နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၁၃/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လီဂူးဝမ်း ကလပ်တွေကို အသီးသီး ပြောင်းရွှေ့သွားတဲ့ ဂလတ်ဘတ်ရဲ့ အဓိက ကစားသမား နှစ်ဦး

မိုနာကို အသင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် မိုချင်ဂလတ်ဘတ် တိုက်စစ်မှူး ဘရီးလ် အမ်ဘိုလို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဂျာမန် အခြေစိုက် Sky Sport ရဲ့ ဖော်ပြချက် အရ အသက် ၂၅ နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကစားသမားဟာ မိုနာကို အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ရက်ပိုင်း အတွင်းမှာပဲ အပြောင်းအရွှေ့ ပြီးမြောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

အမ်ဘိုလိုဟာ ၂၀၁၉ ခုနှစ်က ရှောလ်ကီ ကနေ ယူရို ၁၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မိုချင်ဂလတ်ဘတ် အတွက် အားထားရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၀၆ ပွဲ ကစားခဲ့ပြီး ၂၅ ဂိုး သွင်းယူခဲ့တဲ့ အမ်ဘိုလို ဟာ ဂလတ်ဘတ်နဲ့အ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူလည်း ဖြစ်ပါတယ်။ မိုနာကိုတို့ အမ်ဘိုလိုကို ပထမ အကြိမ် ယူရို ၂ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မိုချင်ဂလတ်ဘက်ရဲ့ ပယ်ချခံခဲ့ရပြီး ဒုတိယအကြိမ် ယူရို ၁၀ သန်းကျော်နဲ့ ထပ်မံ ကမ်းလှမ်းခဲ့ချိန် မှာတော့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

မိုနာကိုတို့ ချူအာမန်နီကို ရီးရဲယ်မက်ဒရစ် အသင်းထံ ယူရို သန်း ၈၀ နဲ့ ရောင်းချပြီးနောက် ရာသီသစ် အတွက် အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရှိနေပြီး ပြီးခဲ့တဲ့လ ကလည်း လစ်ဗာပူးလ် တိုက်စစ်မှူး တာကူမီ မီနာမီနို ကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။

ဆက်စပ် သတင်းတွေအရ မိုချင်ဂလတ်ဘတ်က နောက်ထပ် ဆွစ်ဇာလန် လက်ရွေးစင် တစ်ဦး ဖြစ်တဲ့ ဂိုးသမား ယန်ဆွမ်မား ဟာ လီဂူးဝမ်း ကလပ် နိုက်စ် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နာမည်ကြီး သတင်းစာ L’Equipe မှာတော့ အသက် ၃၃ နှစ် အရွယ် ယန်ဆွမ်မား ဟာ ရက်ပိုင်း အတွင်း ပြင်သစ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေပြီး မိုချင်ဂလတ်ဘတ်တို့ ဆွမ်မားရဲ့ အပြောင်းအရွှေ့ ကနေ ယူရို ၂.၅ သန်း ရရှိမှာလည်း ဖြစ်ပါတယ်။ ယန်ဆွမ်မားဟာ ၂၀၁၄ ခုနှစ်က ဆွစ်ဇာလန် ကလပ် ဘေဆယ် ကနေ ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ်တာ ကာလ အတွင်း မိုချင်ဂလတ်ဘတ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၃၂၄ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် ခံစစ် ကြယ်ပွင့်ကို မျက်စိကျနေတဲ့ ဂွာဒီယိုလာ

