နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါရဲ့ ထာဝရအကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု (သို့မဟုတ်) ၂၄၅ကြိမ်မြောက် အလ်ကလက်ဆီကို ဒါဘီ

ဘာစီလိုနာ vs ရီးရဲမက်ဒရစ်

လာမယ့်အောက်တိုဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာ ကမ္ဘာပေါ်က အကောင်းဆုံး ဒါဘီပွဲစဉ်ဖြစ်တဲ့ အလ်ကလက်စီကို ဒါဘီလို့သိကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ် တို့ရဲ့ စပိန်လာလီဂါ ထိပ်တိုက်တွေ့ဆုံမှု ရှိနေပါတယ်။ လက်ရှိရာသီမှာ အခက်အခဲကိုယ်စီရင်ဆိုင်နေရပြီး ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးနေကြပေမယ့် စပိန်ရဲ့ ဒိတ်ဒိတ်ကျဲ ထိပ်သီးနှစ်သင်း တွေ့ဆုံမှုဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာပါ။

ကမ္ဘာ့ဖလားပြီးရင် လူစိတ်ဝင်စားမှု အများဆုံး ပွဲတစ်ပွဲ ဖြစ်ပြီး တစ်သင်းကို ၉၆ ပွဲစီ အနိုင်ရရှိထားခဲ့တဲ့  ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ လာလီဂါ ပြိုင်ဆိုင်မှုကတော့ ထုံးစံအတိုင်း ပြင်းထန်လာဦးမှာပါ။ နောက်ဆုံး ၃ နှစ်တာ ကာလအတွင်း ဘာစီလိုနာတို့ အိမ်ကွင်း နူးကမ့်မှာ ရီးရဲမက်ဒရစ်ကို လုံးဝရှုံးနိမ့်ထားခြင်းမရှိသလို ထိပ်တိုက်တွေ့ဆုံမှုတော်တော်များများမှာ အသာရထား ပါတယ်။ ဘာစီလိုနာတို့ အခုရာသီအစမှာ မက်ဆီရဲ့ အပြောင်းအရွှေ့ပြသနာအပြင် အသင်းတာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ချစားမှု အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေ ထိခိုက်မှုတွေ၊ ဘုတ်အဖွဲ့ဝင်တွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ရုံးကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရော်နယ်ကိုးမန်း ဦးဆောင်နေတဲ့ ကတ်တာလန်အခြေစိုက် အသင်း အနေနဲ့ အဓိကကစားသမား တော်တော်များများကို အသင်းကနေ ထွက်ခွာခိုင်းခဲ့လို့ ရာသီအဖွင့်ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း ယိမ်းယိုင်သွားမယ်လို့ အားလုံးက ကြိုတင်ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် မက်ဆီအနေနနဲ့ ပရော်ဖက်ရှင်နယ်ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နေသလို လူငယ်ကစားသမားလေး ဖရန်ကီဒီယောင်နဲ့ အန်ဆုဖာတီတို့ရဲ့တောက်ပမှု တကျော့ပြန် ကော်တင်ဟို ရဲ့ စိတ်အားထက်သန်စွာနဲ့ ခြေစွမ်းပြနေတဲ့ အချက်တွေက ဘာစီလိုနာအသင်းကို အများကြီး ထိခိုက်နိုင်မယ့် အခြေအနေတွေကနေ ကယ်တင်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ။ ဘာစီလိုနာတို့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၄ပွဲမှာ ၂ပွဲ၊ ၁ပွဲသရေ၊ ၁ပွဲရှုံးရမှတ် ၇မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉နေရာမှာရပ်တည်နေခဲ့ပါတယ်။ ဒီနှစ်မှာ မက်ဆီအနေနဲ့ ၄ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၁ဂိုးပဲ ရသေးတယ်ဆိုပေမယ့် အသင်းကို အကောင်းဆုံး တည့်မတ်ပေးထားနိုင်တာတွေ့ရပါတယ်။ နောက်ပြီး ၄ပွဲကစားပြီး ၃ဂိုးသွင်းထားတဲ့ အန်ဆု ဖာတီရဲ့ တောက်ပမှုကတော့ ဘာစီလိုနာကို အခုလို အခြေအနေမှာ ရပ်တည်နိုင် ထိန်းထားပေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာစီလိုနာတို့ လာလီဂါ ရာသီအစမှာ ဗီလာရီးရဲယ်ကို ၄ဂိုးပြတ်၊ ဒုတိယပွဲစဉ်မှာ ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ပွဲစဉ် ၃နဲ့ ၄ မှာတော့ ဆီဗီယာကို သရေကျပြီးနဲ့ ဂီတာဖေးကိုတော့ ရှုံးနိမ့်ထားပါတယ်။ မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာတော့ ဟန်ဂေရီကလပ် ဖီရန်ဗားရို့စ်ကို အိမ်ကွင်း ကမ့်နူးမှာ ၅-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။

