နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ တူချယ်၊ အော်လမို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) သတ်မှတ်ထားတဲ့ လိုက်ပ်ဇစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ တူချယ်၊ အော်လမို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) သတ်မှတ်ထားတဲ့ လိုက်ပ်ဇစ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ တူချယ်

ဘေယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်ဟာ မန်စီးတီးကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ထွက်ခဲ့ရတဲ့နောက် အသင်းရဲ့ အိမ်ကွင်းနဲ့ ကွင်းလယ်ဒိုင် တို့ကို ဝေဖန် ပြောကြားခဲ့ပါတယ်။

တူချယ်ရဲ့ အသင်းဟာ ပထမအကျော့ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို ဒုတိယအကျော့ အိမ်ကွင်း မှာလည်း တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့‌ပေါင်း ရလဒ် ၁-၄ ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

တူချယ်က ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းရဲ့ ခြေစွမ်းပိုင်းကို ကျေနပ်အားရမိကြောင်း ပြောခဲ့ပေမယ့် အသင်းရဲ့ အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာရဲ့ မြက်ခင်းပြင်နဲ့ ကွင်းလယ်ဒိုင် တို့ကိုတော့ တူချယ်က ဝေဖန်ခဲ့ပါတယ်။

တူချယ်က ရှိသင့် ရှိထိုက်တဲ့ နေရာ တစ်ခုမှာ မရှိခဲ့တဲ့ အရာ နှစ်ခုသာ ရှိကြောင်း၊ ကွင်း အနေအထားက ပုံစံကောင်းမှာ မရှိခဲ့သလို ကံဆိုးစွာနဲ့ပဲ ကွင်းလယ်ဒိုင်ရဲ့ အရည်အချင်းက Grade E အဆင့်သာ ရှိကြောင်း ဝေဖန် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ဂရာဗင်ဘာ့ချ်က ဘယ်လင်ဟမ်ထက် ပိုကောင်းတယ်လို့ ဗန်ဒါဗတ်ပြော

နယ်သာလန် ဂန္တဝင်ဟောင်း တစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဗန်ဒါဗတ်က ရိုင်ယန် ဂရာဗင်ဘာ့ချ်ဟာ ဂျူ့ဒ် ဘယ်လင်ဟမ်ထက် နေရာတိုင်းမှာ ပိုကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

ကစားသမား နှစ်ဦးစလုံးဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့မှာ ကစားနေကြသူတွေ ဖြစ်ပြီး ဂရာဗင်ဘာ့ချ် ကတော့ ဘေယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးရဲလ်မက်ဒရစ်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး 2.26
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -0.25 @ 2.05
ဂိုးပေါ် 2.75 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘယ်လင်ဟမ် ကတော့ အသက် (၁၉) နှစ် အရွယ်နဲ့ ဒေါ့မန်ရဲ့ အသင်းခေါင်းဆောင်တွေ ထဲက တစ်ဦး ဖြစ်လာခဲ့ပြီး လာမယ့် နွေရာသီ မှာလည်း ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဗန်ဒါဗတ် ကတော့ သူတို့ နှစ်ဦး အကြား အဓိက ကွာခြားချက် ကတော့ ဘယ်လင်ဟမ်က အမြဲတမ်း ကစားခွင့်ရနေတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဂရာဗင်ဘာ့ချ်က သူ့ထက် နေရာတိုင်းမှာ ပိုကောင်းတယ်လို့ ထင်မြင်မိကြောင်း၊ အထူးသဖြင့် ကြံ့ခိုင်မှု အပိုင်းမှာ ဖြစ်ကြောင်း နယ်သာလန်သား အချင်းချင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။


အော်လမို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) သတ်မှတ်ထားတဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်ဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ဒန်နီ အော်လမိုသာ လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာသွားမယ် ဆိုရင် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း (၃၀) ရရှိဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အဆိုပါ စပိန် လက်ရွေးစင် ကစားသမားဟာ လာမယ့် (၂၀၂၄) မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမား ဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံခဲ့ရင် လာမယ့် နွေရာသီမှာတင် ရောင်းချသွားဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်ဘက် ကတော့ အော်လမို အတွက် နောက်ဆုံးအကြိမ် စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားပြီး ဒီတစ်ကြိမ်မှာမှ လက်မခံရင်တော့ လာမယ့်နွေရာသီ မှာတင် သေချာပေါက် ရောင်းချသွားမှာ ဖြစ်ပါတယ်။

အော်လမိုကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေပြီး လိုက်ပ်ဇစ် ကတော့ ယူရိုသန်း (၃၀) ရရှိမယ် ဆိုရင် ဒီကစားသမားကို ရောင်းချသွားဖို့ အဆင်သင့် ရှိနေနိုင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်