ဂျေလိဂ်
ရှီမီဇူ အက်စ် ပေါ့စ်
ယူရားဝါး ရဒ် ဒိုင်းမွန်း
1X2 သရေ @ 3.25
ဂိုးအောက် 2.00 @ 2.23
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာ အနေနဲ့ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ များနေတဲ့ နေသန် အေခီရဲ့ နေရာမှာ အစားထိုးဖို့ လိုက်ပ်ဇစ် နောက်ခံလူ ဂျော့စ်ကို ဂက်ဗာဒီယိုလ်ကို မျက်စိကျနေကြောင်း စပိန် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကမှ ခရိုအေးရှား ကလပ် ဒိုင်နမို ဇာဂရက်ဘ် ကနေ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့လာခဲ့တဲ့ ဂက်ဗာဒီယိုလ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက် တည်ငြိမ်ပြီး လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဂက်ဗာဒီယိုလ်ကို စတင် ခေါ်ယူခဲ့စဉ်က လိုက်ပ်ဇစ်ရဲ့ အားကစား ဒါရိုက်တာဟောင်း မားကပ်စ် ကရိုချီက လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ခံစစ် ကစားသမား တစ်ဦးကို ပိုင်ဆိုင်ခဲ့ပြီလို့တောင် ကြုံးဝါးခဲ့ဘူးပါတယ်။

အသက် ၂၀ အရွယ် ခရိုအေးရှား လက်ရွေးစင်ဟာ နောက်တန်း ဘယ်အစွန်မှာ သာမက ဗဟိုခံစစ် မှာပါ ကစားနိုင်တာကြောင့် ကစားသမား တစ်ဦးကို နေရာစုံ အသုံးပြုတတ်တဲ့ ဂွာဒီယိုလာ အတွက် သဘောကျစရာ ဖြစ်ပါတယ်။ ဂက်ဗာဒီယိုလ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ ပွဲ ကစားခွင့် ရခဲ့ပြီး ဒါဟာ အသက် ၂၁ နှစ်အောက် တခြားသော ကစားသမား အားလုံးထက် မိနစ် ပိုပြီး ကစားထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခရိုအေးရှား နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက တိကျ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၁၆၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ ဂျာမန် ပိုကယ်ဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဥရောပထိပ်သီး ကလပ် အများစုရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ အာကန်ဂျီ

ဒေါ့မန်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဆွစ်ဇာလန် ဗဟိုခံစစ်မှူး မန်ဝဲလ် အာကန်ဂျီ ကိုတော့ ဥရောပ ထိပ်သီး ကလပ် တချို့က ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ အာကန်ဂျီကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ ထိပ်သီး အင်တာမီလန် တို့က စိတ်ဝင်စားနေတယ်လို့ ဂျာမန် မီဒီယာ တချို့မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက် နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ်ဟာ ခံစစ်ပိုင်းထက် တိုက်စစ်နဲ့ ကွင်းလယ် ကိုသာ အဓိက အင်အား ဖြည့်တင်းဖို့ ကြိုးစားနေသလို အင်တာမီလန် ကလည်း ဘဏ္ဉာရေး အခြေအနေကြောင့် အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ၂၀၂၃ ခုနှစ် မှာသာ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အခု လောလောဆယ် အင်တာမီလန်တို့ ဒေါ့မန် နောက်ခံလူဟောင်း ဒန်အက်ဆဲလ် ဇာဂါဒူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရင်ဆုံး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Sky Germany ကတော့ အာကန်ဂျီရဲ့ ကစားပုံ၊ လုပ်ခလစာနဲ့ ကိုက်ညီတဲ့ အသင်းဟာ ဂျူဗင်တပ်စ် ဖြစ်ပြီး မားသီးယက်စ် ဒီလစ်ဂျ် အနေနဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် ခံစစ်လိုအပ်ချက်အရ ဆွစ်ဇာလန် လက်ရွေးစင်နဲ့ အစားထိုးသွားဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကူလီဘာလီဟာ ဂျူဗင်တပ်စ် အတွက် ပထမဦးစားပေး ပစ်မှတ် ဖြစ်နေတာကြောင့် နာပိုလီ အသင်းခေါင်းဆောင်ကို မရမှာသာ အာကန်ဂျီကို စဉ်းစားသွားမယ့် သဘော ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်