လက်တလောမှာတော့ ရီးရဲယ်မက်ဒရစ်တို့ ရမှတ် ၁၀မှတ်နဲ့ လာလီဂါအမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်နေခဲ့ပါတယ်။
လူငယ်ကစားသမားသစ်တွေနဲ့ လာလီဂါမှာ အောင်မြင်မှုရဖို့ ရုန်းကန်ရမယ့် ရီးရဲယ်မက်ဒရစ်

ပြိုင်ဘက် ရီးရဲမက်ဒရစ်ကတော့ အသင်းမှာ ဘာပြသနာမှမရှိပေမယ့် ကြယ်စင်စုခေတ်က ကစားသမား တွေ တဖြေးဖြေး မရှိတော့တဲ့ နောက်မှာ အသင်းရဲ့ပုံစံ တဖြေးဖြေး ပျက်လာတဲ့ သဘောမှာ ရှိနေပါတယ်။ စီရော်နယ်ဒို အသင်းကနေ ထွက်ခွာသွားချိန်မှာ အရင်ဆုံးသိသာခဲ့ပြီး အခုအချိန်မှာ ရီးရဲမက်ဒရစ် အဓိက ကြုံတွေ့နေရတဲ့ ပြသနာဟာ ခံစစ်ပိုင်းလိုအပ်ချက် ကြောင့် ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ် မပါဝင်နိုင်တဲ့ အချိန်မှာ ရီးရဲယ်မက်ဒရစ်ရဲ့ ခံစစ်က တော်တော်လေးအမှားများပြီး ဗာရန်းနဲ့ မီလီတောင်ရဲ့ တွဲဖက်မှုက ကမ္ဘာ့အကောင်းဆုံး ခံစစ်ရှိတယ်ဆိုတာ ယုံနိုင်ဖွယ်မရှိအောင်ကို ညံဖျင်းနေခဲ့ပါတယ်။ နောက်တစ်ခုက တိုက်စစ်အတွက် ကီရင်ဘန်ဇီးမားကို အားကိုးလွန်းနေတဲ့ အပြင်  မာကို အဆန်ဆီရို၊ ရိုဒရီဂို၊ လူကာယိုဗစ်တို့ကလည်း အားရစရာ ခြေစွမ်းရှိမနေတာတွေ့ရပါတယ်။ ငွေပုံအောပေးပြီး ခေါ်ယူထားတဲ့ အီဒင်ဟာဇက်ရဲ့ ဒဏ်ရာပြသနာကလည်း အသင်းအပေါ်မှာ တော်တော်လေးထိခိုက်မှု ရှိနေခဲ့တာပါ။ ဇီးရိုးဘက်ဂျက်နဲ့ အသင်းကို ပြောင်းလဲတည်ဆောက်နေတဲ့ အချိန်မျိုးမှာ နည်းပြ ဇီဒန်းအတွက် ရွေးချယ်စရာ သိပ်မရှိတာက ၅နှစ်ကျော်ကာလ အတွင်း ချန်ပီယံလိဂ် ဖလား ၄ကြိမ် ရရှိထားတဲ့ အသင်းတစ်သင်းကို အောက်ခြေထိ လျင်လျင်မြန်မြန် ထိုးကျသွား‌ဖို့ အထိ ဖြစ်သွားနိုင်ပါတယ်။ ရီးရဲမက်ဒရစ်တို့  နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၃ပွဲနိုင်ပြီး ၂ပွဲရှုံးနိမ့် ထားပါတယ်။ တန်းတက် ကာဒစ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲဟာ ခြေချော်မှုတစ်ခုလို့ သတ်မှတ်နိုင်ပေမယ့် ယူကရိန်းကလပ် ရှက်တာဒိုးညက်စ်ကို အိမ်ကွင်းမှာ ကစားပြီး ကစားကွက်ရော ရလဒ်ပိုင်းမှာပါ ရှုံးနိမ့်ခဲ့တာ ကတော့ လက်ခံနိုင်စရာမရှိပါဘူး။ နောက်ပြီးတော့ မက်ဒရစ်ကို လာကစားတဲ့ ရှက်တာဒိုးနက်စ်ရဲ့ အဓိကကစားသမား ၈ဦးအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ အချိန်မှာ ၃ဂိုးအရင်ပေးပြီးမှာ နောက်က ၂ဂိုးလိုက်သွင်းခဲ့ရတဲ့ ရီးရဲယ်မက်ဒရစ်ရဲ့ အဆိုးရွားဆုံးပုံစံကို လည်း ပထမဦးဆုံး မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်တလောမှာတော့ ရီးရဲယ်မက်ဒရစ်တို့ ရမှတ် ၁၀မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်နေခဲ့ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

