နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၂/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆဘက်ရှန် ဟယ်လာကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဒေါ့မန်

ဒေါ့မန် အသင်း ကတော့ အေဂျက်စ် တိုက်စစ်မှူး ဆဘက်ရှန် ဟယ်လာကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင် ဆေးစစ်မှု ပြုလုပ်သွားဖို့ ရှိနေတယ်လို့ 90 Minutes က ဖော်ပြပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ အာလင်း ဟာလန်းကို မန်ချက်စတာစီးတီး အသင်းထံ ရောင်းချခဲ့ပြီးနောက် တိုက်စစ် အင်အား ပြန်လည် ဖြည့်တင်းဖို့ အတွက် ပြီးခဲ့တဲ့လ အစောပိုင်းက ဆဲလ်ဘတ် ကြယ်ပွင့် ကာရင်မ် အဒီယီမီကို ခေါ်ယူထားခဲ့ပါသေးတယ်။

သတင်းတွေအရ ဆိုရင် ဒေါ့မန်တို့ အသက် ၂၈ နှစ် အရွယ် အိုင်ဗရီကို့စ် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀+အပိုဆုကြေး များစွာနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဆဘက်ရှန် ဟယ်လာ ဟာ ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ် အထိ ဖရန့်ဖတ် အသင်းမှာ ကစားခဲ့ဖူးပြီး ၇၇ ပွဲမှာ ၃၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဝက်စ်ဟမ်းမှာ ၂ ရာသီ ကစားခဲ့ပေမယ့် စုစုပေါင်း ၅၄ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သလို ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မှာတော့ နယ်သာလန် ကလပ် အေဂျက်စ်ကို ပြောင်းရွှေ့ခဲ့သွားခဲ့ပြီး ပြိုင်ပွဲစုံ အရပ်ရပ် ၆၆ ပွဲ ကစားပြီး ၄၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ် မှာလည်း ၈ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြခဲ့တာကြောင့် ဒေါ့မန် က အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန်တို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ရောင်းချရာ ကနေ ပေါင် ၆၃ သန်း ရရှိထားပြီး ကစားသမားသစ်တွေ ဖြစ်တဲ့ ဆဘက်ရှန် ဟယ်လာ အပါအဝင် ရှလော့တာဘက်ခ်၊ အဒီယီမီ၊ အော့ဇ်ကန် တို့ အတွက် စုစုပေါင်း ပေါင် သန်း ၇၀ ကျော် ပြန်လည် အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် အသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ မာနေး

ဘွန်ဒက်စ်လီဂါ ၁၀ နှစ်ဆက် ချန်ပီယံ ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေးကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားကြေညာလိုက်ပါတယ်။ လစ်ဗာပူးလ်တို့ ဘေယန်မြူးနစ် အသင်းရဲ့ တတိယ အကြိမ် ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၇.၄ သန်း၊ ပွဲကစားခွင့် ရရှိမှု အပေါ်မူတည်ပြီး ထပ်ဆောင်း ပေါင် ၅.၁ သန်းနဲ့ အောင်မြင်မှု အပေါ် မူတည်ပြီး ပေါင် ၂.၆ သန်း၊ စုစုပေါင်း ပေါင် ၃၅.၁ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ မနေ့က မြူးနစ်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ပြီး ဒီကနေ့ မနက်ပိုင်း မှာတော့ ဘေယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ တရားဝင် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဖူဟမ်
လီဗာပူးလ်
1X2 ဖူဟမ် @ 8.50
လီဗာပူးလ် အာရှ အကျောပေး +1.50 @ 2.04
ဂိုး‌ပေါ်် 3.25 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာနေးက ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သတ်လို့ “ကျွန်တော့်ရဲ့ အေးဂျင့်က ဘေယန်မြူးနစ်က စိတ်ဝင်စားနေတယ်လို့ ပြောလိုက်တဲ့ အချိန်မှာ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ကျွန်တော် ဘေယန်မြူးနစ် ကို ရောက်နေသလိုတောင် မျက်စိထဲ မြင်ယောင်မိသွားပါသေးတယ်။ ဘေယန်မြူးနစ်ဟာ ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားတဲ့ ကလပ် တစ်ခုပါ။ နောက်ပြီး ချန်ပီယံဆုတွေကို နှစ်တိုင်း စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်တာကြောင့် ကျွန်တော့် အတွက် အရမ်းကောင်းတဲ့ စိတ်ကူးနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားထားခဲ့ပါတယ်။

ဆက်လက်ပြီး ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ရောဘတ်လီဝမ်ဒေါစကီး ကိစ္စ ကိုတော့ ခေါင်းထဲ မထည့်ထားကြောင်း၊ သူ့အနေနဲ့ ဘေယန်မြူးနစ်မှာ ရှိတဲ့ ကစားသမားတိုင်းနဲ့ တွဲကစားဖို့သာ စဉ်းစားထားပြီး ဆုဖလားတွေ ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် မာနေးဟာ လစ်ဗာပူးလ်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၆၉ ပွဲမှာ ဂိုး ၁၂၀ သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မာနေးဟာ ကလော့ပ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဖလား အပါအဝင် ပြည်တွင်း ဆုဖလား အားလုံး ရရှိခဲ့ပြီး အဓိက ကတော့ လစ်ဗာပူးလ်တို့ နှစ်ပေါင်း ၃၀ ကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ကိုင်မြှောက်နိုင်ဖို့ အတွက် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


မာနေး ပြီးနောက် ဆာဆာ ကာလက်ဂျစ်ကို ထပ်မံခေါ်ယူဖို့ ကြိုးစားဦးမယ့် ဘေယန်မြူးနစ်

ဂျာမန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ်တို့ ဆာဒီယို မာနေးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် စတုဂတ် တိုက်စစ်မှူး ဆာဆာ ကာလက်ဂျစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Football Transfer မှာတော့ ဘေယန်မြူးနစ် တို့ အရပ်အမောင်း ၆ ပေ ၇ လက်မ ရှိတဲ့ ဩစတြီးယား လူငယ်တိုက်စစ်မှူးကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဆာဆာ ကာလက်ဂျစ်ဟာ စတုဂတ် အသင်း အတွက် ကစားပေးခဲ့တဲ့ ၅၇ ပွဲမှာ ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပထိပ်သီး အသင်း အများစုရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခံခဲ့ရပြီး လက်ရှိ မှာတော့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ တို့ဆီ ယူရို ၂၅ သန်းလောက်နဲ့ ရောက်ရှိဖို့ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်တို့ လာမယ့် ရာသီကုန် အထိ ရောဘတ် လီဝမ်ဒေါစကီးကို ဆက်ထိန်းထားပြီး မာနေးနဲ့ တွဲဖက် ကစားစေချင်ပေမယ့် ပိုလန် ကစားသမား ကတော့ အသင်းပြောင်းဖို့ပဲ စိတ်အား ထက်သန်နေတာကြောင့် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ထပ်မံ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်