နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၄/၁၀/၂၀၂၂)

အောက်တိုဘာ ၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာမယ့် ဆောင်းရာသီမှာ လိုက်ပ်ဇစ်က ထွက်ဖို့ တံခါးဖွင့်ထားတဲ့ ဂက်ဗာဒီယိုလ်

လိုက်ပ်ဇစ် နောက်ခံလူ ဂျို့စ်ကို ဂက်ဗာဒီယိုလ်က လာမယ့် ဆောင်းရာသီမှာ အသင်းက ထွက်ခွာဖို့ သတင်းတွေနဲ့ ပတ်သက်လို့ ငြင်းဆန် ပြောကြားခဲ့ခြင်း မရှိပါဘူး။
အဆိုပါ နောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီတည်းက ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ စပါးတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ချဲလ်ဆီး ကလည်း ဒီကစားသမား အတွက် ပေါင် (၇၇) သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီကစားသမားက ဘွန်ဒက်စ်လီဂါ မြေမှာပဲ ဆက်ရှိနေခဲ့ပြီး သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဂက်ဗာဒီယိုလ်က “ကျနော် လိုက်ပ်ဇစ်မှာ ပျော်ရွှင်နေပြီး ဒီအသင်းမှာ သင်ယူစရာတွေ အများကြီး ရှိနေသလို လုပ်စရာတွေလည်း ရှိပါသေးတယ်”

“ကျနော့် အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဆွေးနွေးမယ့်သူတွေ ရှိပါတယ်။ လက်ရှိအချိန်မှာ ကျနော် အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ မစဥ်းစားပါဘူး။ လာမယ့် ဆောင်းရာသီ မှာတော့ ဘာတွေ ဖြစ်မလဲ ကျနော်တို့ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
‌ဟော့ဖန်ဟိမ်း
ဝါဒါ ဘရီမင်
‌ဟော့ဖန်ဟိမ်း အာရှ ဟန်းဒီးကပ် -0.50 @ 2.00
1X2 ‌ဟော့ဖန်ဟိမ်း @ 2.00
ဂိုးပေါ် 4-6 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကိုဗစ် ကူးစက်မှုတွေ ထပ်ရှိနေပြန်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ကစားသမား နှစ်ယောက် ဖြစ်တဲ့ သောမတ်စ် မူလာနဲ့ ဂျော်ရွှာ ကင်မစ်ချ်တို့ ကိုဗစ် ကူးစက်ခံထားရကြောင်း ဘေယန်မြူးနစ်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ ဒီနှစ်ယောက်လုံးက လေဗာကူဆင်ကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ပါဝင်ကစားခဲ့ကြတာပါ။

အဲ့ဒီနောက် မှာတော့ ကိုဗစ် ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး ရောဂါလက္ခဏာ တစုံတရာ ပြသခြင်း မရှိဘူးလို့ သိရပါတယ်။ လက်ရှိအချိန် မှာတော့ မူလာနဲ့ ကင်မစ်ချ်တို့ နှစ်ယောက်လုံးက သူတို့ရဲ့ အိမ်မှာပဲ သီးသန့် နေထိုင်လျက် ရှိပါတယ်။

ဒါပေမယ့် အင်္ဂါနေ့ညမှာ ကစားမယ့် ဗစ်တိုရီးယား ပါလ်ဇန်နဲ့ ချန်ပီယံလိဂ်ပွဲ မှာတော့ အဆိုပါ ကစားသမား နှစ်ယောက် ပါဝင်နိုင်ဖွယ် မရှိပါဘူး။ ဘေယန်မြူးနစ်က ဂိုးသမား မန်နျူရယ်နူအာနဲ့ လီယွန် ဂေါ်ရက်ဇ်ကာ တို့ကလည်း ပြီးခဲ့တဲ့ အပတ်မှာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းရင်း ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် လက်ရွေးစင် လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရပါသေးတယ်။


ဝှေးစေ့အကျိတ် အတွက် ဓာတုကုထုံး ကုသမှု ခံယူဖို့ မလိုအပ်တဲ့ ဟာသာဘာလင် တောင်ပံကစားသမား

ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင် တောင်ပံကစားသမား ဂျင်းပေါလ် ဘိုတီယက်စ်ဟာ ဒီလ အစောပိုင်းမှာ ဝှေးစေ့ အကျိတ် တွေ့ရှိခဲ့ရပေမယ့် ပြင်းထန်တဲ့ ဓာတုကုထုံးတွေကို ခံယူဖို့ မလိုအပ်ကြောင်း သိရပါတယ်။
ဝှေးစေ့ အကျိတ်ကို ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဟာသာဘာလင် ကစားသမား ဘိုတီယက်စ်

ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင် တောင်ပံကစားသမား ဂျင်းပေါလ် ဘိုတီယက်စ်ဟာ ဒီလ အစောပိုင်းမှာ ဝှေးစေ့ အကျိတ် တွေ့ရှိခဲ့ရပေမယ့် ပြင်းထန်တဲ့ ဓာတုကုထုံးတွေကို ခံယူဖို့ မလိုအပ်ကြောင်း သိရပါတယ်။

ဘိုတီယက်စ်ဟာ ဒီလိုမျိုး ဝှေးစေ့အကျိတ်ကို တွေ့ရှိခဲ့တဲ့နောက် လိုအပ်တဲ့ ဆေးစစ်မှုတွေနဲ့ ကုသမှုတွေကို ခံယူဖို့အတွက် အကန့်အသတ် မရှိ အနားယူရမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဘိုတီယက်စ်ရဲ့ ရောဂါ အခြေအနေက ပြင်းထန်မှု မရှိပါဘူး။

ဘိုတီယက်စ် အနေနဲ့ ခွဲစိတ် ကုသမှုခံယူခဲ့ပြီး ခွဲစိတ်ကုသမှု ကလည်း အောင်မြင်ခဲ့ကြောင်း သူ့ရဲ့ အင်စတာဂရမ်က တဆင့် ကြေညာခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေကမှ အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး (၃) နှစ် စာချုပ်ချုပ်ဆိုထားတာပါ။

ဒေါ့မွန်တိုက်စစ်မှူး ဆီဘက်စတီယန် ဟော်လာ ကလည်း ပြီးခဲ့တဲ့နွေမှာ ဝှေးစေ့ အကျိတ် ကင်ဆာရောဂါကို ခံစားခဲ့ရတာကြောင့် ခွဲစိတ် ကုသမှုတွေနဲ့ ဓာတုကုထုံးတွေကို ခံယူနေရပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်