ပါဗက် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ သတ်မှတ်လိုက်တဲ့ ဘေယန်မြူးနစ်၊ အသင်းဖော်သစ် ကန်ဆယ်လိုကို ကင်မစ်ချ် ချီးကျူး စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပါဗက် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ သတ်မှတ်လိုက်တဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ အသင်းရဲ့ ညာနောက်ခံလူ ဘင်ဂျာမင် ပါဗက် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) သတ်မှတ်ထားကြောင်း သိရပါတယ်။
အဆိုပါ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး နောက်ခံလူ ယာအို ကန်ဆယ်လိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီး လာမယ့်နွေ မှာတော့ ယူရို သန်း (၇၀) နဲ့ အပြီးသတ် ခေါ်ယူမှာပါ။
အသင်းဖော်သစ် ကန်ဆယ်လိုကို ကင်မစ်ချ် ချီးကျူး
ဘေယန်မြူးနစ် ကြယ်ပွင့် ဂျော်ရွှာ ကင်မစ်ချ်က အသင်းရဲ့ ကစားသမားသစ် ယာအို ကန်ဆယ်လိုနဲ့ ပတ်သက်ပြီး ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။
ဒါကြောင့်လည်း ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် ကင်မစ်ချ်က ကန်ဆယ်လိုဟာ အံ့အားသင့်ဖွယ် အရည်အချင်း ရှိပြီး နည်းစနစ်ပိုင်းအရ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
အစ္စကို ဘွန်ဒက်စ်လီဂါကို မရောက်လာတဲ့ အကြောင်းရင်းကို ရိုမာနို ရှင်းလင်း
နာမည်ကျော် အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက စပိန် ကွင်းလယ် ကစားသမား အစ္စကို ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံဘာလင်ထံ မပြောင်းရွှေ့ ဖြစ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဖွင့်ဟလာပါတယ်။
ရိုမာနိုက အစ္စကိုနဲ့ ယူနီယံဘာလင်တို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာက ဆေးစစ်မှု ခံယူပြီး နောက်ပိုင်း ဘဏ္ဍာရေး ကိစ္စရပ်တွေကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အချိန်မှာ အဆိုပါ ကစားသမားကို တူရကီ ကလပ်တွေက စိတ်ဝင်စားနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.