာတင် ကိုယ့်ဂိုးကိုယ်သွင်းပြီး အနီကတ်ပါ ပြခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

နောက်ပြိး အက်တလက်တီကိုမက်ဒရစ်ဟာ အိမ်ကွင်းမှာ ဘာဆာကို နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် တီကိုဟာ မတ်လ ၃ ရက်နေ့မှာ ကစားမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ အတွက် အခွင့်အရေး အများကြီး သာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာ ရှိတာက ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ အဒမ်မိုလာ လွတ်ခ်မန်း ဖြစ်ပါတယ်။ လွတ်ခ်မန်းက ဘက်တစ်နဲ့ ရှေ့ နှစ်ပွဲမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ သူ့ရဲ့ အရင်လို ပုံစံကောင်း တစ်ခုကို ပြန်ရခဲ့တယ်လို့ ဆိုရပါမယ်။ သေချာတာ ကတော့ တီကိုတို့ ရီးရဲလ်မက်ဒရစ် မပါတော့တဲ့ ဒီပြိုင်ပွဲမှာ ဘာစီလိုနာ ကိုလည်း အသာရထားပြီ ဖြစ်လို့ သူတို့သာ ဒီပုံစံကောင်းကို ဆက်ထိန်းထားနိုင်ရင် ဒီရာသီ အတွက် ဆုဖလား တစ်လုံး သေချာပေါက် ယူနိုင်တော့မှာ ဖြစ်ပါတယ်။ 

တီကိုသာ ကိုပါဒယ်ရေး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ရင် ရီးရဲလ်ဆိုစီဒက် သို့မဟုတ် ဘီလ်ဘာအိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲရဲ့ ပထမအကျော့ မှာတော့ ရီးရဲလ်ဆိုစီဒက်က ဘီလ်ဘာအို အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်