စက်တင်ဘာ ၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဧည့်သည်အသင်းတွေ နိုင်ပွဲရခဲ့တဲ့ ဘွန်ဒက်စ်လီဂါ တနင်္ဂနွေည
မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်တွေ မှာတော့ ဧည့်သည် အသင်း နှစ်သင်းလုံး နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပါတယ်။ အော့စ်ဘတ်နဲ့ ဟာသာဘာလင်ပွဲမှာ ဧည့်သည် ဟာသာဘာလင်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဟာသာဘာလင် အတွက် ဂိုးတွေကို လူကေ ဘာကီယို၊ ရစ်ချာ တို့က သွင်းယူပေးခဲ့ပါတယ်။ ဟာသာဘာလင် ကတော့ ကစားပြီးခဲ့တဲ့ (၄) ပွဲမှာ (၁) ပွဲသရေ၊ (၃) ပွဲ ရှုံးခဲ့ပေမယ့် အခု ပွဲမှာတော့ သူတို့ အတွက် ဒီရာသီ ပထမဆုံး လိဂ်နိုင်ပွဲကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီတပတ်ရဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲ အဖြစ် ကစားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ မိန့်ဇ်တို့ရဲ့ ပွဲမှာလည်း မိန့်ဇ် ကပဲ မာတင်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မိုချန်ဂလာဘတ်က Last Defender အနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အီတာကူရာ တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
ပရိသတ်တွေကို ၁ နာရီခွဲကျော်ကြာ အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့တဲ့ မာနေး
ဘေယန်မြူးနစ် ကစားသမား ဆာဒီယို မာနေးဟာ အသင်းနဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေ ပြီးဆုံးသွားချိန်မှာ ပရိသတ်တွေနဲ့ အတူ တစ်နာရီခွဲကြာ အချိန်ဖြုန်းပေးခဲ့တယ်လို့ သိရပါတယ်။ မိနစ်အားဖြင့် မာနေးက ပရိသတ်တွေနဲ့ (၁၀၅) မိနစ်ကြာ အတူတကွ ပျော်ပျော်ရွှင်ရွှင် ရှိပေးခဲ့တာလည်း ဖြစ်ပါတယ်။
မာနေးဟာ ပရိသတ်တွေကို အမှတ်တရ လက်မှတ်ပေါင်း ထောင်ဂဏန်း ဝန်းကျင် အထိ ရေးထိုးပေးခဲ့တယ်လို့ သိရပြီး အမှတ်တရ ဓာတ်ပုံတွေလည်း အတူတကွ ရိုက်ကူးပေးခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့ပြီး ဟာသတွေလည်း ပြောဆို ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ အသင်းရဲ့ တခြားသော ကစားသမားတွေ ကလည်း ပရိသတ်တွေနဲ့ အတူ လေ့ကျင့်ခန်း အစီအစဥ် အပြီးမှာ အတူတကွ အချိန်ဖြုန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဘေယန်က ခေါ်ယူဖို့ ကြိုးစားချိန်မှာ လီဝမ်ဒေါစကီး အတွက် စိတ်မကောင်း ဖြစ်ခဲ့တဲ့ ဟာလန်း
လက်ရှိ မန်စီးတီး တိုက်စစ်မှူး အာလင်ဟာလန်းဟာ သူ့ကို ဘေယန်မြူးနစ်က ခေါ်ယူဖို့ ကြိုးစားချိန်မှာ အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အတွက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းကို မန်စီးတီး၊ ဘေယန်မြူးနစ် အပါအဝင် ဥရောပထိပ်တန်း အသင်းတွေက ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားခဲ့တာပါ။
ဒါပေမယ့် ဟာလန်း ကတော့ ဘွန်ဒက်စ်လီဂါကို စွန့်ခွာပြီး နယ်မြေသစ် ပရီးမီးယားလိဂ် မှာသာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘေယန်မြူးနစ်က သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ ဟာလန်းက “ဘေယန်မြူးနစ်က ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားချိန်မှာ လီဝန်ဒေါစကီး နေရာ ကနေ ဝင်စဥ်းစားပေး ဖြစ်ပါတယ်”
“သူက အဲ့ဒီအသင်း အတွက် ဂိုးဘယ်လောက် သွင်းခဲ့တယ်၊ ချန်ပီယံဆု ဘယ်လောက် ရယူပေးခဲ့တယ် ဆိုတာကို ကျနော် မသိပါဘူး။ ဒါပေမယ့် အဲ့ဒီနောက်တော့ လီဝမ်ဒေါစကီးအတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ တချိန်တည်းမှာပဲ သူ့ အတွက် ကစားသမားဘဝ နောက်တဆင့် တက်ဖို့ အခွင့်အရေး ရှိသွားပါတယ်။”
“သူ့အတွက်တော့ လေးစားမှု ကင်းမဲ့သလို ခံစားရနိုင်ပေမယ့် တချိန်တည်းမှာပဲ သူ့အတွက် အခွင့်အရေးလည်း ရသွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ် ကနေ အတင်းအကျပ် ဖိအားပေး ထွက်ခွာခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.