နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဟမ်၊ စပါးရဲ့ နံပါတ် (၁) ပစ်မှတ် ဖြစ်လာတဲ့ အလွန်ဆို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

မန်စီးတီးကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဟမ်၊ စပါးရဲ့ နံပါတ် (၁) ပစ်မှတ် ဖြစ်လာတဲ့ အလွန်ဆို စတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဟမ်

ဒေါ့မန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ မန်ချက်စတာစီးတီးထက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတွက်သာ ပိုမို စိတ်အားထက်သန်ခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လိဒ် ယူနိုက်တက်
1X2 လိဒ်ယူနိုက်တက် 12.00
လိဒ်ယူနိုက်တက် အာရှ ဟန်းဒီးကပ် +2.25 @1.95
ဂိုးပေါ် 3.25 @ 1.65
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် အတွက် ရီးရဲလ်မက်ဒရစ်တို့ တိတ်တဆိတ် လှုပ်ရှားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ သန်း (၁၂၀) အကြား ပေးချေဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ဒေါ့မန် ဘက်က ယူရိုသန်း (၁၄၀) အထိ တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်း မှာတော့ အပိုဆုကြေးတွေ ကိုပါ ထည့်သွင်း တွက်ချက်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဘယ်လင်ဟမ်ဟာ အသင်းဟောင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ အတွက်လည်း အခွင့်အရေး ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ကို စိတ်အား ထက်သန်ခြင်း မရှိဘဲ စပိန်မြေ ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။


စပါးရဲ့ နံပါတ် () ပစ်မှတ် ဖြစ်လာတဲ့ အလွန်ဆို

လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တော့တင်ဟမ်ဟော့စပါးက ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အလွန်ဆိုက လေဗာကူဆင်ကို ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ထားသလို ဘွန်ဒက်စ်လီဂါ မှာလည်း အဆိုးဆုံး အခြေအနေတွေ ကနေ ပြန်လည် ကယ်ဆယ်ထားနိုင်ပါတယ်။
စပါးရဲ့ နံပါတ် ၁ ပစ်မှတ် နည်းပြ ဖြစ်လာခဲ့တဲ့ ဇာဘီ အလွန်ဆို

စပါးဟာ နည်းပြ အန်တိုနီယို ကွန်တီ၊ ယာယီ နည်းပြ စတီလီနီ တို့ကို ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိအချိန် မှာတော့ ရိုင်ယန် မေဆင်ကို ရာသီကုန်အထိ ဆက်လက် ခန့်အပ်ထားပါတယ်။ တစ်ဖက်မှာလည်း စပါးတို့ နည်းပြသစ် နေရာ အတွက် အပူတပြင်း ကြိုးစားနေပြီး ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ အလွန်ဆိုကို ပစ်မှတ်ထားနေတာပါ။

အလွန်ဆိုဟာ သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံး အသင်းကြီး အနေနဲ့ လေဗာကူဆင်ကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ အလွန်ဆိုက လေဗာကူဆင်ကို ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ထားသလို ဘွန်ဒက်စ်လီဂါ မှာလည်း အဆိုးဆုံး အခြေအနေတွေ ကနေ ပြန်လည် ကယ်ဆယ်ထားနိုင်ပါတယ်။


မာနေးကို အသင်း ကနေ ထွက်ခွာဖို့ တံခါးဖွင့်ပေးထားတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ်ဟာ သူတို့ရဲ့ တိုက်စစ် ကြယ်ပွင့် ဆာဒီယို မာနေးကို အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ တံခါးဖွင့်ပေးထားကြောင်း သိရပါတယ်။

အသက် (၃၁) နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် သူ့အနေနဲ့ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ အဆင်မပြေခဲ့ဘဲ အသင်းဖော် လီရွိုင်း ဆာနေးနဲ့ပါ ခိုက်ရန် ဖြစ်ပွားခဲ့တဲ့နောက် မာနေးကို အသင်းက ထွက်ခွာခွင့်ပြုဖို့ ဘေယန်မြူးနစ် တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မာနေး ကတော့ ပရီးမီးယားလိဂ်ကို ပြန်သွားဖွယ် ရှိပြီး သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီးက စိတ်ဝင်စားလျက် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်