နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၉/၉/၂၀၂၂)

စက်တင်ဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုနဲ့ မက်ဆီ မပါတဲ့ စတိုင်ဂါရဲ့ GOAT ၁၁ ယောက် စာရင်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ဂျာမနီ ဂန္တဝင် ဘက်စတီယန် ရှဝိန်းစတိုင်ဂါက သမိုင်းတစ်လျှောက် အကောင်းဆုံး ၁၁ ယောက် စာရင်းကို ရွေးချယ်လိုက်ပါတယ်။ ထူးခြားတာက ရှဝိန်းစတိုင်ဂါဟာ အများစုက သမိုင်းတစ်လျှောက် အကောင်းဆုံးတွေ အဖြစ် သတ်မှတ်ထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့ကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီ ဂန္တဝင်က ဂိုးသမား နေရာ အတွက် ၂၀၁၄ ကမ္ဘာ့ဖလားကို အတူတူ ကိုင်မြှောက်ခဲ့ဖူးတဲ့ မန်ဝဲလ် နော်အာကို ရွေးချယ်ခဲ့ပြီး ညာနောက်ခံလူ နေရာမှာတော့ အသင်းဟောင်း ဘေယန်မြူးနစ်ရဲ့ အသင်းခေါင်းဆောင် ဖိလစ် လမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဘယ်နောက်ခံ နေရာ အတွက် ကိုတော့ ဘရာဇီးလ် ဂန္တဝင် ရော်ဘတ်တို ကားလို့စ်၊ ဗဟိုခံစစ် မှာတော့ ဂျာမနီ ဂန္တဝင် ဖရန့်ဇ် ဘက်ကင်ဘောင်ဝါနဲ့ အီတလီ အသင်းခေါင်းဆောင် လီယိုနာဒို ဘိုနူချီ တို့ကို အသီးသီး ရွေးချယ်ခဲ့ပါတယ်။ ကွင်းလယ်လူ ၄ ဦး အဖြစ် ဂျာမနီ အတွက် ၁၉၉၀ ကမ္ဘာ့ဖလား ရယူပေးခဲ့တဲ့ လိုသာမားသီးယက်စ်၊ ဘယ်လွန်ဒေါ နှစ်ဆုရှင် ဇနက်တီ ဇီဒန်း၊ လက်ရှိ ဘေယန်မြူးနစ် ကစားသမား သောမက်စ် မူလာနဲ့ ကစားသမားဟောင်း ဖရန့်ခ် ရီဘာရီ တို့ကို သတ်မှတ်ခဲ့ပါတယ်။ ယူနိုက်တက် ဂန္တဝင် အဲရစ် ကန်တိုနာ၊ ရော်ဘတ်တို ဘက်ဂီယို တို့ကို သူအကြိုက်ဆုံး တိုက်စစ်မှူး နှစ်ဦး အဖြစ် ရွေးချယ်ပေးခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး လီဝမ်ဒေါစကီး ကိုလည်း အရံကစားသမား အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရှဝိန်းစတိုင်ဂါဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်မှာ ၁၉၉၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်မှာတော့ ၂ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ အဲ့နောက် မေဂျာလိဂ် ကလပ် ချီကာကို ဖိုင်းယားကို ပြောင်းရွှေ့သွားခဲ့ပြီး ၂ နှစ် အကြာမှာ ကစားသမား ဘဝ ကနေ အနားယူသွားခဲ့သူ ဖြစ်ပါတယ်။ ကစားသမားဘဝ ဆုဖလား အောင်မြင်မှုတွေ အဖြစ် ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ဥရောပစူပါဖလား၊ လိဂ်ဖလား၊ ဂျာမန် စူပါဖလား တို့ကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 


လိုဇာနိုကို ဘေယန်မြူးနစ်နဲ့ အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနေတဲ့ ယူနိုက်တက်

