နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာနှုန်းပြည့် အနိုင်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်လာတဲ့ ဘရာဇီးလ် (ပွဲပြီးသုံးသပ်ချက်)

ဗင်နီဇွဲလား ၁ – ၃ ဘရာဇီးလ်

ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘရာဇီးအသင်းအနေနဲ့ တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ မှာတော့ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားခဲ့တဲ့ ဗင်နီဇွဲလားတို့ ၈ ပွဲ ကစားဖို့ ကျန်သေးပေမယ့် Play-off နေရာက အသင်းနဲ့ ၁၀မှတ် ကွာဟခဲ့ပြီဖြစ်လို့ ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် အရမ်းကို နည်းသွားခဲ့ပြီလို့ ပြောလို့ ရပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီပွဲစဉ် မတိုင်မီ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် ၈ပွဲလုံး အနိုင်ရထားတဲ့ ဘရာဇီး အနေနဲ့ အမှတ်ပေးဇယား အောက်ဆုံးက ဗင်နီဇွဲလားကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားပြီးမှ အနိုင်ရရှိခဲ့တာပါ။ ၄-၄-၂ အခြေခံပြီး သီယာဂို ဆေးဗားလ်၊ ဂါဘရီရယ် ဂျီဆုစ်၊ ဖာဘင်ဟို တို့နဲ့ လူစုံခဲ့တဲ့ ဘရာဇီးကို ခံစစ်ထက် တန်ပြန် တိုက်စစ်၊ တောင်ပံ တိုက်စစ် ကစားပုံကောင်းနဲ့ အတူ ဖိအားပေးခဲ့တဲ့ ဗင်နီဇွဲလားရဲ့ ကစားပုံကလဲ အထင်ကြီးစရာကောင်းခဲ့ပါတယ်။ နိုင်ပွဲ ရဖို့ လိုအပ်နေတဲ့ ဗင်နီဇွဲလားအသင်းရဲ့ အားစိုက်ကစားမှုက ဘရာဇီး အတွက် အခက်တွေ့စေခဲ့တယ် လို့လည်း ဆိုနိုင်ပါတယ်။ တိုက်စစ်မှူး ရာမီးရက်ဇ်ရဲ့ ပွဲချိန် ၁၁ မိနစ် ဦးဆောင်ဂိုးက ဘရာဇီးအသင်းကို ရှုံးပွဲ ကြုံတွေ့သွား နိုင်လောက်တဲ့ အခြေအနေ အထိ ဖြစ်သွားစေခဲ့တာပါ။ ဒါပေမဲ့ ဘရာဇီး နည်းပြတီတီရဲ့ နည်း ဗျူဟာ အပြောင်းအလဲ မှန်ကန်ခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ လိုင်ယွန်တိုက်စစ်မှူးပါကွေတာရဲ့နေရာမှာ ရီးရဲယ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီဆီးယပ်စ်ကို ထည့်သွင်းခဲ့တာက နိုင်ပွဲရဖို့ အစပြုခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ် နောက်ပိုင်း ဗင်နီဇွဲလားရဲ့ ကစားအား ကျဆင်းမှုကို ဘရာဇီးတို့ အခွင့်ကောင်းယူခဲ့ပြီး တရစပ် တိုက်စစ်ဆင်မှုတွေကြောင့် ဂိုးရလုနီးပါး အခြေအနေတွေ အထိ ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားအသင်း ရဲ့ တန်ပြန် တိုက်စစ်ကလည်း ဘရာဇီး ဂိုးသမား အယ်လီဆွန်ကို အလုပ်ရှုပ်စေခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာ မာကွင်ဟို့စ်ရဲ့ ခေါင်းတိုက် သွင်းဂိုး၊ ပွဲချိန် ၈၅ မိနစ်မှာ ဘာဘိုဆာရဲ့ ပင်နယ်တီ သွင်းဂိုးတွေက ဗင်နီဇွဲလားရဲ့ ကစားအားကို လုံးဝ ကျဆင်းစေခဲ့ပြီး တိုက်စစ်ထက် ခံစစ်မှာပဲ အချိန်ကုန်စေခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီး အတွက် အနိုင်သေချာစေမယ့် တတိယမြောက်ဂိုးကို လူစားဝင် တိုက်စစ်မှူး အန်တိုနီက သွင်းယူပေးခဲ့တဲ့ အတွက် ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ ဘရာဇီးတို့ အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဘရာဇီး အတွက်တော့ အမှားအယွင်း များတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပေမယ့် လိုအပ်တဲ့ အမှတ်၊ လိုအပ်တဲ့ နိုင်ပွဲကို အရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဗင်နီဇွဲလား ကတော့ အမှတ်ပေးဇယား အောက်ခြေမှာ ရှိနေတဲ့ အသင်းပီပီ အိမ်ကွင်းမှာ ကစားရတဲ့ အချိန် ဘယ်အသင်း ဆီကမဆို အမှတ်ခွဲယူနိုင်ဖို့ ပြင်ဆင်ထားတဲ့ အသင်းပီပီ အကောင်းဆုံးတော့ ဖိအားပေး နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ကစားသမား အင်အား၊ ကစားပုံ၊ နည်းပြ အဖက်ဖက်က သာလွန်နေတဲ့ အခြေအနေက ဗင်နီဇွဲလား အတွက် သရေတစ်မှတ်သာ မျှော်လင့်ချက် ဖြစ်ခဲ့တာပါ။ နည်းဗျူဟာ ကြွယ်ဝတဲ့ ဘရာဇီး အတွက် ကတော့ တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၉ ပွဲမှာ ၉ပွဲလုံး အနိုင်ရရှိထားတဲ့ မှတ်တမ်းက ခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသလောက် ဖြစ်ခဲ့ပါပြီ။ လက်ကျန် ၉ ပွဲ ကစားဖို့ ရှိနေရာမှာ ၄ ပွဲ နိုင်ရုံနဲ့ ဘရာဇီးတို့ ခြေစစ်ပွဲ အောင်မြင်နိုင်မယ့် အခွင့်အရေး ရရှိသွားပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေခဲ့ပြီး ၁၀ပွဲ ကစား ၁ပွဲနိုင် ၁ပွဲ သရေ ၈ပွဲ အထိ ရှုံးထားခဲ့တဲ့ ဗင်နီဇွဲလား အတွက် ကတော့ လက်ကျန် ၈ ပွဲလုံး အနိုင်ရရင်တောင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ မသေချာတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် ၁၁ အဖြစ် ယှဉ်ပြိုင် ကစားပြီးချိန်မှာ ဘရာဇီးက ၉ ပွဲ ကစား ၂၇ မှတ်နဲ့ အဆင့် ၁ နေရာကို သိမ်းပိုက်ပြီး အာဂျင်တီးနားက ၁၉ မှတ်နဲ့ ဒုတိယ၊ အီကွေဒေါနဲ့ ဥရုဂွေးတို့က ၁၀ပွဲစီ ကစားပြီး ရမှတ် ၁၆ စီနဲ့ အဆင့် ၃၊ ၄ နေရာ တွေမှာ အသီးသီး ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ အဖြစ် လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ ဘရာဇီးက အစဉ်အလာ ပြိုင်ဘက် ကိုလံဘီယာရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေခဲ့ပြီး ဗင်နီဇွဲလား ကတော့ အမှတ်ပေးဇယား အဆင့် ၃ နေရာက အီကွေဒေါကို အဝေးကွင်းမှာ ရင်ဆိုင် ရဖို့ ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်