နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ဒီနွေရာသီမှာပဲ ရောင်းထုတ်သွားမယ့် ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ် ကတော့ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို အခုနွေရာသီ အပြောင်းအရွှေ့ မှာပဲ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကနေဒါ လက်ရွေးစင် ကစားသမား အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ လာမယ့် ရာသီမှ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတွက် သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပေမယ့် ဘေယန်မြူးနစ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်သွားတော့မယ်လို့ စပိန် အခြေစိုက် AS ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က စာချုပ် သက်တမ်း တိုးဖို ကမ်းလှမ်းထားပေမယ့် ကစားသမား ကတော့ ကမ်းလှမ်းမှုကို ပယ်ချထားတာပါ။ အဲ့နောက် ဒေးဗီးစ်က ဘေယန်မြူးနစ်နဲ့ စာချုပ် ကုန်ဆုံးမှသာ သူ့ကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်ထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို သဘောတူညီထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က သဘောကျခြင်း မရှိပဲ အခုနွေရာသီမှာတင် ယူရို သန်း သန်း ၅၀ လောက်နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကလည်း တစ်နှစ်သာ ကျန်ရှိနေတာကြောင့် ဂျာမန် ကလပ် ဘက်က ဒေးဗီးစ် အတွက် အမြတ်အစွန်း လိုချင်နေတယ်လို့ ပြောလို့ ရပါတယ်။ 

ရီးရဲလ်မက်ဒရစ် ကတော့ နောက်ပိုင်း နှစ်တွေမှာ ကစားသမား တစ်ဦး အတွက် ပြောင်းရွှေ့ကြေး မြောက်မြားစွာ သုံးစွဲတော့ခြင်း မရှိပဲ အလွတ်နဲ့ လိုက်မနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကိုယ်တိုင်က သူတို့ အသင်းဟာ ဒီနွေရာသီ ဈေးကွက် အတွင်း ကစားသမား ခေါ်ယူမှု ပြုလုပ်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အခုလို ဘေယန်မြူးနစ် ဘက်က ဒေးဗီးစ် အတွက် ရည်ရွယ်ချက် ပြောင်းလဲလာတာကြောင့်တော့ လာလီဂါ ကလပ် အနေနဲ့ ဘယ်ခြမ်း ခံစစ် အတွက် သူတိုရဲ့ ပစ်မှတ် ကစားသမားကို ငွေသုံး ခေါ်ယူမှု ပြုလုပ်သွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

အသက် ၂၃ နှစ် အရွယ် ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ၂၀၁၈ ခုနှစ်မှာ ကနေဒါ ကလပ် ဗန်ကူးဗား ဝှိုက်ကတ်စ် ကနေ ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အချိန်တို အတွင်း ဘေယန်မြူးနစ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး ယူရို သန်း ၅၀ ဆိုတဲ့ ပမာဏ ကလည်း အရမ်းမများတာကြောင့် ဘယ်အသင်းက ခေါ်ယူသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ဘေယန်မြူးနစ်ရဲ့ စိတ်ပြောင်းမှုကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ အခြားအသင်းတွေနဲ့ အပြိုင် သူတို့ရဲ့ ပစ်မှတ် ကစားသမားကို လုရတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်