နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာဟင် နေရာမှာတန်ဟက်ဂ်နဲ့ အစားထိုးချင်နေတဲ့ ဒေ့ါမန် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါကလပ်ဒေါ့မန်ကတော့လက်ရှိနည်းပြနူရီဆာဟင်ကိုထုတ်ပယ်ပြီးတော့ယူနိုက်တက်နည်းပြဟောင်းအဲရစ်ခ်တန်ဟက်ဂ်နဲ့အစားထိုးဖို့စီစဉ်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။

အသက်၃၆နှစ်အရွယ်သာရှိသေးတဲ့ဒေါ့မန်ကွင်းလယ်ကစားသမားဟောင်းနူရီဆာဟင်ကတော့ပြီးခဲ့တဲ့နွေရာသီမှာအသင်းနဲ့လမ်းခွဲခဲ့တဲ့နည်းပြဖြစ်သူအီဒါတာဇစ်ရဲ့နေရာမှာအစားထိုးဝင်ရောက်ခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီရာသီမှာဒေါ့မန်ကရလဒ်ပိုင်းအားရစရာမရှိခြင်းနဲ့အတူနည်းပြနူရီဆာဟင်ကလည်းဖိအားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒေါ့မန်ဟာပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်မှာလည်းဖရန့်ဖတ်ကို၂ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။အဲဒီရှုံးပွဲဟာဒေါ့မန်အတွက်လက်ရှိရာသီဘွန်ဒက်စ်လီဂါမှာ၇ပွဲမြောက်ရှုံးနိမ့်ခဲ့တဲ့ပွဲလည်းဖြစ်ပြီးပွဲစဉ်၁၈အပြီးမှာတော့ရမှတ်၂၅မှတ်နဲ့အဆင့်၁၀နေရာမှာရပ်တည်နေပါတယ်။

အဲဒီရှုံးပွဲဟာဒေါ့မန်အတွက်လက်ရှိရာသီဘွန်ဒက်စ်လီဂါမှာ၇ပွဲမြောက်ရှုံးနိမ့်ခဲ့တဲ့ပွဲလည်းဖြစ်ပြီးပွဲစဉ်၁၈အပြီးမှာတော့ရမှတ်၂၅မှတ်နဲ့အဆင့်၁၀နေရာမှာရပ်တည်နေပါတယ်။
ပွဲစဉ်၁၈အပြီးမှာတော့ရမှတ်၂၅မှတ်နဲ့အဆင့်၁၀နေရာမှာရပ်တည်နေတဲ့ ဒေါ့မန်

ဒါကြောင့်နူရီဆာဟင်ကဖိအားတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရပြီးတော့ဒေါ့မန်နည်းပြရာထူးကနေထုတ်ပယ်ခံရတော့မယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ Sky Sports ရဲ့ဖော်ပြချက်အရဆိုရင်တော့ဒေါ့မန်တာဝန်ရှိတွေဟာလာမယ့်ဇန်နဝါရီ၂၁ရက်နေ့မှာကစားမယ့်ဘိုလော့ဂ်နာနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာရှုံးနိမ့်ခဲ့ရင်ဆာဟင်ကိုရာထူးကနေထုတ်ပယ်ဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။နူရီဆာဟင်ဟာဒီရာသီမှာဒေါ့မန်ကိုပြိုင်ပွဲစုံ၂၅ပွဲကိုင်တွယ်ထားရာမှာ၁၂ပွဲနိုင်၊၄ပွဲသရေ၊၉ပွဲရှုံးရလဒ်ရရှိအောင်စွမ်းဆောင်ထားပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်ဟာဆာဟင်ကိုရာထူးကနေထုယ်ပယ်ပြီးရင်တော့သူ့ရဲ့နေရာမှာမန်ချက်စတာယူနိုက်တက်နည်းပြဟောင်းအဲရစ်ခ်တန်ဟက်ဂ်ကိုအစားထိုးခန့်အပ်ဖို့စီစဉ်နေတာပါ။တန်ဟက်ဂ်ကတော့၂၀၂၄ခုနှစ်နိုဝင်ဘာမှာယူနိုက်တက်နည်းပြရာထူးကနေထုတ်ပယ်ခံရပြီးနောက်လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။အဲရစ်ခ်တန်ဟက်ဂ်နယ်သာလန်ကလပ်အေဂျက်စ်မှာဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပြီးတော့နိုင်ပွဲရာခိုင်နှုန်းလည်း၇၄ရာခိုင်နှုန်းအထိရရှိခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်တန်ဟက်ဂ်ဟာယူနိုက်တက်ကိုရောက်ရှိချိန်မှာဝေဖန်မှုများစွာနဲ့ရင်ဆိုင်ခဲ့ရပေမယ့်ခရာဘောင်ဖလားတစ်ကြိမ်နဲ့အက်ဖ်အေဖလားတစ်ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။တန်ဟက်ဂ်ဟာယူနိုက်တက်ကိုကိုင်တွယ်စဉ်မှာအနိုင်ရာခိုင်နှုန်း၅၆ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

ဒေါ့မန်ကတော့တန်ဟက်ဂ်အပြင်ဘွန်ဒက်စ်လီဂါပြိုင်ဘက်စတုဂတ်ရဲ့နည်းပြဟိုးနက်စ်ကိုလည်းစောင့်ကြည့်နေတယ်လို့သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်