နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူရကီ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၃ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တူရကီ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက သူတို့ အသင်းဟာ တူရကီ ကလပ် ဖီနာဘာချီရဲ့ လူငယ် ကြယ်ပွင့် အာဒါဂူလာ အတွက် စကားပြောဆိုနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒီအတွက် လာလီဂါ ကလပ်ရဲ့ အားကစား ဒါရိုက်တာ ဒေကိုဟာ တူရကီကို သွားရောက် ညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။

လာပေါ်တာက “ အာဒါဂူလာ အတွက် ကျနော်တို့ ဖီနာဘာချီနဲ့ စကားပြောဆိုနေပါတယ်၊ ဥရောပ ထိပ်တန်း အသင်း အားလုံးက သူ့ကို လိုချင်နေကြတာပါ၊ သူက အရမ်း ငယ်ရွယ်တဲ့ တူရကီ ကစားသမား တစ်ဦး ဖြစ်ပြီး ကျနော်တို့ ကင်းထောက် အဖွဲ့က သူ့ကို ကာလရှည် စောင့်ကြည့်ခဲ့တာ အမှန်ပါပဲ” လို့ ဆိုပါတယ်။

ဒီအတွက် လာလီဂါ ကလပ်ရဲ့ အားကစား ဒါရိုက်တာ ဒေကိုဟာ တူရကီကို သွားရောက် ညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။
ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အာဒါ ဂူလာ

အာဒါဂူလာဟာ ဖီနာဘာချီ အတွက် ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြသခဲ့သူပါ။ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အရွယ်နဲ့ မလိုက်ဖက်တဲ့ ခြေစွမ်းပြမှုတွေကြောင့် သူ့ကို ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေပြီး တူရကီ မက်ဆီလို့ တင်စားခံထားရသူလည်း ဖြစ်ပါတယ်။


ယော်ဒီ အယ်လ်ဘာ အတွက် ဆွေးနွေးနေတဲ့ အင်တာ မိုင်ယာမီ

မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီဟာ ဘာစီလိုနာ နောက်ခံလူဟောင်း ယော်ဒီ အယ်လ်ဘာကို ထပ်မံ ခေါ်ယူဖို့ နောက်ဆုံး အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြထားပြီး အသက် (၃၄) နှစ် အရွယ် အဆိုပါ ဘယ်နောက်ခံလူ အတွက် အင်တာ မိုင်ယာမီတို့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။

သတင်းတွေရဲ့ ဖော်ပြချက်အရ အင်တာ မိုင်ယာမီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့ ဆာဂျီယို ရာမို့စ် ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဆွာရက်ဇ်နဲ့လည်း ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

မိုင်ယာမီ ဥက္ကဌ ဂျော့မက်စ်က “ ကစားသမား ၂ ဦး၊ ၃ ဦးလောက် ရောက်လာမှာပါ၊ ယော်ဒီ အယ်လ်ဘာနဲ့လည်း ကျနော်တို့ စကားပြောနေပါတယ်၊ ဆွာရက်ဇ် ကတော့ စာချုပ်ရှိနေလို့ စာချုပ် ဖျက်သိမ်းကြေးလည်း ရှိနေပါတယ်၊ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာ ကျနော် မသိသေးဘူး” လို့ ပြောဆိုခဲ့ကာ ဇူလိုင် ၁၅ မတိုင်ခင် အပြောင်းအရွှေ့တွေကို ကြေညာမယ်လို့လည်း ဆိုပါတယ်။


အိမ်မှာ မရှိစေချင်တဲ့ ဇနီးသည်ကြောင့် ရီးရဲလ်မှာ ဆက်ကန်တာ ဆိုတဲ့ တိုနီ ခရူးစ်

အမျိုးသမီးကမ္ဘာ့ဖလား 2023
သြစတြေးလျ
အိုင်ယာလန်သမ္မတနိုင်ငံ
1X2 သရေ (Draw) @ 4.60
ပထမပိုင်း ဂိုးအောက် 1.00 @ 2.08
ဂိုးပေါင်း 4-6 @ 3.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ကရူးစ်က သူ့အနေနဲ့ ကစားသမားဘဝကို နောက်ထပ် တစ်နှစ် ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာက ဇနီးသည်ကြောင့်လို့ ပြောဆိုပြီး သူမကို ကျေးဇူးတင်ကြောင်း နောက်ပြောင် ပြောကြားလာခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူဟောင်းကြီးဟာ ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ် ချုပ်ဆိုခဲ့ပါတယ်။

ဒီမတိုင်ခင်မှာ တိုနီ ကရူးစ်က ကစားသမားဘဝက အနားယူဖို့ သတင်းထွက်ခဲ့ပြီး အခုနွေရာသီမှသာ ဘောလုံး ဆက်ကစားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ တိုနီ ကရူးစ် အနေနဲ့ ရီးရဲလ်မက်ဒရစ် မှာပဲ ကစားသမား ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခြားသော အသင်းကို ပြောင်းကစားတော့မှာ မဟုတ်ဘဲ အနားယူရင်ယူ ဒါမှမဟုတ် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အတွက်သာ ရွေးချယ်ခဲ့တာပါ။

တိုနီ ကရူးစ်က “ကျွန်တော့် မိန်းမလား? သူက ကျွန်တော့်ကို နောက်ထပ် တစ်နှစ် ဘောလုံး ဆက်ကစားဖို့ ခွင့်ပြုပေးလိုက်တာပါ။ သူ့ကိုလည်း ကျွန်တော် နည်းနည်းလေးတော့ ကျေးဇူးတင်ပါတယ်၊ သူက ကျွန်တော့်ကို ကိုယ်လုပ်ချင်တာသာလုပ် ဆိုပြီး ပြောခဲ့တာပါ။ ဒါက ကျွန်တော့်ကို နည်းနည်းလေးတော့ အံ့အားသင့်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့်ကို အိမ်မှာ မကြာခဏ ရှိနေတာမျိုး မဖြစ်စေချင်လို့ပေါ့” လို့ ရယ်ရယ်မောမောနဲ့ပဲ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်