အောက်တိုဘာ ၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟာလန်းကို ချီးကျူးလိုက်ပြန်တဲ့ ဘေယန်မြူးနစ် စီအီးအို
ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာစီးတီး အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ပတ်သက်လို့ ချီးကျူးစကား ပြောကြားလိုက်ပြန်ပါတယ်။ အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ နွေကမှ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကနေ မန်စီးတီးကို ပြောင်းရွှေ့သွားတာပါ။
လက်ရှိအချိန်မှာ ဟာလန်းက မန်စီးတီး အတွက် ပြိုင်ပွဲစုံ (၁၉) ဂိုး သွင်းယူပေးထားပါတယ်။ ဟာလန်းနဲ့ ပတ်သက်လို့ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက “ကျနော်တို့ ဟာလန်းရဲ့ အရည်အသွေး အကြောင်းကို ဆွေးနွေးစရာ မလိုတော့ပါဘူး”
“သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ကျနော် သဘောကျပါတယ်။ ဟာလန်းက အခုဆိုရင် မန်စီးတီး အတွက် လိဂ်ပွဲ (၈) ပွဲမှာ (၁၄) ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပါတယ်။ သူက လီဝမ်ဒေါစကီးနဲ့လည်း မတူကွဲပြားတဲ့ ကစားသမား တစ်ယောက်ပါ” လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။
ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်ကို ယူနိုက်တက် ပရိသတ်တွေ ချီးကျူးနေ
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ဆီဗီလာကို ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲက ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကို ချီးကျူးနေကြပါတယ်။ အသက် (၁၉) နှစ် အရွယ် ဒီကစားသမားဟာ ဒီပွဲမှာ ၁ ဂိုး သွင်းပြီး ၁ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။
ဘယ်လင်ဂမ် အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ အသင်းခေါင်းဆောင် အဖြစ်လည်း ဆီဗီလာနဲ့ ပွဲမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီဗီလာနဲ့ ပွဲက ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တွေက “ဒီကစားသမားက မဖြစ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနေတာပဲ” အပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုး ချီးကျူးနေကြပါတယ်။
ဘယ်လင်ဂမ်ကို လာမယ့် နွေရာသီမှာ ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီအထဲမှာ ယူနိုက်တက်လည်း အပါအဝင် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘယ်လင်ဂမ်ကို ဘာမင်ဂမ်မှာ ကစားနေတည်းက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ဒေါ့မန်ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါရဲ့ ပုံရိပ် တစ်ခု အဖြစ် မြင်ယောင်မိတယ်လို့ အိုလီဗာခန်းဆို
ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းတွင်း ဆွေးနွေးခဲ့ကြောင်း၊ ဒီကစားသမားကို ဘွန်ဒက်စ်လီဂါ ပုံရိပ် အဖြစ် မြင်ယောင်မိကြောင်း ဖွင့်ဟလာပါတယ်။
ဘေယန်မြူးနစ် အပြင် အခြား ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကလည်း ရော်နယ်ဒို အတွက် ဆွေးနွေးခဲ့နိုင်ကြောင်း အိုလီဗာခန်းက ထပ်လောင်း ပြောကြားပါသေးတယ်။ အိုလီဗာခန်းက “ကျနော်တို့ ရော်နယ်ဒို အတွက် အသင်းတွင်းမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်”
“ဒေါ့မန်လည်း ဆွေးနွေးခဲ့ကောင်း ဆွေးနွေးခဲ့မှာပါ။ ကျနော်တို့ ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါရဲ့ ကြီးမားတဲ့ ပုံရိပ် တစ်ခု အဖြစ် မြင်ယောင်မိပါတယ်” “ရော်နယ်ဒိုလို စူပါစတားတွေက လိဂ်ကို လူစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ဖို့ အရေးပါပါတယ်။ သူက နောက်ဆုံး ဆယ်စုနှစ် တစ်ခု အတွင်း အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် ကျနော်တို့ သူ့ကို မခေါ်ယူဖို့ လျင်လျင်မြန်မြန်ပဲ ငြင်းဆန်လိုက်ကြပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.