နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးနဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့်၊ လစ်ဗာပူးလ် ကွင်းလယ်လူကို အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မန်နဲ့ အင်တာမီလန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

မန်စီးတီးနဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့်၊ လစ်ဗာပူးလ် ကွင်းလယ်လူကို အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မန်နဲ့ အင်တာမီလန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးနဲ့ ဒုတိယအကျော့ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ လိုက်ပ်ဇစ် ကြယ်ပွင့်

လိုက်ပ်ဇစ်ရဲ့ အဓိက အားထားရတဲ့ ကြယ်ပွင့် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူဟာ ဒဏ်ရာ ပြဿနာကြောင့် မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ရှုံးထွက် ဒုတိယအကျော့ကို လွဲချော်ဖွယ် ရှိနေပါတယ်။

အသက် (၂၅) နှစ် အရွယ် ဒီကစားသမားဟာ ဒေါ့မန်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်မှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး လိုက်ပ်ဇစ် နည်းပြ မာကို ရို့စ် အတွက်တော့ အန်ကွန်ကူးရဲ့ ဒဏ်ရာက စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

မာကိုရို့စ်က ကျနော့် အနေနဲ့ အန်ကွန်ကူကို စောစောစီးစီး လူစားလဲခဲ့သင့်ကြောင်း၊ အခုတော့ အကျိုးဆက်တွေကို ခံစားရတော့မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ လိုက်ပ်ဇစ်နဲ့ မန်စီးတီး တို့ဟာ ပထမအကျော့ ဂျာမနီမြေမှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့ပွဲ ကတော့ နှစ်သင်းလုံး အတွက် အခွင့်အရေး ဆတူ ရှိနေတာ ဖြစ်ပါတယ်။


လစ်ဗာပူးလ် ကွင်းလယ်လူကို အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မန်နဲ့ အင်တာမီလန်

လစ်ဗာပူးလ် ကွင်းလယ်လူ နာဘီ ကီတာကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ စီးရီးအေ ကလပ် အင်တာမီလန် တို့က အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိနေတဲ့ နာဘီ ကီတာ

လစ်ဗာပူးလ် ကွင်းလယ်လူ နာဘီ ကီတာကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ စီးရီးအေ ကလပ် အင်တာမီလန် တို့က အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဂီနီယာ လက်ရွေးစင် ကွင်းလယ်လူဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိနေပြီး လက်ရှိအချိန်အထိလည်း အသင်းနဲ့ စာချုပ် သက်တမ်း တိုးမယ့် အနေအထားမျိုး မရှိသေးပါဘူး။

ဒေါ့မန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နာမည်ကျော် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို သေချာပေါက် လက်လွှတ်ရတော့မှာ ဖြစ်ပြီး အသက် (၁၉) နှစ်အရွယ် အဆိုပါ ကွင်းလယ်လူရဲ့ နေရာကို အားဖြည့်ဖို့ အခုကတည်းက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အသက် (၂၈) နှစ် အရွယ် ကီတာ ကလည်း လစ်ဗာပူးလ်မှာ ကစားခွင့် ရတိုင်း ခြေစွမ်းပြနိုင်ပေမယ့် သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းဆိုးတွေကြောင့် အင်္ဂလန်မြေမှာ ဆက်ရှိဖို့ မသေချာတော့တာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ပဲရစ် စိန့် ဂျာမိန်း
1X2 ဘိုင်ယန်မြူးနစ် @ 1.86
ဂိုးအောက် -1.00 @ 2.38
ဂိုးပေါင်း 4-6 @ 2.52
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးရဲ့ အဓိက,ကစားသမား တချို့ ဒေါ့မန်နဲ့ ပွဲကို ပါဝင်ကစားဖို့ မသေမချာ ဖြစ်နေ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် ကိုတော့ ချဲလ်ဆီးရဲ့ အဓိက,ကစားသမား (၃) ယောက် ဒဏ်ရာ ပြဿနာတွေကြောင့် လွဲချော်ဖို့ များနေပါတယ်။

ဒီကစားသမားတွေ ကတော့ ကွင်းလယ်လူ မေဆန် မောင့်နဲ့ နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရိစ် ဂျိမ်းစ် တို့ပဲ ဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဝမ်းဗိုက် အောက်ပိုင်း ဒဏ်ရာ ပြဿနာရှိနေပြီး ရိစ် ဂျိမ်းစ် ကတော့ တံကောက်ကြော ဒဏ်ရာ ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ကလည်း ဒူးဒဏ်ရာ ရရှိနေပြီး ဒေါ့မန်နဲ့ ပွဲကို ကျိန်းသေပေါက် လွဲချော်မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမအကျော့ အဝေးကွင်းမှာ ဒေါ့မွန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ မဖြစ်မနေ အနိုင်ကန်ဖို့ လိုအပ်နေပြီး ဒီကစားသမားတွေရဲ့ ဒဏ်ရာ ပြဿနာက နည်းပြ ဂရေဟမ် ပေါ်တာ အတွက်တော့ ခေါင်းကိုက်စရာ ဖြစ်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်