ဩဂုတ်လ ၂၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ သတင်းတွေကို ငြင်းဆန်သွားတဲ့ ဖရန့်ဖတ် ဂိုးသမား ထရပ်
ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဘတ်က သူ့တို့ အသင်းရဲ့ ဂိုးသမား ကီဗင် ထရပ်ကို မန်ချက်စတာယူနိုက်တက်က ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဒါးဗစ် ဒက်ဟဲယား နေရာမှာ အစားထိုးဖို့ ဖရန့်ဖတ် အသင်းရဲ့ အသက် ၃၂ နှစ် အရွယ် ဂျာမန် ဂိုးသမား ကီဗင် ထရပ်ကို ချိတ်ဆက်နေတယ် ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
“ဖရန့်ဖတ်ကို ကျွန်တော် ရောက်ရောက်ချင်းမှာ ပြောခဲ့သလိုပါပဲ။ ဒီလို ကောလာဟလတွေ ထွက်လာရင် အမြဲတမ်း ဝမ်းသာရပါတယ်။ ဒါဟာ အသိအမှတ်ပြုမှု တစ်ခု ပါပဲ။ ဒါပေမယ့် ဒါတွေနဲ့ ပတ်သတ်လို့ ကျွန်တော် ဘာမှ မပြောနိုင်ပါဘူး” လို့ SportBild ရဲ့ ဆုပေးပွဲမှာ ထရပ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဖရန့်ဖတ်ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ မားကပ်စ် ခရိုချီ ကလည်း အခုအချိန်ထိ ယူနိုက်တက် ဘက်က ချိတ်ဆက်လာခြင်း မရှိသေးသလို ကမ်းလှမ်းမှုလည်း မရှိသေးကြောင်း ပြောကြားခဲ့ပြီး နည်းပြ ဖြစ်သူ အိုလီဗာ ဂလတ်စနာ ကလည်း ထရပ်ကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဟာသာဘာလင်နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာနိုင်တဲ့ ဒါဟွတ်ဒ်
Sky Sports ဂျာမနီရဲ့ ဖော်ပြချက်အရ ဒေါ့မန် ကွင်းလယ်လူ မာမွတ်ဒ် ဒါဟွတ်ဒ်ရဲ့ ပခုံး ဒဏ်ရာက ဆိုးရွားခြင်း မရှိတာကြောင့် ဟာသာဘာလင် ကစားမယ့် ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသက် ၂၆ အရွယ် ဂျာမန် ကွင်းလယ်လူဟာ လက်ရှိ အချိန်ထိ ဒေါ့မန်ရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာတော့ ပါဝင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
၂၀၁၇ ခုနှစ်က မိုချင်ဂလတ်ဘတ် ကနေ ပြောင်းရွှေ့လာခဲ့သူ မာမွတ်ဒ် ဒါဟွတ်ဒ်ဟာ လက်ရှိမှာ ဒေါ့မန်ရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်နေပြီး နည်းပြ အီဒင် တာဇစ် သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လေဗာကူဆင်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အိုဒွိုင်း
ချဲလ်ဆီး တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
လက်တလောမှာ ချဲလ်ဆီးနဲ့ လေဗာကူဆင်တို့ အကြား အိုဒွိုင်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကစားသမားရဲ့ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းကို နှစ်သင်း အကြား အချိုးကျ ပေးချေသွားဖို့ ဆက်လက် ညှိနှိုင်းလျက် ရှိကြောင်း သတင်းတွေက ဖော်ပြပါတယ်။
အိုဒွိုင်းဟာ ဖနောင့်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးနောက် ပုံမှန် ပွဲထွက်ခွင့်ရနိုင်မယ့် အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ ချဲလ်ဆီး ဘက်ကို တောင်းဆိုထားခဲ့ပြီး ဥရောပထိပ်သီး ကလပ် အများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် ချဲလ်ဆီး အနေနဲ့ လူငယ် ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ အီသန် အမ်ပါဒူကို စီးရီးအေ ကလပ် စပီဇီယာကို အငှားချဖို့ ပြင်ဆင်နေသလို နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ချာလိုဘာ့ရ် ကိုတော့ အင်တာမီလန်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.