နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာနဲ့ဆို အမှားနည်းတဲ့ ဆိုးလ်ရှားရဲ့ အသင်းကိုပဲ ယုံကြည်ထားလိုက်ပါ | မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ 

အခု ဆက်လက်ပြီး စနေနေ့ ညနေ ၆ နာရီမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ပွဲကြိုခန့်မှန်းမှု တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗီလာနဲ့ တွေ့ဆုံချိန် အများစုမှာ ရလဒ် ကောင်းခဲ့ပေမယ့် လက်ရှိမှာ ဒင်းန်စမစ်ရဲ့ အသင်းက ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားသလို ပုံမှန် ခြေစွမ်း ပြန်ရနေလို့ ကျိန်းသေပေါက် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲတော့ ဖြစ်လာဦးမှာပါ။

ဗီလာ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ အားရစရာ ခြေစွမ်းနဲ့ အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူခဲ့ပေမယ့် လိဂ်ဖလား ပွဲစဉ် မှာတော့ ချဲလ်ဆီးကို ရှုံးနိမ့်ထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

ချီးကျူးလို့မှ မဆုံးသေး ယောက်မ မြင်းစီး ထွက်ပြတတ်တဲ့ ဆိုးလ်ရှားတို့ သရဲနီ အုပ်စု ကတော့ ကြားရက်က လိဂ်ဖလား ရှုံးပွဲကို ဖြေသိမ့်ဖို့ ဗီလာ ဆီကနေ ကျိန်းသေပေါက် အနိုင် ၃ အရ ယူဖို့ အားခဲလာပါလိမ့်မယ်။ စောစောစီးစီး ဆုဖလား ၁ လုံး စွန့်လွှတ်ခဲ့ရပြီ ဆိုပေမယ့် ယှဉ်ပြိုင်သမျှထဲမှာ အနိမ့်ဆုံး ပြိုင်ပွဲ ဖြစ်နေလို့ သိပ်တော့ ဝမ်းနည်းစရာ မရှိပါဘူး။ ယူနိုက်တက်တို့ အခုနှစ် အတွက် ရှုံးထွက် ပြိုင်ပွဲ ၂ ပွဲကစားပြီး ၂ ပွဲလုံး ရှုံးနိမ့်ထားပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခပ်မြင့်မြင့် ပျံနေဆဲ ဖြစ်ပါတယ်။ အဆင့် ၃ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် ၅ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲ မရှိ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့်သာ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ အနောက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ အတွက် နောက်ထပ် အားတက်စရာ အချက် တစ်ချက်က ဆိုးလ်ရှား ဟာ ဗီလာနဲ့ တွေ့ဆုံချိန်တိုင်း တစ်ခါမှ မရှုံးခဲ့ဘူးသလို ၃ ပွဲနိုင်၊ ၁ ပွဲ သရေ ဆိုတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနိုင်ရခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲက ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်လို့ ဆိုးလ်ရှား အနေနဲ့ ဗီလာကို ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာ ကောင်းကောင်း နားလည်နေပါလိမ့်မယ်။ ပွဲထွက်ကစားသမားတွေ အနေနဲ့တော့ တိုက်စစ်မှာ ရော်နယ်ဒိုပဲ သေချာပေါက် ပွဲထွက်လာမယ့် သဘောရှိပြီး ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဗာရန်း၊ ဂရင်းဝုဒ်၊ ဖရက်ဒ်၊ တော်မီနေး၊ ဝမ် ဘစ်ဆာခါ၊ ရှော၊ မက်ဂွိုင်းယား၊ ဒက်ဟဲယား တို့ပဲ ပါဝင်လာဖို့ ရှိနေပါတယ်။ 

ဗီလာ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ အားရစရာ ခြေစွမ်းနဲ့ အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူခဲ့ပေမယ့် လိဂ်ဖလား ပွဲစဉ် မှာတော့ ချဲလ်ဆီးကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဗီလာတို့ ချဲလ်ဆီးကို ပွဲချိန်ပြည့် ခြေရည်တူ ကစားပြီးမှ ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာကြောင့် ခြေစွမ်းပိုင်းအရ လုံးဝ လျှော့တွက်ထားလို့ မရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒင်းန်စမစ်ရဲ့ အသင်းမှာ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ရှိနေပြီး အခုလာမယ့် ပွဲအတွက် ဆိုရင် မက်ဂင်း၊ ဘိုင်လီ၊ တားဂတ်၊ ဆန်ဆွန်၊ ကီနန်ဒေးဗီးစ်၊ ထရက်ဇီဂတ်၊ တွမ်ဇီဘီတို့ လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒန်နီအင့်ဂ်၊ အိုလီဝက်ကင်န်စ် တို့လို ယူနိုက်တက် နောက်တန်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ကျန်ရှိနေသေးသလို အက်ရှ်လေယန်း၊ လူးဝစ်ဇ်၊ ကတ်ရှ်၊ မင်းဂ်စ်နဲ့ ဂိုးသမား မာတီနက်ဇ် ကရော ဘယ်လောက်အထိ ကာကွယ်မှုတွေ ပြုလုပ်နိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးပါမယ်။
 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူနိုက်တက်ဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ ၁၆ ကြိမ်စလုံး တစ်ခါမှ မရှုံးခဲ့ပါဘူး။ ၁၃ ကြိမ် အနိုင်ရပြီး ၃ ကြိမ်သာ သရေကျထားတဲ့ အစဉ်အလာဟာ တော်ရုံတော့ မဟုတ်ပါဘူး။ တွေ့ဆုံမှု အများစုမှာ အပြန်အလှန် ဂိုးတွေ သွင်းလေ့ရှိပြီး နှစ်သင်းပေါင်း ၂ ဂိုးအောက် ရလဒ်နဲ့ ပွဲပြီးခဲ့တယ် ဆိုတာ ခပ်ရှားရှားရယ်ပါ။  
 

မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ 

??
မန်ချက်စတာယူနိုက်တက် – အက်စတွန်ဗီလာ အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၄၂ ဆ
စက်တင်ဘာလ ၂၅ ရက် , ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 မှာ အိမ်ရှင် အတွက် ၁.၄၂ ဆ၊ ဧည့်သည် အတွက် ၈.၁၀ ဆနဲ့ သရေ အတွက် ၅.၂၅ ဆ ကြေးဖွင့်ထားတာ‌ ဗီလာတို့ ဘယ်လောက်ပဲ ခြေတက်နေပါစေ။ ယူနိုက်တက်နဲ့ တွေ့ရင် အမြဲတမ်းလိုလို ခက်ခဲ သွားလေ့ ရှိပါတယ်။ အဲ့တော့ သေချာပေါက် ယူနိုက်တက် ဘက်မှာပဲ ရပ်တည်ရမှာ ဖြစ်ပြီး ဂိုးပေါင်း ၃ ဂိုးနဲ့ ၃ ဂိုးနဲ့ အထက်ကိုပါ ထည့်သွင်း ရွေးချယ်စေချင်ပါတယ်။ ရော်နယ်ဒို ဦးဆောင်လာမယ့် တိုက်စစ်က အိုးထရက်ဖို့ဒ် ငယ်နိုင်ဖြစ်နေတဲ့ ဗီလာ ခြင်္သေ့ တွေကို သွင်းဂိုးတွေနဲ့ ဆုံးမပါလိမ့်မယ်။ 

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်