နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တောင်အမေရိကဇုန် ကနေ အစောဆုံး ခြေစစ်ပွဲ အောင်မြင်သွားခဲ့တဲ့ ဘရာဇီး | ကမ္ဘာ့ဖလားခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

ဘရာဇီး ၁ – ၀ ကိုလံဘီယာ

တောင်အမေရိက အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘရာဇီးတို့ အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါပြီ။ ကိုလံဘီယာ ကလည်း ပြိုင်ဘက်ကောင်းပီပီ ဘရာဇီးကို အကောင်းဆုံး ရင်ဆိုင်ခဲ့ပေမယ့် အမှတ်တော့ ခွဲမယူနိုင်ခဲ့ပါဘူး။ ထိရောက်တဲ့ တိုက်စစ်ဆင်မှု အပိုင်းတွေမှာ ကိုလံဘီယာတို့ ဘရာဇီးလ် ထက် ပိုပြီး လုပ်ပြနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ ဘရာဇီး ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၂ ကြိမ်မြောက် အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီလည်း ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ရာဖင်ဟာ၊ နေမာ၊ ဂါဘရီရယ် ဂျီဆက်၊ ပါကွေတာ၊ ကာဆာမီယိုနဲ့ လူစုံခဲ့တဲ့ ဘရာဇီးတို့ ၄-၃-၃ ကိုပဲ အသုံးပြု ပွဲထွက် လာခဲ့တာပါ။ ကိုလံဘီယာ ကတော့ ၄-၂-၁-၃ အခြေခံတဲ့ ကစားကွက်မှာ ဒီယက်ဇ်၊ ဇာပါတာ၊ ကွာဒရာဒို၊ ဘာရီယို့စ်၊ လာမာ၊ ဆန်းချက်ဇ်တို့ကို ထုတ်သုံးခဲ့တာပါ။ ခြေစစ် ပွဲစဉ်တွေ အတွင်း အထနှေးတတ်တဲ့ ထုံးစံအတိုင်း ဘရာဇီး တိုက်စစ်မှာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲအစ ကတည်းက ကွာဒရာဒို၊ ဒီရက်ဇ် တောင်ပံ တိုက်စစ်တွေ ကနေ ကိုလံဘီယာတို့ ဖိအား ပေးနိုင်ခဲ့တယ် ဆိုရမှာပါ။ ကွင်းလယ် ကစားသမား ဘာရီယို့စ်ရဲ့ အဝေးကန်ချက် လှပခဲ့ပေမယ့် ကပ်လွဲခဲ့လို့ ဘရာဇီးတို့ သက်သာရာ ရခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီး ကတော့ နေမာရဲ့ ကစားအားထက် တောင်ပံကစားသမား ရာဖင်ဟာရဲ့ တိုးအားရုန်းအားကို ပိုပြီး အားပြု ကစားခဲ့တယ်လို့ ဆိုရမှာပါ။ ဒုတိယပိုင်းမှာလည်း အပြန်အလှန် တိုက်စစ်ဆင်ရင်း နဲ့သာ ဂိုးရလုနီးပါး အခြေအနေတွေသာ ပိုင်ဆိုင်ခဲ့ကြပါတယ်။ တောင်ပံ ကစားသမား ကွာဒရာဒိုရဲ့ ဖန်တီးပေးပို့မှုကို ဒီရက်ဇ်သာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ် ဆိုရင် ပွဲအဖြေက တစ်မျိုးတစ်မည် ပြောင်းလဲ သွားနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဂိုးရခဲ့တာ ကတော့ ဘရာဇီး အသင်းပဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ် အရောက်မှာတော့ ဘရာဇီးတို့ ကိုလံဘီယာ နောက်တန်းရဲ့ အမှားကို အခွင်းကောင်း ယူနိုင်ခဲ့ပြီး နေမာရဲ့ ဖန်တီး ပေးပို့မှုကနေ တဆင့် တောင်ပံ တိုက်စစ် ကစားသမား ပါကွေတာက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာပါ။ ဒီဂိုးက ဘရာဇီးအတွက် အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။ ချေပဂိုးရဖို့ မူရီရယ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို လူစား လဲခဲ့ပေမယ့် ပွဲပြီးဆုံးတဲ့ အချိန်အထိ ကိုလံဘီယာတို့ ဂိုးမရခဲ့ပါဘူး။ ပွဲအပြီး မှာတော့ ဘရာဇီးတို့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အစောဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တောင်အမေရိက ကိုယ်စားပြု အသင်း ဖြစ်လာခဲ့ပါတယ်။

ဘရာဇီး အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဂျင်တီးနားကို ရင်ဆိုင်ရဖို့ ရှိနေပြီး ကိုလံဘီယာ ကတော့ အိမ်ကွင်းမှာ အဆင့် ၈ နေရာက ပါရာဂွေးကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ကိုလံဘီယာ

ပွဲပြီးသုံးသပ်ချက်

ခြေစစ်ပွဲ အောင်မြင်ဖို့ ၃ မှတ်သာ လိုအပ်တဲ့ အခြေအနေကို ဘရာဇီးတို့ အကောင်းဆုံး ရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုလံဘီယာကလည်း အဝေးကွင်းမှာ ကစားရတယ် ဆိုပေမယ့် ဘရာဇီးဆီက အမှတ်ခွဲယူဖို့ ထိုက်တန်တဲ့ ခြေစွမ်း ရှိနေခဲ့ပါတယ်။ ဘရာဇီး တောင်ပံတွေထက်စာရင် ကိုလံဘီယာရဲ့ ကွာဒရာဒို၊ ဒီရက်ဇ်တို့ရဲ့ တောင်ပံက ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ ရာဖင်ဟာရဲ့ အတိုးအလှုပ်၊ နေမာရဲ့ အကွက်မြင်မြင် ဖန်တီး ပေးပို့မှုတွေကို ပါကွေတာ အဆုံးသတ်နိုင်ခဲ့ခြင်းက ဘရာဇီးအသင်းကို ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် လက်မှတ် ရရှိသွားစေခဲ့တာပါ။ အစဉ်အလာ ပြိုင် ဘက်ကောင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် နှစ်ဖက် ခံစစ် ကစားသမားတွေ အမှားနည်းခဲ့လို့ ဂိုးနည်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲ အနိုင်ရလဒ်က ခြေစစ်ပွဲ တစ်လျှောက် ရှုံးပွဲ မရှိသေးတဲ့ ဘရာဇီးအတွက် အထိုက်တန်ဆုံး ဖြစ်ခဲ့ပါတယ်။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ကိုလံဘီယာ ကတော့ အဆင့် ၆ နေရာက ဥရုဂွေးနဲ့ အမှတ်မကွာလို့ လာမယ့် ပွဲစဉ်တွေမှာ ဖိအားတွေ စပြီး ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘရာဇီး အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဂျင်တီးနားကို ရင်ဆိုင်ရဖို့ ရှိနေပြီး ကိုလံဘီယာ ကတော့ အိမ်ကွင်းမှာ အဆင့် ၈ နေရာက ပါရာဂွေးကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်