နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ မြေခွေးတွေကို အမဲလိုက်မယ့် ခြင်္သေ့ပြာများ | အက်ဖ်အေဖလား ကွာတားဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး လက်စတာစီးတီး

အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေထဲက နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ် တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ လက်စတာစီးတီးတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ ပဉ္စမအဆင့် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ခက်ခက်ခဲခဲ ကစားပြီးမှ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာ ချဲလ်ဆီးက ပုံစံကောင်း ပြန်ရနေခဲ့ပြီးတော့ လစ်ဗာပူးလ်ကို ရှုံးနိမ့်ပြီး နောက်ပိုင်း ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ နေရာ ရောက်နေတာကြောင့် ဥရောပဝင်ခွင့် အတွက် မသေချာဖြစ်နေပြီး ဖလား တစ်လုံး မျှော်လင့်ချက် အတွက်လည်း ရှုံးထွက် ပြိုင်ပွဲတွေကို အားစိုက်နေတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
တော့တင်ဟမ် ဟော့စပါး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

လက်စတာစီးတီး ကတော့ ပုံစံကောင်း တစ်ခုနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ ကြိုးစားနေပေမယ့် နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ အဓိက ပြိုင်ဘက် လိဒ်စ်ကို ဂိုးပြတ် ရှုံးနိမ့်ပြီး နောက်ပိုင်း လက်စတာစီးတီးတို့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ လက်စတာစီးတီးရဲ့ အက်ဖ်အေဖလား ဖြတ်သန်းမှုကို ကြည့်ရင် မီဝေါလ်နဲ့ ဘုန်းမောက်တို့ကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ ချဲလ်ဆီး ဘက်က ဖိုဖာနာ၊ လာဗီယာ၊ ဂျိမ်းစ်၊ ကိုးဝဲလ်၊ အူဂိုချူကဝူ၊ အန်ကွန်ကူ၊ ဘာဒီယာရှီးလ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။

လက်စတာစီးတီး မှာတော့ ရီကာဒို ပါရဲရား၊ မက်အတီး၊ ပရတ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဒီယာဆီ၊ ချာလိုဘာ့ရ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ မူဒရစ်ခ်၊ ကိုးလ် ပါးလ်မား၊ စတာလင်၊ ဂျက်ဆန်

လက်စတာစီးတီး ဟာမန်ဆန်၊ ချောင်ဟူရီ၊ ဖေးစ်၊ ဗက်စတာဂတ်၊ ဂျက်စတင်၊ ဒူးစ်ဘာရီ ဟောလ်၊ ဝင့်ခ်၊ ဖာတာဝူ၊ အက်ဂန်း၊ မာဗီဒီ၊ ဒါကာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၃ ကြိမ် နိုင်ပြီး လက်စတာစီးတီး ကတော့ ၄ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ချဲလ်ဆီးက ၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီးက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး လက်စတာစီးတီး ကလည်း အတူတူပါပဲ။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၁.၄၀ ဆ၊ လက်စတာစီးတီး နိုင်ရင် ၆.၂၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၄၇ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ချဲလ်ဆီးက သရေ အရှုံး၊ ၁လုံး သရေကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ ချဲလ်ဆီးဟာ လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရပြီး ၁ ပွဲသာ သရေကျထားတဲ့ အထိ ရလဒ်ကောင်းခဲ့ပါတယ်။ လက်ရှိ ကစားသမား အင်အားချင်းကလည်း ကွာဟနေတာမလို့ လက်စတာတို့ ချဲလ်ဆီးကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ ချဲလ်ဆီးပဲ ကြိုက်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်