သတင်းတွေအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ နာပိုလီ တောင်ပံ ကစားသမား ဟီရာဗင်း လိုဇာနိုကို ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂျိုဆေး မော်ရင်ဟိုနဲ့ ဆိုးလ်ရှား လက်ထက် ကတည်းက ညာတောင်ပံ ကစားသမား လိုအပ်ချက် ရှိနေခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ မော်ရင်ဟိုက အန်တိုနီ မာစီရယ်ကို ညာတောင်ပံမှာ ကစားစေခဲ့ပေမယ့် ပြင်သစ်သားက ဘယ်တောင်ပံ မှာပဲ ခြေစွမ်းပြနိုင်ခဲ့သလို ဆိုးလ်ရှား လက်ထက် မှာလည်း ရက်ရှ်ဖို့ဒ်ကို ညာဘက်ခြမ်းမှာ စမ်းသုံးခဲ့ပေမယ့် အင်္ဂလန်သား ကတော့ ဘယ်ဘက်ခြမ်းမှာသာ အဆင်ပြေပြေ ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက် ဂျေဒန် ဆန်ချိုကို ခေါ်ယူခဲ့ပေမယ့် ဘယ်ဘက်ခြမ်းမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
လေဗာကူဆင်
1X2 သရေ (Draw) @ 5.60
ဂိုးပေါ် 3.75 @ 1.88
ဂိုးပေါင်း 0-1 @ 8.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တန်ဟက်ဂ် လက်ထက် မှာတော့ အန်တိုနီကို ယူရို သန်း ၁၀၀ ပေးကာ ခေါ်ယူခဲ့ပြီး ဘရာဇီးလ်သားဟာ ဘယ်ခြမ်းရော၊ ညာခြမ်း မှာပါ အသုံးပြုနိုင်လို့ အနည်းငယ် စိတ်အေးနေရပါတယ်။ ဒါပေမယ့်လည်း အန်တိုနီ မကစားနိုင်တဲ့ အခါမျိုးမှာ အရံသင့် ဝင်ကစားနိုင်တဲ့ ညာတောင်ပံ ကစားသမားစစ်စစ် တစ်ဦး ထပ်မံ ဖြည့်တင်းဖို့ ယူနိုက်တက်တို့ ကြိုးစားနေခဲ့ပြီး လက်ရှိ မှာတော့ လိုဇာနိုနဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ 

မက္ကဆီကို လက်ရွေးစင် လိုဇာနိုဟာ ယူနိုက်တက် အတွက် ရေရှည် ဖြေရှင်းမှု တစ်ခု ဖြစ်နိုင်ပေမယ့် ယူရို သန်း ၃၀ ခန့် ပေးချေရဖို့တော့ ရှိနေပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမား ကိုတော့ ဘေယန်မြူးနစ်၊ လိုက်ပ်ဇစ်နဲ့ အဲဗာတန် တို့က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ လိုဇာနိုဟာ နာပိုလီ အတွက် ၁၂၁ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးပေးထားပါတယ်။


ဟော့ဖန်ဟိမ်း ဂျာဆီ ဝတ်ပြီး အချိန်အကြာကြီး ကစားချင်တယ်လို့ ပြောလာတဲ့ အိန်ဂျယ်လီနို

လိုက်ပ်ဇစ် ကနေ ဟော့ဖန်ဟိမ်း အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ စပိန် ဘယ်နောက်ခံလူ အန်ဂျယ်လီနိုက ဟော့ဖန်ဟိမ်း ဂျာဆီကို ရေရှည် ဝတ်ဆင် ကစားသွားလိုကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အိန်ဂျယ်လီနိုက “ဟော့ဖန်ဟိမ်းက ကျနော့်ကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက် ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီးသားပါ။ ဒါက အရေးပါတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ အဲ့နောက်မှာ ကျနော့် ခေါ်ယူဖို့ ထပ်ပြီး ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဟော့ဖန်ဟိမ်းကို လာဖို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချလိုက်တာပါ”

“ဘောလုံး ဆိုတာ စီးပွားရေး တစ်ခု ဖြစ်ပြီး အဆုံးစွန်ထိ ထိန်းချုပ်လို့ မရပါဘူး။” “ ဒါပေမယ့် ရေရှည် အတွက် ဒီမှာ အိမ်တစ်လုံး ရှာချင်ပါတယ်။ ဟော့ဖန်ဟိမ်း ဂျာစီနဲ့ အချိန်ကြာမြင့်စွာ ကစားချင်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။လိုက်ပ်ဇစ်ဟာ ဟော့ဖန်ဟိမ်းရဲ့ ဘယ်နောက်ခံလူ ဒေးဗစ် ရာယမ်ကို ခေါ်ယူခဲ့ပြီးနောက် အိန်ဂျယ်လီနို ကိုတော့ အငှားပြန်ချပေးထားခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာတော့ ဟော့ဖန်ဟိမ်း အသင်းဟာ အိန်ဂျယ်လီနိုရဲ့ အငှား သက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူခွင့် ရှိနေပေမယ့် ပေါင်သန်း ၂၀ ပေးတဲ့ ဘယ်အသင်းကို မဆို ရောင်းချလို့ ရတဲ့ အချက်ကလည်း ပါရှိနေပါသေးတယ်။ ဒါကြောင့် အသက် ၂၅ နှစ် အရွယ် နောက်ခံလူဟာ ဘွန်ဒက်စ်လီဂါ ကလပ်ကို သာမကဘယ်အသင်းကို မဆို ပြောင်းရွှေ့ခွင့်ရှိနေသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်