စပိန်နယ်မြေအရေးနဲ့ အုပ်ချုပ်ရေးတွေကို ဆန့်ကျင်ခဲ့တာကနေစလို့ အလ်ကလက်စီကို ဒါဘီလို့ ဖြစ်လာတဲ့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ရဲ့ တွေ့ဆုံမှု အကြိမ်စုစုပေါင်း ၂၄၄ ကြိမ်အထိရှိခဲ့ပြီ ဖြစ်သလို ဘာစီလိုနာ က ၉၆ကြိမ်အနိုင်ရပြီး ရီးရဲယ်မက်ဒရစ်က ၉၆ ကြိမ်အနိုင်ရထားပါတယ်။ မနှစ်က ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ်က ဘာစီလိုနာကို တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဘာစီလိုနာပဲ အသာရတာပိုများခဲ့ပါတယ်။ ဒဏ်ရာရပွဲပယ်စာရင်း ကိုကြည့်မယ်ဆိုရင် ရီးရဲယ်မက်ဒရစ်မှာ အိုဒရီယိုဇိုလာ၊ ကာဗာဟယ်၊ အီဒင်ဟာဇက်၊ မာရီယာနို ဒီးရာ့ဇ် နဲ့ မာတင်အိုဒီဂတ်တို့ ဒဏ်ရာရရှိနေပြီး ဘာစီလိုနာမှာတော့ ယော်ဒီအဲလ်ဘာ၊ အမ်တီတီနဲ့ တာစတီဂန်တို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘာစီလိုနာ vs ရီးယဲလ်မက်ဒရစ် 1X2 သရေ @ 3.45
အောက်တိုဘာလ ၂၄ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အတွက် ၂.၀၃ ဆ၊ ဧည့်သည်အတွက် ၃.၅၀ဆ နဲ့ သရေအတွက်ကိုတော့  ၃.၄၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပေါက်ကြေးအရရော လက်ရှိခြေစွမ်းပိုင်းအရပါ ဘာစီလိုနာဘက်က ရပ်တည်တာ ပိုပြီး မှန်ကန်နိုင်ပေမယ့် သရေရလဒ်ကိုတော့ ပိုသဘောကျနေပါတယ်။ ဒီပွဲမှာ ရီးရဲယ်မက်ဒရစ်‌ နောက်တန်းက ရာမို့စ် ပြန်ပါလာဖို့ ရှိလို့ သရေရလဒ်ကို ရွေးချယ်တာက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်လာမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်