နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူခယ်အတွက် ချဲလ်ဆီးနဲ့ ပထမဦးဆုံး ယူမယ့်ဖလား – အက်ဖ်အေဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး – လက်စတာစီးတီး

လာမယ့် မေလ ၁၅ ရက်နေ့ စနေနေ့ညမှာတော့ ချဲလ်ဆီးနဲ့ လက်စတာစီးတီးတို့ အကြိတ်အနယ် နွှဲကြမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှိနေပါတယ်။ ချဲလ်ဆီးက အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ရှုံးနိမ့်ထားတဲ့ အချိန်၊ လက်စတာစီးတီးက မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ရထားတဲ့အချိန် ခြေစွမ်းပိုင်း သာမက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကလည်း အများကြီး သက်ရောက်မှု ရှိနေလို့ ဘယ်အသင်းက ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ချဲလ်ဆီးက ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပြီး တပ်ပျက်နေတဲ့ အာဆင်နယ်နဲ့ တွေ့ဆုံချိန်မှ စတန်းဖို့ဒ်ဘရစ်ချ် မှာတောင် ရှုံးပွဲကြုံသွားခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ တူခယ်ရဲ့ အသင်းက တိုက်စစ်က တီမိုဗာနာ၊ ဂိုးသမား မန်ဒီ၊ ရူဒီဂါ တို့ကို အနားပေးခဲ့တယ် ဆိုပေမယ့် အဓိက ကစားသမားတွေ အများကြီးပါဝင်ခဲ့ပါတယ်။ ခက်တာက အာဆင်နယ် ဘက်က ခံစစ်ကို လုံးဝ ပိတ်ဆို့လိုက်ချိန်မှာ ချဲလ်ဆီး အတွက် ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ကစားသမားတွေ မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုပွဲမှာလည်း လက်စတာစီးတီးရဲ့ တန်ပြန်တိုက်စစ်ကို သတိထားဖို့ လိုအပ်သလို ဂိုးပေးလိုက်ရပြီ ဆိုရင်လည်း ပြန်လည် ချေပနိုင်မယ့် super sub တွေ ရှိဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့် ချဲလ်ဆီးတို့ အသင်းကြီး ပီပီ လက်စတာစီးတီးကို ပွဲစတင်ချိန်ကတည်းက ဂိုးရဖို့ အတွက် ကြိုးပမ်းပြီး ပွဲချိန်ပြည့် လွှမ်းမိုးကစားနိုင်ဖို့ ရည်ရွယ်လာပါလိမ့်မယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်က ကိုဗာချစ် ပြန်ပါဝင်လာနိုင်ဖွယ် ရှိပြီး ကန်တေလည်း ပါဝင်လာနိုင်ဖို့ ရှိပေမယ့် ခံစစ်က ခရစ္စတင်ဆင် အနေနဲ့ကတော့ လွဲချော်ဖို့ ရှိနေပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ် ဆိုရင်  တူခယ် အက်ဖ်အေဖလား ဟာ ချန်ပီယံလိဂ် ထက်ပိုပြီး ဖြစ်နိုင်ချေ ရှိနေလို့ တူခယ်အနေနဲ့ အမှားလုပ်မယ်တော့ မထင်ပါဘူး။ အက်ဖ်အေဖလားရဲ့ တတိယ အအောင်မြင်ဆုံး အသင်း ချဲလ်ဆီးတို့ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အာဆင်နယ်နဲ့ ပွဲတုန်းကလို ပေါ့ဆမှုမျိုး ထပ်မလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

လက်စတာစီးတီး အတွက်က ၅ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု ဖြစ်လို့ အက်ဖ်အေဖလား ရရှိနိုင်ရေး အစွမ်းကုန် အားစိုက်လာမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်ကို ကျော်ဖြတ်ခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီး အတွက်က ၅ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု ဖြစ်လို့ အက်ဖ်အေဖလား ရရှိနိုင်ရေး အစွမ်းကုန် အားစိုက်လာမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ နောက်ပြီး အက်ဖ်အေဖလားနဲ့ ပတ်သတ်လာရင် လက်စတာစီးတီးတို့ ဗိုလ်လုပွဲ ၄ ကြိမ် တက်ခဲ့ရာမှာ ၄ ကြိမ်စလုံး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အစဉ်အလာဆိုးကို ချေဖျက်ဖို့ လိုလားနေမှာပါ။ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက မနှစ်ကလို ရာသီသိမ်းညံ့ခဲ့တဲ့ အခြေအနေဆိုး အောက်ကနေ ရုန်းထွက်ပြနေပြီး မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲက ခြေစွမ်းဆိုရင် တော်တော်လေး အားရစရာ ကောင်းခဲ့တာ တွေ့ရပါတယ်။ အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တာကြောင့်လည်း ကစားသမားတွေ အနေနဲ့ အနည်းနဲ့အများ စိတ်ဓာတ်ပိုင်းဆိုင်ရာက တက်ကြွနေတဲ့ သဘောရှိပြီး မထင်မှတ်တာတွေ လုပ်ပြပြီး ချဲလ်ဆီးကို အနိုင်ယူဖို့ ပြင်ဆင်ထားမှာ သေချာပါတယ်။ လက်ရှိ လက်စတာစီးတီးမှာ ဟာဗေးဘန်းစ်၊ မော်ဂန်၊ ဂျက်စတင်၊ ဂျွန်နီ အီဗန့်စ်တို့ ဒဏ်ရာရနေပါတယ်။ ဒါပေမယ့် အီဗန့်စ် အနေနဲ့ အခုပွဲမှာ ပြန်လည် ပါဝင်နိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပြီး သူသာ ကစားနိုင်ခဲ့မယ်ဆိုရင် ခံစစ် ၄ ဦးကစားကွက်နဲ့ပဲ ပွဲထွက်လာမယ့် သဘောရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချဲလ်ဆီးတို့ ၂၀၁၂ ခုနှစ် နောက်ပိုင်း လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အနိုင်ရခဲ့ပြီး ၂၀၁၂ ခုနှစ်က ၅-၂ နဲ့ အနိုင်ရခဲ့သလို ၂၀၁၈ ခုနှစ် ကွာတားဖိုင်နယ်တုန်းက အချိန်ပိုမှာ ၁-၂၊ ၂၀၂၀ ခုနှစ် ကွာတားဖိုင်နယ်မှာ ၀-၁ နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်