စက်တင်ဘာ ၂၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်မှာ (၂) နှစ် အချိန်ပုပ်ခဲ့ရတယ်လို့ ပြောကြားလိုက်တဲ့ ရီးရဲလ် ကြယ်ပွင့်
ရီးရဲလ်မက်ဒရစ် ကနေ ဂျီရိုနာကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ရာနီရာ ဂျီးဆပ်စ်က သူ့အနေနဲ့ ဒေါ့မန်မှာ ကစားခဲ့ရတဲ့ အချိန်တွေက စိတ်ပျက်စရာ ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
ရာနီရာဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဖလာမင်ဂို ကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ (၂) နှစ်ကြာ အငှားနဲ့ ထွက်ကစားခဲ့တာပါ။
ဒါပေမယ့် သူ့အနေနဲ့ ဂျာမန်မြေမှာ ကောင်းမွန်တဲ့ အချိန်ကာလတွေကို မဖြတ်သန်းနိုင်ခဲ့ဘဲ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရာနီရာက “ကျနော် ဒေါ့မန် ကနေပဲ ထွက်ဖို့ စိတ်ကူးရှိခဲ့ပါတယ်”
“အဲ့ဒီမှာ ကျနော့်ရဲ့ အချိန် (၂) နှစ် ဆုံးရှုံးခဲ့ရပါတယ်။ ကျနော် လုပ်စရာ ရှိတာ၊ လေ့ကျင့်စရာ ရှိတာတွေကို လေ့ကျင့်ခဲ့ပါတယ်။ အိမ်ပြန်တယ်၊ လေ့ကျင့်ရေးကွင်းကို အချိန်အတိအကျ ရောက်တယ်၊ အသင်းမှာ ရှိတဲ့လူတိုင်းကို လေးစားခဲ့ပါတယ်”
“ကျနော့်မှာ ပြတ်သားတဲ့ အသိစိတ်ရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရာနီရာဟာ ဒီရာသီမှာ ဂျီရိုနာ အတွက် (၃) ပွဲကစားပြီး ၁ ဂိုး သွင်းယူပေးထားပါတယ်။
လေဗာကူဆင် အားကစား ဒါရိုက်တာကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ အားကစား ဒါရိုက်တာ တင်မ် စတက်ဒ်တင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
တော့ဒ်ဘိုလေ ရောက်ပြီး မကြာခင်မှာတင် အသင်းရဲ့ အဓိက ပုဂ္ဂိုလ်တွေဖြစ်တဲ့ ပီတာဆက်ချ်၊ ဘရုစ်ဘက်ခ်၊ မာရီနာဂရာနိုစကီယာတို့ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို တော့ဒ်ဘိုလေ ကပဲ တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။
လက်ရှိအချိန် မှာတော့ ချဲလ်ဆီးတို့ အသက် (၄၃) နှစ် အရွယ် စတက်ဒ်တင်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေပြီး ဒီပုဂ္ဂိုလ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဝါဒါဘရီမင် မှာလည်း အားကစား ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း သိပါတယ်။
ရီးရဲလ်မက်ဒရစ်ကို အတုယူဖို့ ဂျာမန် အသင်းဖော်တွေကို မူလာ တိုက်တွန်း
ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင်အသင်း တို့ရဲ့ တိုက်စစ် ကစားသမား သောမတ်စ် မူလာက ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်လို့ နမူနာယူဖို့ ဂျာမနီ လက်ရွေးစင် အသင်းဖော်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဂျာမနီဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ ၂ ပွဲ ကစား၊ ၁ ပွဲ ရှုံး၊ ၁ ပွဲ သရေရလဒ်သာ ရရှိထားခဲ့ပြီး ဒါနဲ့ ပတ်သတ်လို့ မူလာက “ရီးရဲလ်မက်ဒရစ်က ကျနော်တို့ အတွက် ဥပမာ တစ်ခု ဖြစ်နိုင်ပါတယ်။ ကျနော် နည်းပြပေါင်း များစွာ အတွက် ကစားပေးခဲ့ဖူးပြီး ဒီအထဲမှာ အန်ဆယ်လော့တီလည်း အပါအဝင် ဖြစ်ပါတယ်။ သူက ကြီးကျယ် ခမ်းနားတဲ့ ဆုဖလား ပေါင်းများစွာကို ဆွတ်ခူးခဲ့ဖူးပါတယ်”
“ကိစ္စတွေက ပုံမှန်အတိုင်း မဖြစ်တဲ့အခါမှာ ပြန်လည် ပြင်ဆင်ဖို့နဲ့ ယုံကြည်ချက် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဒီလမ်းစဥ် အတိုင်း ကောင်းကောင်း လိုက်နာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မူလာရဲ့ ဘေယန်မြူးနစ် ဟာ ပြည်တွင်းလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံး (၄) ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.